DVB Logo
Home
မြန်မာသတင်း
ပေါင်းတလည်တွင် ဘက်ထရီကျင်စက်ဖြင့် လျှော့တိုက်ငါးဖမ်းသူ ဓာတ်လိုက်သေဆုံး
DVB
·
October 3, 2019
ပေါင်းတလည်တွင် ဘက်ထရီကျင်စက်ဖြင့် လျှော့တိုက်ငါးဖမ်းသူ ဓာတ်လိုက်သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်နယ်မြေထဲက ကျေးရွာတရွာမှာ ဘက်ထရီ ကျင်စက်နဲ့ လျှော့တိုက်ငါးဖမ်းသူ တယောက် ဓာတ်လိုက်သေဆုံးပြီး နောက်တနေရာမှာ လူတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့က ပေါင်းတလည်မြို့နယ် ဥသျှစ်ကုန်းကျေးရွာအနီးက ဉာဏ်စိန်ဆည် ရေတံခါး အောက်ဘက်ကရေအိုင်မှာ ဘက်ထရီကျင်စက်နဲ့ လျှော့တိုက် ငါးဖမ်းသူတဦးမှာ လျှော့တိုက်ငါးဖမ်းနေစဉ် ရေတဝက်ကုန်းတက် အနေအထားနဲ့ သေဆုံးနေတယ်လို့ ဒေသခံမျက်မြင်တွေ့သူတွေကပြောပါတယ်။

အခင်းဖြစ်ရာနေရာသို့ အစောဆုံးရောက်ခဲ့သူ ပေါင်းတမေါ့ကျေးရွာက ကိုအေးဇော်က  “အခင်းဖြစ်တဲ့နေရာကို ကျနော်ကအစောဆုံးရောက်သွားတာ ရဲတွေမရောက်ခင် အုပ်ချုပ်ရေးမှူးတွေ မရောက်ခင် ရောက်သွားတာ။ ဘက်ထရီ ၁၂ ဗို့အိုး နှစ်လုံးနဲ့ ရှော့တိုက်ပြီး ဖမ်းတာ။ ဓာတ်လိုက်သွားပုံရတယ်။ ဓာတ်လိုက်လို့ ရုန်းရင်းကန်ရင်း ကမ်းပါးကိုအတက်ကို ကမ်းအရောက်မှာပက်လက်လန်လဲသွားပြီး ရေထဲမှာ လူက နှစ်ပုံ ကုန်းပေါ်မှာတပုံ အနေအထားနဲ့ သေဆုံးနေတာ”လို့ ပြောပါတယ်။

သေဆုံးသူက မြို့မကျေးရွာအုပ်စု ခွေးရဲကျွန်းတောကုန်ကျေးရွာနေသူ အသက် ၃၃ နှစ်အရွယ် ကိုငမိုးဖြစ်ပြီး သူက ပတ်ဝန်းကျင် ကျေးရွာတွေအနီးတစ်ဝိုက်က ချောင်းမြောင်း တွေမှာ အခုလိုမျိုး ဘက်ထရီလျှော့တိုက်ပြီး ငါးရှာ ဖားရှာစားပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူတယောက်ဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ 

ပေါင်းတလည်နယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက “သူ့ရဲ့အလေ့အထက ကျင်စက်ကို နှစ်ဖက်လုံးထောက်ပြီးတော့ ရေငုပ်ပြီးစမ်းလေ့ရှိတယ်တဲ့ သူက။ ပြောရရင်တော့ သူများထက်ပိုတယ်ပေါ့။ ဘက်ထရီအိုးတောင် ၁၂ ဗို့ နှစ်လုံးသုံးထားတာ ဒီ တော့ လျှော့ဖြစ်သွားရင်လည်း တုန်းကနဲပဲ။ ကျင်စက်က တိုင်တခုလွှတ်ရတယ်ပြောတယ်။ နှစ်ဘက်လုံး ချပြီးတော့ ရှေ့တို့ဘာတို့ လက်နဲ့လိုက်စမ်းတာမျိုး လုပ်ရတယ်လေ အဲတာကနေ ဖြစ်သွားတယ်လို့ ယူဆတယ်” လို့ ပြောတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၉)အရ အမှုဖွင့်ဆောင်ရွက်နေ ပြီး အဲဒီနေ့တရက်ထဲမှာပဲ အချိန် ၁ နာရီလောက် ခြားကာ ပေါင်းတလည်ရဲစခန်းပိုင်နယ်မြေထဲက ကုက္ကိုကုန်းကျေးရွာမှာ  လူတဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013