DVB Logo
Home
ကျန်းမာရေး
ကိုယ်ဝန်ဆောင်တိုင်းသိထားသင့်တဲ့ အချင်းပြဿနာများ
DVB
·
October 6, 2019
ကိုယ်ဝန်ဆောင်တိုင်းသိထားသင့်တဲ့ အချင်းပြဿနာများ
Donate to DVB

ကိုယ်ဝန်ဆောင်တယ်ဆိုတာ မိန်းမသားတိုင်းအတွက် စိန်ခေါ်မှု တစ်ခုပါ။ ၉ လလွယ် ၁၀ လလောက်ဒီ ကိုယ်ဝန်ကို လွယ်ထားရတယ်၊ အစားအသောက်ရှောင်ရတယ်၊ အသွားအလာဆင်ခြင်ရတယ်။ ကိုယ့်ရင်သွေးလေး ဒီလောကကြီးထဲ ကျန်းကျန်းမာမာရောက်လာဖို့က မိခင်တိုင်းရဲ့ အတောင့်တဆုံး ဆန္ဒလေ။ ဒါပေမယ့် ကိုယ့်ဘက်က ဘယ်လောက်ပဲ ဆင်ခြင်ဆင်ခြင် ကိုယ်ဝန်ကို အဖတ်မတင် ပျက်ကျစေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီး မဟုတ်လား။ ဒီအထဲမှာ အချင်းပြဿနာတွေလည်း ပါတာပေါ့။ ဒီတော့ ကိုယ်ဝန်ဆောင်တိုင်း သိထားသင့်တဲ့ အချင်းပြဿနာတွေက ဘာတွေများ ဖြစ်မလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြံူတွေ့ရနိုင်တဲ့ အချင်းပြဿနာတွေ ။ ။

Placenra previa ( အချင်းရှေ့ရောက်ြခင်း)

အားလံုးၾကားဖူးၾကမွာပါ။ အချင်းကကလေးဆင်းရမယ့် လမ်းကြောင်းရှေ့ ရောက်နေတဲ့ ပြဿနာ။ ကလေးအပေါ်ပိုင်းမှာ ရှိနေရမယ့်ဟာကို ကလေးဆင်းမယ့် လမ်းကြောင်းအရှေ့ဘက်မှာ အချင်းရောက်နေတာကြောင့် ကလေးဆက်မဆင်းနိုင်တော့ပါဘူး။ ဒါကို မသိဘဲ အတင်းညှစ်ခိုင်းလိုက်မိရင် အချင်းထိခိုက်သွားမယ့်အပြင် ကလေးလည်း ရှေ့ဆက်မဆင်းနိုင်တော့ဘဲ မွန်းပြီး အသက်ဆုံးသွားနိုင်ပါတယ်။ အချင်းရှေ့ရောက်တာရဲ့ အဓိက လက္ခဏာကတော့ ကိုယ်ဝန် ဒုတိယ၃လမှာ သွေးတွေ အများကြီးဆင်းတာပါပဲ။ လရင့်တဲ့အချိန်ထိ မီးဖွားတဲ့အချိန်အထိမှ သွေးဆင်းတာမရပ်ရင် ဆရာဝန်က ခွဲမွေးဖို့ စီစဉ်ပါလိမ့်မယ်။

Placental abruption ( အချင်းကွာခြင်း)

အချင်းဆိုတာ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေကို ကိုယ်ဝန်ဆောင်တစ်လျှောက်လုံးမှာ ပေးနေတာဆိုတော့ အချင်းကွာတဲ့အခါ ကလေးအတွက်အများကြီးထိခိုက်သွားစေတာပေါ့။ ကွာကျသွားတော့ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေ မရတော့တဲ့အပြင် အချင်းကွာကျသွားတဲ့အရှိန်နဲ့ မိန်းမကိုယ်ကနေ သွေးတွေ အများကြီးဆင်းတော့မှာပါ။ ကွာကျသွားတဲ့အရှိန်နဲ့ ဗိုက်အောင့်တာ မခံမရပ်နိုင်အောင် နာတာမျိုးတွေ လည်း ကြုံတွေ့ရတတ်ပါတယ်။

  • နဂို ကိုယ်ဝန်တွေတုန်းက အချင်းကွာဖူးတဲ့ ပြဿနာရှိတဲ့သူတွေ
  • ကိုယ်ဝန်ဆောင်ချိန်ဆေးလိပ်သောက်တဲ့သူတွေ မူးယစ်ဆေးသုံးတဲ့သူတွေ
  • ကိုယ်ဝန်ဆောင်ချိန် ဗိုက်ကို ပြင်းပြင်းထန်ထန် ထိခိုက်မိတာနဲ့
  • ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတဲ ပြဿနာရှိတဲ့သူတွေ က အချင်းကွာတဲ့ ပြဿနာဖြစ်ဖို့ အလားအလာများတဲ့သူတွေပါ။

Placental insufficiency

Placental insufficiency ဆုိတာ အချင်းကွာကျ အချင်းရှေ့ရောက်တာမျိုးတွေ မဟုတ်ဘဲ အချင်းကိုယ်တိုင်ကိုက ကလေးဆီလိုအပ်တဲ့ အာဟာရတွေ လုံလုံလောက်လောက် မပေးနိုင်တဲ့ ပြဿနာကို ပြောတာပါ။ ဒီလို အာဟာရတွေ လုံလောက်စွာ မပေးနိုင်တဲ့ အချင်းကြောင့် မွေးလာတဲ့ကလေး ပေါင်မပြည့်တာ၊ ကလေးကောင်းကောင်းမဖွံဖြိုးတာတွေဖြစ်တတ်ပါတယ်။

Infarts in the placenta

အချင်းဆီကို လုံလောက်တဲ့ သွေးလည်ပတ်မှု မရတာကြောင့် အချင်းရဲ့ တစ်ချို့အစိတ်အပိုင်းတွေ ပုပ်သွားတဲ့ ပြဿနာပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သွေးတိုးသမားတွေမှာ အချင်းဆီ သွေးလုံလောက်အောင် မရဘဲ အချင်းတစ်ချို့ အစိတ်အပိုင်းတွေ ပုပ်သွားတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ အချင်းကောင်းကောင်း မဖွံ့ဖြိုးနိုင်တော့ဘဲ ကလေးဆီလည်းလုံလောက်တဲ့ အာဟာရတွေ မပေးနိုင်တော့လို့ နောက်ပိုင်း ရင်သွေးလေးဖွံ့ဖြိုးမှု အပိုင်းကို ထိခိုက်သွားနိုင်ပါတယ်။

Placenta accrete

ဒီပြဿနာကတော့ အချင်းက သားအိမ်အတွင်းနံရံနက်နက်ထဲထိဝင်တွယ်နေတာပါ။ ဒီပြဿနာက ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး ရင်သွေးလေးနဲ့ မိခင်ကို ဒုက္ခမပေးနိုင်ပေမယ့် မီးဖြားတဲ့ အချိန် ကလေးထွက်ပြီးနောက်ပိုင်း အချင်းကွာကျမယ့်အချိန်ကျမှ သေချာမကွာကျဘဲ အပိုင်းအစတွေ ကျန်ခဲ့ပြီး သွေးသွန်တဲ့ ပြဿနာတွေ ဆက်ဖြစ်နိုင်ပါတယ်။

အချင်းဆိုတာ ဗိုက်ထဲက ရင်သွေးလေးအတွက် အရေးအကြီးဆုံးမလား။ ကလေးလိုအပ်တဲ့ အာဟာရဓာတ်တွေ အောက်ဆီ၈ျင်နဲ့ သွေးလည်ပတ်မှု ကောင်းအောင် အချင်းကပဲ ကူညီရတာလေ။ ဒီတော့ ဒီလို အရေးကြီးတဲ့ အချင်းမှာ ပြဿနာ တစ်ခုခု ဖြစ်ရင် ရင်သွေးလေးကို ထိခိုက်ပြီပေါ့။ ဒါပေမယ့် အချင်းပြဿနာတွေကို အာထရာဆောင်းရိုက်ရင်းကနေ စောစောသိနိုင်တာကြောင့် လိုအပ်တဲ့ ကုသမှုတွေ မြနမြန်ခံယူလိုက်ရင် ရင်သွေးလေးကို အများကြီးထိခိုက်တော့မှာ မဟုတ်ဘူးနော်။ ဒါ့ကြောင့် ကိုယ်ဝန်စောစောအပ် မှန်မှန်ပြဖို့လိုအပ်တာပေါ့ ။ ။

ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013