DVB Logo
Home
မြန်မာသတင်း
ဟောလဝင်းရာသီအမီ ရုံတင်ပြသမည့် သရီးဒီအဲန်နီမေးရှင်းရုပ်ရှင်- The Addams Family(နမူနာ)
DVB
·
October 4, 2019
ဟောလဝင်းရာသီအမီ ရုံတင်ပြသမည့် သရီးဒီအဲန်နီမေးရှင်းရုပ်ရှင်- The Addams Family(နမူနာ)
Donate to DVB

ဟောလဝင်းရာသီအမီ ထွက်ရှိလာတဲ့ သရီးဒီအဲန်နီမေးရှင်းရုပ်ရှင်ကားတကားဖြစ်တဲ့ The Addams Family ကို လာမယ့်ဟောလဝင်းရာသီအမီ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Comedy Family အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ Universal Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ ၂ ဦးဖြစ်ကြတဲ့ Conrad Vernon နဲ့ Greg Tiernan တို့က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ နာမည်ကျော် အမေရိကန်ကာတွန်းဆရာ Charles Addams ရဲ့ Addams Family ကာတွန်းအပေါ်အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ 

Monster Family Member တွေ ဖြစ်ကြတဲ့ Gomez ၊ Morticia ၊ Wednesday ၊ Pugsley နဲ့ Uncle Fester စတဲ့ ဇာတ်ကောင်တွေရဲ့ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ ဘယ်လိုစိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ဒီကားထဲမှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Oscar Isaac၊ Charlize Theron ၊ Chloë Grace Moretz ၊ Finn Wolfhard ၊ Nick Kroll နဲ့ ရက်ပ်ပါအဆိုတော် Snoop Dogg တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကို ၁၉၉၁ ခုနှစ်ကတည်းက ရုပ်ရှင်အနေနဲ့ ရိုက်ကူးခဲ့ဖူးပြီး ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၁၉၀ ကျော် ရရှိခဲ့ပြီး စံချိန်ချိုးနိုင်ခဲ့တာမို့ ခုအသစ်ပြန် လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကရော ဝင်ငွေစံချိန်တင်နိုင်ပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ် မှတ်ထားပါတယ်။

ကြာမြင့်ချိန် ၈၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် Box Office ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013