DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးကို အလွန်ဆိုးဝါးစွာ ထိခိုက်နိုင်သဖြင့် E-စီးကရက် မသောက်ကြရန် သတိပေး
DVB
·
October 7, 2019
ကျန်းမာရေးကို အလွန်ဆိုးဝါးစွာ ထိခိုက်နိုင်သဖြင့် E-စီးကရက် မသောက်ကြရန် သတိပေး
Donate to DVB

E-စီးကရက် သောက်သုံးတာဟာ စီးကရက်၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထုတ်ကုန်ပစ္စည်းတွေလိုမျိုး ကျန်းမာရေးကို အလွန်ဆိုးဆိုးရွားရွား ထိခိုက်နိုင်တဲ့အတွက် အသုံးမပြုကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

E-စီးကရက်မှာ နီကိုတင်းဓာတ်တွေ လွန်လွန်ကဲကဲ ပါနေပြီး E-စီးကရက်သောက်တာဟာ ဆေးလိပ်နဲ့ စီးကရက်သောက်သလိုပဲ အန္တရာယ်ရှိတာကြောင့် လုံးဝ ရှောင်ကြဉ်ကြဖို့ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ တာဝန်ရှိသူက ပြောပါတယ်။

ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက “ဒါကတော့ ကမ္ဘာ့ကျန်းမာရေးဌာနကလည်း ပြောနေပြီ။ အခု လူတွေက စီးကရက်မသောက်ဘဲ E-စီးကရက်သောက်တာက အန္တရာယ်ကင်းတယ်ထင်နေလားမသိပါဘူး။ ကျနော်တို့ဆီမှာလည်း တော်တော်များများတွေ့နေရလို့ ဝန်ကြီးဌာနကိုတင်ပြ အတည်ပြုချက်ယူပြီး အခုလို ထုတ်ပြန်လိုက် တာပါ” လို့ ပြောပါတယ်။ 

E-စီးကရက်ဆိုတာက ဆေးရည်တမျိုးမျိုးကို ထည့်သွင်းပြီး လျှပ်စစ်နဲ့ အပူပေးလို့ ထွက်လာတဲ့အငွေ့ကို စီးကရက်လို ရှူရှိုက်လို့ရတဲ့ ကိရိယာဖြစ်ပါတယ်။

သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက နီကိုတင်းဓာတ်တွေ လွန်လွန်ကဲကဲ ပါနေပြီး လူငယ်တွေအတွက် ဦးနှောက်ဖွံ့ဖြိုးတာကို ထိခိုက်စေတာ၊ အာရုံစူးစိုက်နိုင်အားကျလာတာ၊ သင်ယူနိုင်စွမ်းရည် နည်းလာတို့ ဖြစ်ပါတယ်။

“ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ တွေ့ရှိချက်တွေအရ E-စီးကရက်ဟာလည်း ဆေးလိပ်၊ ဆေးရွက်ကြီးတွေနဲ့တန်းတူ အန္တရာယ်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကိုတော့ သုတေသန လုပ်ရဦးမယ်။ ဒါပေမယ့် ခုက အရပ်ထဲမှာလည်း (သောက်သုံးသူ) တော်တော်များများ တွေ့နေရတယ်” လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

E-စီးကရက်အငွေ့မှာ သတ္တုဓာတ်တွေ၊ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ တခြားဓာတုပစ္စည်းတွေ ပါဝင်နေတာပါ။ ဒီဓာတုပစ္စည်းတွေက ရေရှည်မှာ အဆုတ်ကို ထိခိုက်ပျက်စီးစေသလို နောက်ဆက်တွဲ ကင်ဆာရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်တယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013