DVB Logo
Home
မြန်မာသတင်း
သူဌေးကြီး ဂျော့ဆိုရော့ ရှမ်းပါတီ၊ ငြိမ်းချမ်းရေးအဖွဲ့များနှင့် တွေ့ဆုံ
DVB
·
January 7, 2013
သူဌေးကြီး ဂျော့ဆိုရော့ ရှမ်းပါတီ၊ ငြိမ်းချမ်းရေးအဖွဲ့များနှင့် တွေ့ဆုံ
Donate to DVB

ဘီလျံနာသူဌေးကြီး ဂျော့ဆိုရော့စ်နဲ့ တွေ့ဆုံရာမှာ တိုင်းရင်းသားအရေး ဦးစားပေး ဆွေးနွေးခဲ့တယ်လို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။

[caption id="attachment_35107" align="alignleft" width="300" caption="ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်"][/caption]

Open Society ဖောင်ဒေးရှင်း တည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ ဒီနေ့မက်ပိုင်းက ရန်ကုန်မြို့ ချက်ထရီရမ်ဟိုတယ်ကို လာရောက်ပြီး ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး အပါအ၀င် ပါတီဝင် ၂ ဦးနဲ့ တွေ့ဆုံခဲ့တာပါ။

နှစ်ဦးနှစ်ဘက် ဆွေးနွေးဖြစ်ခဲ့တာတွေကို အဖွဲ့ဝင်အဖြစ် လိုက်ပါသွားတဲ့ ပါတီရဲ့ ပညာရေးနဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ စိုင်းစံဖွန်ဆိုင်က “အခုလက်ရှိ နိုင်ငံရေးအခြေအနေတွေကို မေးတယ်။ ဥပမာ လက်ရှိ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေ၊ ကချင်နဲ့ပတ်သက်တာတွေ၊ နောက် မြန်မာ Peace Center အကြောင်းမေးတယ်။ ဥက္ကဋ္ဌကြီးက တိုင်းရင်းသားဆိုတော့ တိုင်းရင်းသားအရေး ကျောရိုးပြုပြီးတော့ တိုင်းရင်းသားအရေးဦးစားပေး ပြန်ပြောပြပေးပါတယ်။ ကချင်အရေး၊ ရခိုင်အရေးတွေအကုန်ပေါ့။ တိုင်းရင်းသားအရေးဟာ အရေးကြီးတယ်။ တိုင်းရင်းသားအရေးမပြီးရင် ဘယ်တော့မှ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်မှာမဟုတ်ဘူးပေါ့။ အဲဒါတွေကို ပြောပြပါတယ်။”

ဂျော့ဆိုရော့စ်ရဲ့ အခု ဒုတိယအကြိမ်မြောက် မြန်မာခရီးစဉ်ဟာ မြန်မာပြည်ဒီမိုကရေစီရေးအတွက် အကူအညီ ပေးနိုင်ဖို့ ပါတီတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နဲ့ လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံပြီး အချက်အလက်ယူတဲ့ သဘောမျိုး ဖြစ်နိုင်တဲ့ကြောင်းလည်း သူက သုံးသပ်ပြောပါတယ်။

ဂျော့ဆိုရော့စ်ဟာ ဇန်န၀ါရီလ ၄ ရက်ကတည်းက မြန်မာပြည်ရောက်ရှိနေတာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။

ဇန်န၀ါရီလ ၆ရက်ကတော့ မြန်မာငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Centre) က တာဝန်ရှိသူတွေနဲ့ သူဌေးကြီး ဂျော့ဆိုရော့စ်တို့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲတက်ခဲ့တဲ့ အမ်ပီစီအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးကတော့ ဆိုရော့စ်ရဲ့ဖောင်ဒေးရှင်း အကူအညီပေးရေး မူဝါဒပြောင်းဖို့ သူကိုယ်တိုင် လာရောက်တွေ့ဆုံ လေ့လာတာ ဖြစ်မယ်လို့ ပြောပါတယ်။

“OSI ရဲ့ ထောက်ပံ့တဲ့ပုံစံပြောင်းရတော့မယ်လို့ မြင်ပုံရတယ်။ အခု သူကိုယ်တိုင်လူတွေနဲ့ လိုက်တွေ့နေတယ်ဆိုတော့ ဒါတခါမှ မလုပ်ခဲ့ဖူးဘူး။ မြန်မာနိုင်ငံမှာ ပေးခဲ့တဲ့ သမိုင်းမှာ အတိုက်အခံနဲ့တွေ့တာတို့၊ အင်အားစုတွေနဲ့ တွေ့တယ်ဆိုတာ ရှားတယ်။ သူ့လက်အောက်မှာရှိတဲ့သူတွေနဲ့ပဲ တွေ့ကြတာလေ။ အခု သူကိုယ်တိုင် လိုက်တွေ့တယ်ဆိုတာဟာ လက်ရှိ ရှိနေတဲ့ ပေါ်လစီအပေါ်မှာ သူကိုယ်တိုင်ပါဝင်ပြီး ပြန်သုံးသပ်နေတယ်လို့ မြင်တယ်လေ။”

Open Society ဖောင်ဒေးရှင်းတည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက မြန်မာပြည်ကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးပေမယ့် အခုလို ပါတီတွေ၊ အဖွဲ့အစည်းတွေ စုံစုံလင်လင်နဲ့ တွေ့ဆုံသွားခြင်း မရှိခဲ့ပါဘူး။
သူ့ရဲ့ အခုခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းတို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013