DVB Logo
Home
မြန်မာသတင်း
ချောက်-လမ်းရွာရေနံမြေက တနှစ်အတွင်း ရေနံစည်ပေါင်း ၁ သိန်းကျော် တိုးမြှင့်ထုတ်လုပ်နိုင်
DVB
·
October 10, 2019
ချောက်-လမ်းရွာရေနံမြေက တနှစ်အတွင်း ရေနံစည်ပေါင်း ၁ သိန်းကျော် တိုးမြှင့်ထုတ်လုပ်နိုင်
1 / 3
Donate to DVB

ချောက်-လမ်းရွာရေနံမြေမှ အခုနှစ်အတွင်း ရေနံစည်ပေါင်း တသိန်းကျော်ကို တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့တယ်လို့  ချောက်-လမ်းရွာရေနံမြေ မန်နေဂျာရုံးက သိရပါတယ်။

ချောက်-လမ်းရွာရေနံမြေကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ တနှစ်အတွင်း ရေနံစိမ်း စည်ပေါင်း ၄၂၇၃၂၃ စည်ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ မှာ ရေနံစည် ၅၃၄၄၀၂စည် ထုတ်နိုင်ခဲ့လို့ တသိန်းကျော်တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့တာလို့ မန်နေဂျာရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

ချောက်-လမ်းရွာရေနံမြေမှာ ၂၀၁၇-၂၀၁၈ ခုနှစ်က တွင်းအသစ် ၁၁ တွင်း၊ တွင်းဟောင်းပြင် ၇ တွင်းနဲ့ သဲကြောတိုးချဲ့ သေနတ်ဖောက်ချင်း ၁၃ တွင်း ဆောင်ရွက်ခဲ့တာကြောင့် ပျမ်းမျှ ရေနံစည် ၅၉၆စည် တိုးမြှင့်ထုတ်လုပ်ခဲ့ပါတယ်။

 ၂၀၁၈-၂၀၁၉ ခုနှစ်မှာတော့ တွင်းအသစ် ၇ တွင်း၊ တွင်းဟောင်းပြင် ၁၅ တွင်း၊ သဲကြောတိုးချဲ့ သေနတ်ဖောက်ချင်း ၁၃ တွင်းနဲ့ တွင်းဟောင်းပြန်လည်ဖွင့်လှစ် ၂ တွင်း ဆောင်ရွက်ခဲ့လို့ ပျမ်းမျှ ရေနံစည်  ၈၂၆ စည် တို့မြှင့်လာတယ်လို့ ဆိုပါတယ်။ ၂၀၁၉-၂၀၂၀ မှာလည်း တွင်းသစ် ၇ တွင်း ထပ်တူးဖော်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

လက်ရှိချောက်-လမ်းရွာရေနံမြေမှာ ရေနံမြေ စတင်ပေါ်ပေါက်ချိန်မှ ယနေ့အထိ ရေနံတွင်းပေါင်း ၁၆၅၁ တွင်းတူးဖော်ခဲ့ပြီး ပိတ်ထားတဲ့ တွင်းပေါင်းက ၁၅၃၇တွင်းရှိပါတယ်။ လက်ရှိ ရေနံတွင်း ၁၁၂ တွင်းကနေ တရက်ကို  ရေနံစည်ပေါင်း ၁၄၀၀ ကျော် ထုတ်လုပ်နေပါတယ်။

သတင်း- ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013