DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်းတွင် ဆရာ သိန်းပေါင်း ၆၉၀ လိုအပ်နေ
DVB
·
October 5, 2019
ကမ္ဘာတဝန်းတွင် ဆရာ သိန်းပေါင်း ၆၉၀ လိုအပ်နေ
Donate to DVB

လစာနည်းပြီး တန်ဖိုးထားမခံရတဲ့ ဆရာတွေကို ဆွဲဆောင်ထိန်းသိမ်းဖို့ အားထုတ်တာဟာ စိန်ခေါ်မှုဖြစ်ပြီး ကမ္ဘာတဝန်းမှာ ဆရာ သိန်းပေါင်း ၆၉၀ လိုအပ်နေတယ်လို့ ကုလအဖွဲ့အစည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီနေ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွေကို ပေးပို့တဲ့ ယူနက်စကိုနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့က ညွှန်ကြားရေးမှူးချုပ်၊ ယူနီဆက်ဖ်ရဲ့ အမှုဆောင်ဒါရိုက်တာ၊ ယူအန်ဒီပီရဲ့  အုပ်ချုပ်သူ၊ အပြည်ပြည်ဆိုင်ရာ ပညာရေးအဖွဲ့ရဲ အထွေထွေအတွင်းရေးမှူးတို့ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။

ကမ္ဘာတဝန်းမှာ ဆရာတွေ မလုံလောက်တာဟာ အလုပ်ရဖို့ မသေချာတာနဲ့ လုပ်ငန်းခွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးဖို့အတွက် အခွင့်အလမ်း ရှားပါးတာနဲ့ တစိတ်တပိုင်း ဆက်နွှယ်နေတယ်လို့ သူတို့က ဆိုပါတယ်။

ဒီအချိန်မှာ ဒါတွေကို အရေးယူ ဆောင်ရွက်ဖို့ အထူးလိုအပ်နေသလို ယူနက်စကို စာရင်းအင်းဆိုင်ရာအဖွဲ့ရဲ့ ကိန်းဂဏန်းတွေက စိုးရိမ်စရာ အနေအထားဖြစ်နေပြီး ၂၀၃၀ ပညာရေးအစီအစဉ်ကို ပြည့်မီဖို့ ကမ္ဘာတဝန်းမှာ ဆရာသိန်းပေါင်း ၆၉၀ အသစ်ခန့်ထားဖို့ လိုနေပါတယ်။

ဒီပြဿနာတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျေးလက်တွေ၊ ဘေးအန္တရာယ်ကြုံနေရတဲ့ ဒေသတွေမှာ ထင်ထင်ရှားရှား တွေ့နိုင်ပြီး ဆရာတွေ (အထူးသဖြင့် ဆရာမတွေ)ဟာ အထီးကျန် ရပ်တည်မှု၊ အကြမ်းဖက်မှုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရတာကြောင့် ကျေးလက်တွေမှာ ဆရာ လိုအပ်ချက် ပိုများနေတာ ဖြစ်ပါတယ်။

လာမယ့် ၁၀ နှစ်လောက်အတွင်းမှာ အငြိမ်းစားယူမယ့် ဆရာ သိန်း ၅၀ လောက် နေရာကို ဖြည့်ဆည်းဖို့အတွက်လည်း ငယ်ရွယ်တဲ့ဆရာတွေ လိုအပ်နေပြီး လက်ရှိမှာတော့ ရှားပါးနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ကျင်းပနေကြပြီး လူတိုင်း ပါဝင်ပြီး သာတူညီမျှဖြစ်တဲ့ အရည်အသွေးရှိ ပညာရေး၊ လူတိုင်းအတွက် ဘဝတသက်တာ သင်ယူမှု အခွင့်အလမ်းတွေ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အမှန်တကယ် ဖြစ်လာဖို့ နေ့စဉ်ရက်ဆက် ကြိုပမ်းအားထုတ်နေတဲ့ ကမ္ဘာတဝန်းက ဆရာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့အခမ်းအနားကို ကျင်းပတာလို့လည်း သူတို့က ဆိုပါတယ်။

Photo : MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013