DVB Logo
Home
သတင်းတို
ရန်ကုန် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကေအန်ယူတက်မည်
DVB
·
January 3, 2013
ရန်ကုန် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကေအန်ယူတက်မည်
Donate to DVB

ဇန်န၀ါရီလ ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲကို မကြာခင်က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးယူထားတဲ့ ကရင်အမျိုးသားအစည်းအရုံးက တက်ရောက်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်အရ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်နဲ့ ပဒိုစောသမိန်ထွန်းတို့ တက်ရောက်မယ်လို့ ပဒိုစောသမိန်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်း၊ အလုံမြို့နယ် အထက(၁) အလုံကျောင်းဝင်း အတွင်းမှာ လည်းကောင်း၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) က ဦးဆောင်ပြီး အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့် ဘုရားကြီးဝင်းနဲ့ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ  နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

ကေအန်ယူခေါင်းဆောင်တွေကတော့ အလုံမြို့နယ်နဲ့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဆေးဝင်္ကဘာကျောင်းဝင်းရှိ ပွဲတော်ကို တက်ရောက်မယ်လို့ သိရပါတယ်။
၁၉၃၇ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့ကစပြီး  ကရင်လူမျိုးတို့ရဲ့ နှစ်သစ်ကူးနေ့အဖြစ် တရားဝင် ကျင်းပခွင့်ရရှိခဲ့ရာ အခုဆိုရင် ၇၆ နှစ်မြောက်  ဖြစ်ပါတယ်။ ရန်ကုန်ကရင်နှစ်သစ်ကူးပွဲတော်ကို ကေအန်ယူက ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013