DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်မှ ဆန္ဒအလျောက်ပြန်လာသူ  ၃၀၀ ကျော်ထိရှိလာ၊ အကြမ်းဖက် ၁ ဦးကိုအရေးယူ
DVB
·
October 4, 2019
ဘင်္ဂလားဒေ့ရှ်မှ ဆန္ဒအလျောက်ပြန်လာသူ  ၃၀၀ ကျော်ထိရှိလာ၊ အကြမ်းဖက် ၁ ဦးကိုအရေးယူ
Donate to DVB

၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူတွေ ထဲက ဆန္ဒအလျောက်ပြန်လည်ဝင်ရောက်လာသူ အောက်တိုဘာလ ၄ ရက်အထိ ၃၀၀ ကျော်အထိရှိပြီး ဒီအထဲကမှ အကြမ်းဖက်သမားစာရင်းမှာ ပါဝင်သူ ၁ ဦးကို အရေးယူထားတယ်လို့  မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

"အားလုံး ၃၀၀ ကျော်သွားပါပြီ။ ဒီအထဲမှာမှ အကြမ်းဖက်စာရင်းထဲမှာပါသူ ၁ ဦးကို ဥပဒေအရ အရေးယူထားပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့က ငါးခူရပြန်လည်လက်ခံရေးစခန်းမှ ၂၆ ဦး ထဲမှာ အကြမ်းဖက်တစ်ဦးပါတာကို စိစစ်တဲ့အခါမှာ အဖေနာမည်တူတာသာဖြစ်တယ်။ သူကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ အောက်တိုဘာလ ၂ ရက်နေ့ လှဖိုးခေါင်က လက်ခံမှုပြုသူ ၁၀ ဦးထဲက အကြမ်းဖက်စာရင်းထဲမှာပါလာသူ တ ဦးကို အရေးယူထားတာရှိတယ်"လို့ပြောပါတယ်။

အောက်တိုဘာလ ၂ ရက် နေလည်ပိုင်းက လှဖိုးခေါင်စခန်းမှာ လက်ခံတဲ့ ပြန်လည်ဝင်ရောက်လာသူမိသားစုမှာ ကြိမ်ချောင်းတောင်ရွာက ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၄ ရက် နေ့ မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှချောင်းဝရဲကင်းစခန်း ကနေ တရားမဝင်ဝင်ရောက်လာသူ ၁၀ ဦးကိုတော့ ဖမ်းဆီး စိစစ်ဆေးနေပြီး အကြမ်းဖက်စာရင်းမှာ ပါဝင်ခြင်းမရှိသူ ၉ ဦးကို တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းကနေတဆင့်  အောက်တိုဘာ ၂ ရက်မှာ လှဖိုးခေါင်ယာယိမ်စခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့က ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှ လက်ခံခဲ့တဲ့ ဆန္ဒ အလျှောက် ပြန်လည်ဝင်ရောက်လာသူ ၂၆ ဦးရှိပြီး ဗိုက်ကြီးသည်တဦးက ကလေးမွေးဖွား လိုက်တဲ့အတွက် ၂၇ ဦးဖြစ်သွားပါတယ်။  အဆိုပါ ၂၇ ဦးထဲမှ တဦးက အကြမ်းဖက်သမားစာရင်းမှာ ဖခင်နာမည်တူနေတဲ့ အတွက် စစ်ဆေးကာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်စွန့်ခွာသူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည်လက်ခံဖို့အတွက် ၂၀၁၈ခုနှစ် နှစ်စပိုင်းကတည်းက မြန်မာအစိုး ရဘက်က ပြန်လည်လက်ခံရေးစခန်း၂ ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲစခန်းနဲ့  ငါးခူရ စခန်းတွေကို ပြင်ဆင်ဆောင်ရွက် လာခဲ့တာလည်းဖြစ်ပါတယ်။ 

နေရပ်စွန့်ခွာသူတွေကို နှစ်နိုင်ငံအပြန်အလှန် စိစစ်ပြီးတဲ့ သူတွေကို ပြန်လည်ပို့ဆောင်ပေးဖို့ အကြောင်းကြားခဲ့ပေမယ့် အဲဒီ အစီအစဉ်တွေ အကြိမ်ကြိမ် ပျက်ခဲ့ပြီး ခုချိန်ထိ တရားဝင် ပြန်ရောက်ခဲ့သူ တဦးမှမရှိသေးပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူတို့အစီအစဉ်နဲ့သူတို့ ပြန်လာသူတွေကတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၄ ရက်နေထိ ၃၀၀ ကျော်ရှိလာပါတယ်။

ပြန်ဝင်လာသူတွေကို UEHRD အစီအစဉ်နဲ့ ပြန်လည်လက်ခံရာမှာ NVC ကတ် ပြုလုပ်ပေးတာနဲ့ EIDမှတ်တမ်းယူတာတွေပြုလုပ်ပေးခဲ့ပါတယ်။

 ထိုမှတဆင့် လှဖိုးခေါင်ယာယီ လက်ခံရေးစခန်းသို့ယူဆောင်လာပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဦးစီးဌာနက စားနပ်ရိက္ခာနဲ့ လူ့သုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးကာ သူတို့ ဆွေမျိုးတွေ နေထိုင်နေတဲ့ ကျေးရွာ တာဝန်ခံတွေထံသို့ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013