
အလှကုန်လုပ်ငန်းရှင် အဆိုတော် နီနီခင်ဇော်နဲ့ မြန်မာလူငယ်လုပ်ငန်းရှင်တွေပါဝင်တဲ့ လူငယ်စကားဝိုင်းတခုကို လာမယ့် အောက်တိုဘာလ ၁၉ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပတာဖြစ်ပြီး ရန်ကုန်မြို့၊ Waterboom မှာ နေ့လည် ၁ နာရီကနေ ၄ နာရီထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းမှာတော့ အနုပညာရှင်အဖြစ်သာမက Super Red အမှတ်တံဆိပ် အ လှကုန်တွေနဲ့ အောင်မြင်တဲ့ လုပ်ငန်းရှင်တယောက်ဖြစ်လာခဲ့တဲ့ နီနီခင်ဇော်နဲ့အတူ Myanmar Imperial University တည်ထောင်သူ မပို့ပိုကြည်၊ ဆူဇူကီးကားတင်သွင်းတဲ့ KL Seven ကား Showroom ရဲ့ ပဲ့ကိုင်ရှင် ကိုကြည်သာဟန်နဲ့ Rangoon Tea House တည်ထောင်သူ ကိုထက်မြက်ဦးတို့က ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ ဖုန်းနံပတ် ၀၉ ၂၆၆ ၅၅၉ ၃၂၂၊ ၀၉ ၂၆၆ ၅၅၉ ၃၂၃ တို့မှာ ဆက်သွယ်မှတ်ပုံတင်ရမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။











