DVB Logo
Home
မြန်မာသတင်း
မျက်ရည်တွေနဲ့ မြန်မာအိုင်ဒေါ Audition အဆင့်ကို ဖြတ်နိုင်ခဲ့သည့် အလှမယ် ခြူးစစ်ဟန်(ရုပ်သံ)
DVB
·
October 7, 2019
မျက်ရည်တွေနဲ့ မြန်မာအိုင်ဒေါ Audition အဆင့်ကို ဖြတ်နိုင်ခဲ့သည့် အလှမယ် ခြူးစစ်ဟန်(ရုပ်သံ)
Donate to DVB

ပြီးခဲ့တဲ့ သောကြာနေ့ည မြန်မာအိုင်ဒေါရဲ့ Audition အဆင့်မှာတော့ ရွက်ပုန်းသီး ဝါသနာရှင်တွေနဲ့အတူ နာမည်ကြီး မော်ဒယ်အနုပညာရှင်တွေ အများအပြား ပါဝင်လာခဲ့ ကြတာကို တွေ့ရပါတယ်။

အဲဒီထဲက တယောက်ဖြစ်တဲ့ ခြူးစစ်ဟန်ကလည်း ဒီအဆင့်မှာ ပါဝင်လာခဲ့ပြီး ဒိုင်တွေဆီက Golden Ticket ကို ဝမ်းနည်းမျက်ရည်တွေနဲ့ ရရှိသွားခဲ့တာပါ။

ခြူးစစ်ဟန်ဟာ ၂၀၁၅ ခုနှစ် Face of Beauty Myanmar အလှမယ်တဦးဖြစ်ပြီး လက်ရှိမှာလည်း မော်ဒယ်၊ သရုပ်ဆောင်၊ အဆိုတော်တဦးအနေနဲ့ အနုပညာလှုပ်ရှားမှု တွေ လုပ်ဆောင်နေတာပါ။

ခုပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Audition အဆင့်မှာတော့ ခြူးစစ်ဟန်က နာမည်ကြီးအဆိုတော် အိုင်ရင်းဇင်မာမြင့်ရဲ့ ပြန်လှည့်မကြည့်ဘူး သီချင်းနဲ့ ပါဝင်ခဲ့တာပါ။

သီချင်းသီဆိုပြခဲ့ပြီးချိန်မှာတော့ ဒိုင်တွေထဲက တဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက “အောင်မြင်မှုကို တိုးချဲ့ဖို့ဆိုတာထက် တကယ် သီချင်းကို ချစ်တဲ့စိတ်နဲ့ အဆိုတော် တကယ်လုပ်ချင်လို့ လာတာမျိုးပဲ ဖြစ်စေချင်တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

တင်ဇာမော်ကတော့ ခြူးစစ်ဟန်ရဲ့ သီဆိုယှဉ်ပြိုင်မှုနဲ့ ပတ်သက်ပြီး သဘောမကျခဲ့ပါဘူး။ သူ့အနေနဲ့ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမှမရှိဘဲ သီဆိုတဲ့ Idol ကို လိုချင်တာဖြစ်ပြီး သီချင်းဆိုတာဟာ အလှမယ်၊ မင်းသမီးတယောက်ဖြစ်တဲ့ ခြူးစစ်ဟန်ရဲ့ မေဂျာမဟုတ်ဘူးလို့ ဝေဖန်မှတ်ချက်ပေးလိုက်တာပါ။

နောက်ဆုံး ဒိုင်တွေပေးတဲ့ အဖြေမှာတော့ ခြူးစစ်ဟန်က အောင်ကိုလတ်၊ ဖြူဖြူ ကျော်သိန်းတို့ရဲ့ ရွေးချယ်မှုနဲ့ Golden Ticket ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ပြီး Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင် ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ်ရှိ နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ Myanmar Idol Season 4 ကိုတော့ လက်ရှိကျင်းပနေပြီဖြစ်ကာ  တေးသံရှင် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က ဒိုင်တွေအဖြစ် ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013