DVB Logo
Home
မြန်မာသတင်း
ဂျပန်အစိုးရသစ်က မြန်မာကြွေးမြီ လျော်ပေးမည်
DVB
·
January 4, 2013
ဂျပန်အစိုးရသစ်က မြန်မာကြွေးမြီ လျော်ပေးမည်
Donate to DVB

ဂျပန်အစိုးရသစ်အနေနဲ့ မြန်မာရဲ့ ကြွေးမြီတွေကိုလျော်ပစ်ဖို့နဲ့  ချေးငွေသစ်တွေ ထပ်ပေးသွားဖို့ ပေးထားခဲ့တဲ့ ကတိတွေအတိုင်း ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်လို့ ဂျပန် ဒုဝန်ကြီးချုပ်နဲ့  ဘဏ္ဍာရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လကမှ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာတဲ့  ဂျပန်အစိုးရအဖွဲ့သစ်ရဲ့  ဒု-၀န်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ တာရိုအာဆိုက သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြောကြားလိုက်တာပါ။

[caption id="attachment_34983" align="alignright" width="150" caption="မစ္စတာ တာရိုအာဆို"][/caption]

မြန်မာနိုင်ငံက ဂျပန်ကို ပေးဆပ်ရန်ရှိတဲ့  ဂျပန်ယန်းငွေ ဘီလျံ ၅၀၀ အနက် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၄ ဘီလျံနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ဘီလျံ ၃၀၀ လောက်ကို လျော်ပစ်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလက ဂျပန် အစိုးရဟောင်းက ကြေညာထားခဲ့တာပါ။

ဝန်ကြီး တာရိုအာဆိုကတော့    ကျေးလက်ဒေသဖွံြ့ဖိုးရေးနဲ့ စက်မှုဇုန်စီမံကိန်းတွေ အတွက်   မြန်မာနိုင်ငံကို ချေးငွေသစ် ဂျပန်ယန်းငွေ ဘီလျံ ၅၀ ထုတ်ချေးဖို့ ဇန်န၀ါရီ  ၃ ရက်နေ့က အတည်ပြု ပြောဆိုခဲ့တယ်လို့ ဂျပန် အစိုးရတာဝန်ရှိသူရဲ့ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

မစ္စတာ တာရိုအာဆိုဟာ ဂျပန်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ဇန်န၀ါရီ ၂ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီး ရောက်ရှိနေတာဖြစ်ပါတယ်။

ဇန်န၀ါရီ ၃ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ရာမှာ စီးပွားရေး၊ စက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစား၊ ယဉ်ကျေးမှု၊ လျှပ်စစ်မီးနဲ့ သောက်သုံးရေရရှိရေးကိစ္စတွေ၊ ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ လွှတ်တော်တွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်  ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း   နှစ်နိုင်ငံ စစ်ရေးမဟုတ်တဲ့ ရေကြောင်း၊ လေကြောင်းနဲ့ ဆေးပညာဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒု-၀န်ကြီးချုပ်  တာရိုအာဆိုဟာ ဒီနေ့ ရန်ကုန်မှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး နှစ်နိုင်ငံအကြား ပြီးခဲ့တဲ့လက ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတဲ့ ရန်ကုန် သီလ၀ါ  စက်မှုဇုန်စီမံကိန်းကိုလည်း သွားရောက်ကြည့်ရှုဖို့ ရှိနေပါတယ်။

အေအက်ဖ်ပီသတင်းတပုဒ်မှာတော့ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံပူးပေါင်းပြီး  ဒေါ်လာဘီလျံ များစွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့  ထားဝယ်ရေနက်ဆိပ်ကမ်းမှာလည်း  ဂျပန်က ပါဝင်ပတ်သက်ဖို့ စဉ်းစားမယ်လို့ မစ္စတာ တာရိုအာဆိုက  သဘောတူညီခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013