DVB Logo
Home
မြန်မာသတင်း
အောင်မြေသာစံမြို့နယ်က လစဉ်ကြေး မပေးသည့် အိမ်ရာတိုက်ခန်း ငှားနေသူများကို ဖယ်ရှား
DVB
·
October 5, 2019
အောင်မြေသာစံမြို့နယ်က လစဉ်ကြေး မပေးသည့် အိမ်ရာတိုက်ခန်း ငှားနေသူများကို ဖယ်ရှား
1 / 5
Donate to DVB

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် မင်တဲအီကင်းရပ်က အငှား အိမ်ရာတိုက်ခန်းနေသူတွေက ၁ လ ၄ သောင်းကျပ် ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် စာချုပ်ပါ စည်းကမ်းချက်နဲ့အညီ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အောက်တိုဘာ ၅ ရက်နေ့က စတင်ရှင်းလင်းဖယ်ရှားနေပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စည်မံဌာနမှူး ဦးမောင်မောင်မြင့်က “စာချုပ်ပါ စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့ အခန်းတွေကို ကော်မတီကပြန်သိမ်းတာပါ။ တလကို လေးသောင်းဆောင်ရမှာကို ၇ လ၊ ၈ လအထိ မဆောင်ကြတော့ ကြွေးကျန်တွေက များလာတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ ဆုံးရှုံးနေတာကြောင့် အခုလို ရှင်းလင်း ဖယ်ရှားရတာ” လို့ ပြောပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေ ခရိုင်ရဲတပ်ဖွဲ့မှူး အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူ ၁၅၀ ကျော်က လာရောက်ရှင်းလင်းဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

ငှားရမ်းနေထိုင်သူတဦးဖြစ်တဲ့ ဒေါ်သန်းသန်းဌေးက “ကျမတို့က တလ ရှစ်သောင်းပေးပြီး ငှားနေတာပါ။ ပိုင်ရှင်ကို စည်ပင်က တာဝန်ရှိသူတွေ လစဉ်ကြေး ပေးဆောင်ဖို့ စာလာကပ်တဲ့အကြောင်းကို ပြောပြတယ်၊ ပိုင်ရှင်က မဆောင်လို့ အခုလို ကျမတို့က ထွက်ပေးရတာ၊ ကျမတို့အနေနဲ့ အရမ်းနစ်နာတယ်။ ဒီနေ့ အခုလို လစဉ်ကြေး လေးသောင်း မဆောင်တဲ့အခန်းတွေကို ပြန်သိမ်းမယ် ဆိုတာလည်း မနေ့ညကမှ ကျမတို့ အဆောင်မှူးဆီကို စာက ရောက်တယ်။ အဲဒါကြောင့် ကျမတို ငွေရှာဖို့ အချိန်လည်းမရတော့ အခန်းက ထွက်ပေးလိုက်ရတယ်။ ဒီနေ့ကစပြီး ဘယ်မှာ အိပ်ရမလဲဆိုတာကို တွေးပြီး အရမ်းစိတ်ပူမိတယ်” လို့ ပြောပါတယ်။

အငှားအိမ်ရာတိုက်ခန်းအဆောင်မှာ နေထိုင်သူတွေကို လေးလ ကြိုတင်ပြီး အကြွေးကျန်တွေ ပေးဆောင်ကြဖို့ သက်ဆိုင်ရာစည်ပင်ဌာနက အကြောင်းကြားစာ ပေးပို့ထားခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့မှာ စာချုပ်ပါ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိဘဲ ပေးသွင်းရမယ့်‌ ငွေများပေးသွင်းခြင်း မရှိတဲ့ တိုက်ခန်းတွေ ဖယ်ရှားရှင်းလင်းနေတာပါ။ 

ကြွေးကျန်တွေ လာရောက်ပေးသွင်းနေတဲ့ တိုက်ခန်းရှင်တွေကိုတော့ ပြန်လည်ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။

အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက် အကွက်အမှတ် ၁၀၄ ကမ်းနားလမ်း၊ စံပယ်အငှားအိမ်ရာတိုက် အဆောင် ၆ ဆောင်ရှိ အခန်းပေါင်း ၄၃၂ ခန်း၊ နှင်းဆီဆောင် အငှားအိမ်ရာတိုက် အဆောင် ၁၄ ဆောင်ရှိ အခန်းပေါင်း ၁၀၀၈ ခန်း၊ ကံကော် အငှားအိမ်ရာတိုက်ခန်းအဆောင် ၂ ဆောင်က အခန်းပေါင်း ၁၄၄ ခန်းတို့က ကြွေးကျန်ငွေ မပေးသွင်းဘဲ ကျန်ရှိနေသူတွေကို အောက်တိုဘာ ၇ ရက်နေ့အထိ ဖယ်ရှား ရှင်းလင်းသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013