DVB Logo
Home
မြန်မာသတင်း
ရုံတင်ပထမရက်မှာတင် စံချိန်တင်ဝင်ငွေရရှိခဲ့သည့် ဘောလိဝုဒ်အက်ရှင်ကား-War(ရုပ်ရှင်နမူနာ)
DVB
·
October 4, 2019
ရုံတင်ပထမရက်မှာတင် စံချိန်တင်ဝင်ငွေရရှိခဲ့သည့် ဘောလိဝုဒ်အက်ရှင်ကား-War(ရုပ်ရှင်နမူနာ)
Donate to DVB

ဘောလိဝုဒ်စတား မင်းသား ၂ လက် အပြိုင်ကြဲသရုပ်ဆောင်ထားကြတဲ့ အက်ရှင် ဇာတ်ကြမ်းရုပ်ရှင်-War ဟာ ရုံတင်ပြသတဲ့ ပထမနေ့မှာတင် ဝင်ငွေရူပီး ၅၃၃ ဒဿမ ၅ သန်းရရှိခဲ့ပြီး စံချိန်ချိုးခဲ့ပါတယ်။

Yash Raj Films ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Siddharth Anand က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေက လက်ပွားမင်းသားလို့ သိထားကြတဲ့ ထိပ်တန်း ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Hrithik Roshan နဲ့ နာမည်ကျော် Baaghi ရုပ်ရှင်ဇာတ်ကားတွေနဲ့ လူသိများတဲ့ သရုပ်ဆောင်မင်းသား Tiger Shroff တို့နဲ့အတူ သရုပ်ဆောင်မင်းသမီး Vaani Kapoor တို့က ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဆရာတပည့် ၂ ဦးဖြစ်ခဲ့ဖူးကြတဲ့ ဟီးရိုးနှစ်ယောက်ကြားက အားပြိုင်မှုတွေနဲ့ ယှဉ်ပြိုင်ရင်း ဖြစ်တည်လာတဲ့ စစ်ပွဲတစ်ခုအသွင် အပစ်အခတ်အက်ရှင်ဒရာမာဇာတ်လမ်းတပုဒ်အသွင် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေ ရှိနေခဲ့တာပါ။

IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.4 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၅၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း နောက်ခံတေးဂီတနဲ့ ဇာတ်ဝင်တေး ၅ ပုဒ်ထိ ထည့်သွင်းထားခဲ့တာပါ။

ဒီကားကိုတော့ မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၃ ရက်နေ့က စတင်ပြီး ရုံတင်ပြသနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013