DVB Logo
Home
မေးမြန်းခန်း
ကချင်စစ်ပွဲရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် ကေအန်ယူ တိုက်တွန်း
DVB
·
January 6, 2013
ကချင်စစ်ပွဲရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် ကေအန်ယူ တိုက်တွန်း
Donate to DVB

နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်န၀ါရီ ၅ ရက်နေ့ ညနေပိုင်းက သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့နဲ့ ကချင်ထိုးစစ်ရပ်ဆိုင်းဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။ ဇန်န၀ါရီ ၆ ရက်နေ့မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ရေးကိစ္စတွေ ဆွေးနွေးကြပြီး ရန်ကုန်မြို့က ကရင်ရပ်မိရပ်ဖတွေ၊ လူမှုအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအန်ယူကိုယ်စားလှယ်အဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး ၂ - ပဒိုမန်းမန်းနဲ့ ဆက်သွယ် မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013