DVB Logo
Home
မြန်မာသတင်း
ကျွန်းစုမြို့နယ် ၀ဲကျွန်းရွာတွင် အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်း
DVB
·
January 7, 2013
Donate to DVB

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကတန်းမြို့သစ် ဝဲကျွန်းကျေးရွာမှာ  ဇန်နဝါရီ ၆ ရက်နေ့ နေ့ခင်းပိုင်းက မီးလောင်မှုတခုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၃၀ ကျော် မီးဘေးသင့်ခဲ့ပါတယ်။

ဝဲကျွန်းရွာသားတဦးက “အိမ်ခြေလောင်တာ ၃၀ ပါ။ မီးကူးခံရတာ ၂ လုံး ပါ။ နေ့ခင်း ၁၂ နာရီ ၁၅ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၁ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ကျေးရွာပြည်သူလူထု အင်အား ၂၀၀ လောက်နဲ့ ၀ိုင်းငြှိမ်းသတ်နိုင်ခဲ့တယ်။ လောလောဆယ် ယာယီစခန်းကို စာသင်ကျောင်းမှာ ဖွင့်ထားပေမယ့် လက်ရှိ အိမ်က ရွာရဲ့ ၃ ပုံ ၁ ပုံ လောင်သွားတဲ့အတွက် နီးစပ်ရာ ဆွေမျိုးသားချင်းတွေ အိမ်မှာပဲ နေမယ်ဆိုတော့ အဲလိုလုပ်ထားရတယ်။ ကယ်ဆယ်ရေးအနေနဲ့ မနက်ပိုင်းမှာ ဆန်တွေ တအိမ်ထောင်စုကို တပိုင်းနှုန်း (အိတ်တ၀က်) နဲ့ ဝေပေးပြီးပြီ။ စားစရာသောက်စရာတွေလည်း ဝေပေးပြီးပြီ။ ညနေကျ ဆက်ဝေမယ့် အစီအစဉ်လည်း ရှိပါတယ်။ လောလောဆယ် ကယ်ဆယ်ရေးပစ္စည်းတွေလည်း ရောက်နေတယ်။ ပြည်ခိုင်ဖြိုး၊ အန်အယ်လ်ဒီနဲ့ မြို့နယ်ရုံးကလည်း လာပေးတယ်။”

ဝဲကျွန်းကျေးရွာမှာ အိမ်ခြေပေါင်း ၁၅၀ ကျော်ရှိတဲ့ အနက် ၃၀ ကျော် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးဘေးသင့်သူတွေကတော့ နီးစပ်ရာ ဆွေးမျိုးတွေရဲ့နေအိမ်မှာပဲ ခိုလှုံနေကြတယ်လို့ လည်း အဲဒီ ရွာသားက ပြောပါတယ်။

ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပေမယ့် အသေးစိတ်ကို မသိရဘူးလို့ သူက ပြောပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီး နက်ဖြန်မှာ သွားရောက်ကြည့်ရှုမယ်လို့လည်း အဲဒီရွာသားက ပြောပါတယ်။

မီးဘေးသင့်သူတွေအနေနဲ့ လတ်တလော အစားအသောက်အတွက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက လာရောက်ကူညီနေပေမယ့် အိမ်ပြန်ဆောက်ဖို့အတွက် သံနဲ့ သွပ် အစရှိတဲ့ အိမ်ဆောက်ပစ္စည်း အကူအညီတွေ လိုအပ်နေတယ်လို့လည်း အဲဒီရွာသားက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013