DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှုရုံးချိန်းတွင် ယာဉ်မောင်း အောင်ကြီးအာမခံရရေး လျှောက်လဲချက်တင်မည်
DVB
·
October 9, 2019
ဗစ်တိုးရီးယားအမှုရုံးချိန်းတွင် ယာဉ်မောင်း အောင်ကြီးအာမခံရရေး လျှောက်လဲချက်တင်မည်
Donate to DVB

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ယာဉ်မောင်း အောင်ကြီးအတွက် အာမခံလျှောက်လဲချက်ကို ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့ ရုံးချိန်းမှာ တင်သွားမယ်လို့ အောင်ကြီးရဲ့ရှေ့နေ  ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒီကနေ့ ကျနော်တို့ အရင်အချိန်းက တင်ထားတဲ့ ကိုအောင်ကြီးအတွက် အာမခံအတွက်  လျှောက်လဲချက်ကို ကျနော်တို့ နှုတ်နဲ့စာနဲ့ ရေးတင်ပြီးတော့ ပေးရမှာပေါ့။ အဲဒီလျှောက်လဲချက်က တော့ ဖွင့်ပြီးပေးရမလား၊ ပြီးမှ ပေးရမလားဆိုတာကတော့ တရားသူကြီးက ဆုံးဖြတ်ရမယ့်ကိစ္စ ပေါ့။”

အာမခံလျှောက်လဲချက်ကိုတော့ လက်ခံသည်ဖြစ်စေ၊ ပယ်သည်ဖြစ်စေ၊ နောက်တချိန်း အထိ စဉ်းစားမှာဖြစ်တယ်လို့ ပြောပါတယ်။ 

ဒီနေ့ရုံးချိန်းမှာ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှုး ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ကျောင်းရဲ့ ယာဉ်မောင်း ၂ နှစ်ဦးကို စစ်ဆေးသွားမယ်လို့လည်း အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“တရားလိုပြသက်သေ သုံးယောက်၊ ရဲအုပ်ရန်နောင်စိုးရယ်၊ နောက်ပြီးတော့ ကျောင်းက ကားသမား နှစ်ယောက်ပေါ့နော်။ အဲဒီ သုံးယောက်ကို စစ်ဖို့ပေါ့။ နောက်တခါ အချိန်ရရင် သော်လည်းကောင်း၊ သူအဆင်ပြေရင်သော်လည်းကောင်း ဟိုတချိန်းတုန်းက မစစ်ရသေးတဲ့ စီစီတီဗွီကိုင်တယ်ဆိုတဲ့ ကိုရန်နောင်ဌေး Wisdom Hill  အဲသူ့ကို စစ်ပါမယ်။”

 ပြီးခဲ့တဲ့ ရုံးချိန်းမှာ စစ်ဆေးဖို့ ကျန်ခဲ့တဲ့ သက်သေတွေကိုလည်း ဒီနေ့ရုံးချိန်းမှာ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013