DVB Logo
Home
Lead Story
အဆိုတော် Jewel ပြောပြတဲ့ ဂီတဖြတ်သန်းမှုအကြောင်း မေးမြန်းချက် (ရုပ်သံ) 
DVB
·
October 8, 2019
အဆိုတော် Jewel ပြောပြတဲ့ ဂီတဖြတ်သန်းမှုအကြောင်း မေးမြန်းချက် (ရုပ်သံ) 
Donate to DVB

အဆိုတော် Jewel ဟာ ၂၀၁၂ မယ်လိုဒီဝေါ့လ်ကနေ ဒုတိယဆုရရှိခဲ့ပြီး ဂီတလောကထဲဝင်ရောက်လာသူပါ။  The Massage သီချင်းနဲ့ ပရိသတ်ရဲ့အားပေးမှုကို အခိုင်အမာ ရရှိပြီး Jewel ဆိုတဲ့နာမည်ကို လူသိများ အောင်မြင်လာခဲ့သူဖြစ်ပါတယ်။ 

သူ့ရဲ့ဂီတဖြတ်သန်းမှု အစနဲ့ပတ်သက်ပြီး  အဆိုတော် Jewel ကို ဒီဗွီဘီက သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

“ကျနော် ငယ်ငယ်ကတည်းက ၅ တန်းလောက်ကတည်းက သီချင်းစဆိုတယ်ပေါ့နော်။ အဲဒါကတော့ ဆိုကရေးတီး ကျောင်းကိုယ်စားပြု၊ တိုင်းကိုယ်စားပြု ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေပေါ့။ အဲဒီမှာ ကျနော် ၅၊ ၆၊ ၇၊ ၈ အထိပြိုင်တယ်။ ၉တန်း၊ ၁၀ တန်းမှာ နားတယ်။ နောက်ပြီးတော့ တက္ကသိုလ်တက်တဲ့အချိန်မှာလည်း ထပ်ပြိုင်တယ်။ ဆိုတော့ ကိုယ်တတ်နိုင်သလောက် ဆုလေးတွေ လည်း ယူခဲ့တယ်ပေါ့နော်။ ပြီးတော့ ၂၀၁၂ မတိုင်ခင် ၂၀၁၀ မှာတော့ မြန်မာစူပါစတားဆိုပြီးတော့ မြန်မာဂီတက လုပ်တဲ့ပွဲတွေ အဲဒီမှာလည်း ပြိုင်ခဲ့ဖူးတယ်။ အဲဒီမှာလည်း Top 10 list ထဲမှာလည်းပါတယ်ပေါ့နော်။ ဒီ ၂၀၁၂ မှာကျတော့ ကျနော် မယ်လိုဒီဝေါ့လ်လည်ပြိုင်ရင်းနဲ့ မန္တလေးဂီတမိတ် ကနေပြီးတော့ ရန်ကုန်ဂီတမိတ်ကို စကောလာရတဲ့အတွက် လာခဲ့တယ်။ အဲဒီမှာ မယ်လိုဒီဝေါလ်ပြိုင်ရင်းနဲ့ သီဆိုဖြစ်တယ်ပေါ့။”

“၂၀၁၂ က ဘယ်လိုဖြစ်လဲဆိုတော့ အခုက အွန်လိုင်းခေတ်ပေါ့နော်။ အဲဒီတုန်းက ကိုယ်လိုလည်းအဲလောက်ထိ မသုံးဖြစ်ဘူး။ ကျွမ်းလည်းမကျွမ်းဘူးပေါ့နော်။ အဲဒါတွေကြောင့်လည်း ပါမယ်ထင်တာပေါ့။ ဒါပေမယ့် အဲဒီကတည်းကတော့ ကျနော်က ဒီအလုပ်ကိုပဲ ဆက်လုပ်မြဲပဲ။ ၂၀၁၂ ဂီတမိတ်မှာဆက်တက်ပြီးတော့ ၂၀၁၄ မှာ Myanmar Got Talent မှာလည်း ထပ်ပြိုင်တယ်ပေါ့ နော်။ အဲလို လှုပ်ရှားမှုလေးတွေတော့ ရှိတာပေါ့။ ရှိပြီးတော့ Massage ကို ၂၀၁၆ လောက်မှာ ကျနော်စပြီးတော့ လုပ်ဖြစ်တယ်။ ၂၀၁၇ လောက်မှာ မသိသေးဘူး၊ ဖြည်းဖြည်းချင်း သိလာခဲ့တယ် ထင်တယ်။ အဲဒီကနေပြီးတော့ ‘မိုးလေးဖွဲတုန်း’ ကလည်း အဲဒီစပ်ကြားမှာ လုပ်သွားတာပေါ့နော်။”

၂၀၁၂ ကနေပြီးတော့ အခု ၂၀၁၉  ခုနှစ်အထိ ပြီးခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်း   ကိုယ်ပိုင်သံစဉ်တေးတွေနဲ့ ပြန်ဆိုတေးသီးချင်းတွေ သီဆိုဖြစ်တဲ့ အကြောင်းကိုလည်း Jewel  က ဆက်လက် ပြောထားပါတယ်။ 

“ခန့်မှန်းခြေကတော့ ၆၀ ကျော်လောက်တော့ ရှိသွားပြီထင်တယ်။ music ဗီဒီယိုက ရိုက်တော့ရိုက်တယ်။ ဒါပေမယ့် အယ်လ်ဘန်လိုမျိုးကြီး ဒီဗွီဒီ ထွက်လာဖို့တော့ မရှိသေးဘူးလို့ ထင်တယ်။ လောလောဆယ်တော့ အွန်လိုင်းမှာပဲ musis vedio တွေ တင်ထားတယ် ပေါ့နော်။ တပုဒ်ချင်းစီပေါ့။ လောလောဆယ်တော့ ၂ ပုဒ်လောက်ပဲ တင်ရသေးတယ်။ ထပ်ပြီးတော့ ရိုက်ဖို့လည်း ကြိုးစားနေပါတယ်။”

ဂီတလောက အလွှာဆိုတာကို ခွဲခြားထားမှုမရှိပေမယ့် လက်ရှိဂီတအနုပညာရှင်တိုင်း က copy right ပြဿနာနဲ့ အခက်အခဲဖြစ်နေတယ်လို့ လည်း Jewel က ပြောပါတယ်။

“music က အလွှာခွဲတာတော့ မရှိဘူး။ ဒါပေမယ့် အမျိုးအစားပဲကွဲမှာပေါ့နော်။ အလွှာ အနေအထားအရကတော့ မကွဲလောက်ဘူး။ ဒါပေမယ့်လည်း ကျနော်တို့ဆီမှာ အခက်အခဲ တခုဖြစ်နေတာကတော့ အဖွဲ့လိုက်ကြီးဒုက္ခရောက်တယ်ဆိုတာကတော့ copy right ကိစ္စမျိုးတွေမှာ ကျနော်တို့က အရမ်းကြီး knowledge နည်းနေသေးတာပေါ့နော်။ ဆိုတော့ ဒီ copy right ကိစ္စကို အကုန်လုံးတတ်ကျွမ်းတဲ့သူတွေနဲ့ သေသေချာချာလေး ဂီတက လူတွေအကုန်လုံးစည်းစည်းလုံးလုံး လေးဖြစ်မယ်ဆိုရင်တော့ များကြီးထပ်ပြီးတော ပြောင်းလဲပြီးတော့ အခုန ပြောသလို အများကြီးဒုက္ခရောက်တာမျိုးလည်း ဖြစ်ချင်မှ ဖြစ်မှာပေါ့နော်။ ”

အဆိုတော်  Jewel နှင့် တွေ့ဆုံမေးမြန်းချက် ရုပ်သံ---- 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013