DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် တရားမဝင်ငါးဖမ်းလှေ ၃ စီးနှင့် စည်းကမ်းပျက် ရေယာဉ် ၅ စီးကို ဖမ်းဆီး
DVB
·
October 9, 2019
တနင်္သာရီတွင် တရားမဝင်ငါးဖမ်းလှေ ၃ စီးနှင့် စည်းကမ်းပျက် ရေယာဉ် ၅ စီးကို ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်းအတွင်း ပင်လယ်ပြင်မှာ စက်တင်ဘာလ လဆန်းကနေစပြီး အောက်တိုဘာ ၉ ရက်အထိ တရားမဝင်ရှပ်ငုပ်လှေ ၃ စီးနဲ့ စည်းပျက် တရွတ်ဆွဲ ငါးဖမ်း ရေယာဉ် ၅ စီးတို့ကို ဖမ်းဆီးအရေးယူထားတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနက ပြောပါတယ်။ 

ပုလောမြို့နယ်အတွင်းက ရေပြင်မှာ တရားမဝင် ရှပ်ငုပ်ငါးဖမ်းလှေ ၃ စီး၊ ကမာကျွန်း အနောက်ကမ်းနီးရေပြင်မှာ စည်းပျက် တရွတ်ဆွဲငါးဖမ်းရေယာဉ် ၃ စီးနဲ့ ထိုက်မြင့်ကျွန်းမြောက်ဖက် ကမ်းနီးရေပြင်မှာ စည်းပျက် တရွတ်ဆွဲ ငါးဖမ်းရေယာဉ် ၂စီးကို ဖမ်းဆီးခဲ့တာပါ။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမဝင် လှေတွေကို မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေအရ အမှုဖွင့်ထားပြီး ရေလုပ်သား ၁၅ ဦးကိုလည်း ပုလော မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထား ပါတယ်။ 

စည်းပျက်တရွတ်ဆွဲ ရေယာဉ် ၁ စီးကို ပထမအကြိမ်ဖမ်းမိရင် ဒဏ်ငွေ ကျပ်သိန်း၃၀ နဲ့ ၃လ ငါးဖမ်းခွင့် ရပ်နားမှာဖြစ်ပြီး ဒုတိယအကြိမ်ဖမ်းမိရင်တော့ ကျပ်သိန်း ၆၀ နဲ့ ၆လ ငါးဖမ်းဆီးခွင့် ရပ်နားမှာပါ။  တတိအကြိမ် ဖမ်းဆီးရမိခဲ့ပါက ရေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်သူဘဏ္ဍာအဖြင့် သိမ်းဆည်းမှာဖြစ်တယ်လို့ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနက သိရပါတယ်။ 

၂၀၁၈ အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ်စက်တင်ဘာလအထိ တရားမဝင်လိုင်စင်မဲ့ ရေယာဉ် ၃၅ စီး၊ စည်းပျက်ရေယာဉ် ၆၈ စီးနဲ့ တားမြစ်ငါးဖမ်းကိရိယာ ၂ ခုကို ဖမ်းဆီး ထားပါတယ်။  

သတင်း - တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013