DVB Logo
Home
မြန်မာသတင်း
Patient Safety Champion ဆုရ လွိုင်ကော်ဆေးရုံဝန်ထမ်းများကို ထပ်ဆင့်ဂုဏ်ပြု
DVB
·
October 4, 2019
Patient Safety Champion ဆုရ လွိုင်ကော်ဆေးရုံဝန်ထမ်းများကို ထပ်ဆင့်ဂုဏ်ပြု
1 / 5
Donate to DVB

Patient Safety Champion ဆုရှိခဲ့တဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံဝန်ထမ်းတွေကို ကယားပြည်နယ်အစိုးရက ပြည်နယ်ခန်းမမှာ  အောက်တိုဘာ ၃ ရက်နေ့က အခမ်းအနားနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူနာများဘေးကင်း လုံခြုံမှုဆိုင်ရာအထိမ်းအမှတ်နေ့မှာ Patient Safety Champion ဆုတွေကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အပါအဝင် ဆေးရုံ ၄ ခုကရရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့လူနာများဘေးကင်းလုံခြုံမှုဆိုင်ရာအထိမ်းအမှတ်နေ့ကို စက်တင်ဘာ ၁၇ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေပြည်တော်မှာကျင်းပရာမှာ Patient Safety Champion ဆု ပေးအပ်ချီးမြှင့်ခဲ့တာပါ။ 

မြန်မာနိုင်ငံမှာ ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ကို အခြားကမ္ဘာ့ နိုင်ငံများနည်းတူ အခုနှစ်ကစပြီး  ပထမဆုံးအကြိမ်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့အနေနဲ့ Patient Safety Championsကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ခုတင်-၁၀၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီး၊ ခုတင်-၃၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီး (မန္တလေး) နဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) တို့က ရရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013