DVB Logo
Home
မြန်မာသတင်း
ဧည့်သည်သီချင်းကို တင်ဇာမော်နှင့် အတူတွဲဆိုပြခဲ့သည့် ဖွေးဖွေးစံ ရုပ်သံကြည့်ရှုသူ ၃ သန်းနီးပါးရှိနေ
DVB
·
October 9, 2019
ဧည့်သည်သီချင်းကို တင်ဇာမော်နှင့် အတူတွဲဆိုပြခဲ့သည့် ဖွေးဖွေးစံ ရုပ်သံကြည့်ရှုသူ ၃ သန်းနီးပါးရှိနေ
Donate to DVB

       “မနက်အာရုံတွေထဲနိုးထ… အရင်လို နေရာဟောင်းလေးမှာ… မျှော်လင့်ချက်တို့ အသစ်တစ်ဖန်… ပြန်လည်ပြီးတော့ဖြစ်ပါ့မလား… ကိုယ့်အိမ်အပြင်မှာ တံခါးခေါက်သလား… ဝင်လာပါလို့ မပြောရက်ပါ… ဒီအိမ်လေးထဲ မင်းရဲ့အရင်… ပိုင်ဆိုင်သူတယောက် ရှိနှင့်ပြီးသား”

       ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တေးသံရှင် တင်ဇာမော်ရဲ့ နာမည်ကြီးသီချင်းတပုဒ် ဖြစ်တဲ့ ဧည့်သည်သီချင်းထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

       ဒီသီချင်းကို သီချင်းဆိုပြိုင်ပွဲတွေ အတော်များများမှာ သီဆိုပြိုင်ပွဲဝင်သူတွေ အတော်များများ က ရွေးချယ်လေ့ ရှိကြပါတယ်။

       ဒီတခါမှာလည်း လက်ရှိကျင်းပနေတဲ့ Myanmar Idol Season 4 ရဲ့ စင်မြင့်ပေါ်မှာ အစွမ်းပြသီဆိုနိုင်သူတဦး ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

       “ဘယ်လိုမှပြင်ဆင်လို့လဲမရ… ငါ့ရဲ့အချစ်နဲ့ဘဝကိုလည်း… သိမ်းဆည်းပြီးတော့ ထား… အိပ်မက်တွေကိုနင်မက်ဆဲလား… ခုတော့ မင်းပြန်ပါ… ပြောလို့မထွက်နိုင်သေး တဲ့ ခဏ”

       ပညာသားပါပါ သီဆိုအစွမ်းပြမှသာ ရုပ်လုံးပေါ်နိုင်မယ့် ဒီသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့သူက တော့ ကျုံပျော်မြို့က လာရောက်ယှဉ်ပြိုင်တဲ့ အသက် ၂၀ အရွယ်ကျောင်းသူလေး ဖွေးဖွေးစံပဲ ဖြစ်ပါတယ်။

       သူ့ရဲ့သီဆိုယှဉ်ပြိုင်မှုဟာ ဒိုင်တွေ အားလုံးကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ဒိုင်တဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ မူရင်းအဆိုတော်ရဲ့ လောင်းရိပ်အောက်ကလွတ်အောင် ကိုယ်ပိုင်ဟန်နဲ့ ဆိုနိုင်တယ်လို့ ချီးကျူးခဲ့တာပါ။

       အောင်ကိုလတ်ကတော့ ခုလိုအသက်အရွယ်မှာ ဆိုနိုင်တဲ့ စွမ်းအားက တကယ် ကောင်းတယ်လို့ ပြောလိုက်တာပါ။

       အဲဒီနောက်မှာတော့ သူ့ကို အဆုံးအဖြတ်မပေးခင်မှာ တင်ဇာမော်က သူနဲ့အတူ သီဆိုဖို့ ထူးထူးခြားခြား တောင်းဆိုခဲ့ပြီးနောက်မှာတော့ ၂ ဦးသား ပိုင်ပိုင်နိုင်နိုင်သီဆိုပြခဲ့တာကို တွေ့ရပါတယ်။

       Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ပြီး Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင် ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။

အခုနှစ်ရဲ့ Myanmar Idol Season 4 ကိုတော့ လက်ရှိကျင်းပနေပြီဖြစ်ကာ  တေးသံရှင် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က ဒိုင်တွေအဖြစ် ပါဝင်နေကြတာ ဖြစ်ပါတယ်။

       “ဝင်လာပါ ခေါ်လို့မဖြစ်တဲ့ဘဝ… ပြန်ပါကွာ နှင်မပစ်ရက်တဲ့ခဏ… တွေဝေစွာ ငါ့ အခန်းလေးထဲမှာ… အိမ်အပြင်မှာ သူရပ်စောင့်နေလား… နာကျင်စွာ ကြေကွဲရင်းခံစား တွေဝေစွာ ငါ့အခန်းလေးထဲမှာ… တွေဝေစွာ”

       လတ်တလောမှာတော့ ဖွေးဖွေးစံနဲ့ တင်ဇာမော်တို့ အတူတွဲ သီဆိုထားကြတဲ့ ရုပ် သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013