DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် ဘင်္ဂါလီ ၈၀ ကျော် ဖမ်းဆီးခံရ
DVB
·
January 3, 2013
ကော့သောင်းတွင် ဘင်္ဂါလီ ၈၀ ကျော် ဖမ်းဆီးခံရ
1 / 2
Donate to DVB

မလေးရှားနိုင်ငံကို သွားမယ့် ဘင်္ဂါလီ အယောက် ၈၀ ကျော်ကို တင်ဆောင်တဲ့ စက်လှေတစီးဟာ တနင်္သာရီတိုင်း ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်မှာ လာရောက်ဆိုက်ကပ်တာကြောင့် သူတို့တတွေကို သက်ဆိုင်ရာက ခေါ်ယူစစ်မေးနေပါတယ်။

လှေပေါ်မှာ ကလေး ၁၃ ဦးနဲ့ အမျိုးသမီး ၈ ဦးအပါအ၀င် ၈၅ ဦးပါရှိပြီး မနေ့ည ၁၁ နာရီခန့်မှာ ရဲက  ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဖမ်းဆီးရမိသူတွေကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ တနင်္သာရီတိုင်း တာဝန်ခံ ဦးသန်းထွန်းကို မေးမြန်းရာမှာ သူတို့တွေဟာ ရခိုင်ပြည်နယ်စစ်တွေကနေ လှေနဲ့ထွက်လာကြတဲ့ ဘင်္ဂါလီတွေဖြစ်တယ်လို့ ပြောပါတယ်။

“စစ်တွေလှေပိုင်ရှင်က ဦးသိန်းမြင့်လို့ခေါ်တယ်။ သူတို့က ပွဲစားနဲ့လာတာ၊ ပွဲစားကို တယောက်ကို ၁ သိန်းခွဲကနေ ၃ သိန်းအထိ ပေးရတယ်ပြောတယ်။ ကော့သောင်းကို ဘယ်လိုလာတင်လဲဆိုတော့ ကျနော်တို့ကို မလေးရှားရောက်နေပြီဆိုပြီး ဒီလာတင်တာတဲ့။ ဒီမှာ ရခိုင်၊ မွန် တယောက်မှမပါဘူး။ အားလုံးက ဘင်္ဂါလီဘာသာပြောတဲ့ မွတ်စလင်တွေချည်းပဲ။ လှေရှင်ကလည်း ဒါမလေးရှားလို့ပဲပြောတယ်တဲ့။ သူတို့ကလည်း မလေးရှားထင်တယ်တဲ့။”

ဖမ်းဆီးရမိသူတွေကို ဆေးရုံအဟောင်းမှာ ထားရှိတယ်လို့ ဆိုပါတယ်။ တဖက်ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၇၀ ကျော်ကိုလည်း ကော့သောင်းကို ပို့မယ်လို့ ကြားသိရပေမယ့် ဒီနေ့ညနေပိုင်းထိ ရောက်မလာဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထုတ် သတင်းတွေအရ ထိုင်းနိုင်ငံ ဖူးခက်ဒေသမှာ ရိုဟင်ဂျာ ၇၃ ဦးဟာ မလေးရှားနိုင်ငံကို လှေနဲ့အသွား လမ်းမှာအခက်အခဲဖြစ်နေစဉ် နှစ်ဆန်း ၁ ရက်နေ့မှာ ဖူးခက်ခရိုင်ရဲက ဖမ်းဆီးစစ်ဆေးပြီး လာရင်းနိုင်ငံကို ပြန်ပို့မယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒီမနက်ရရှိတဲ့ သတင်းအရ ၇၃ ဦးကို ဖူးခက်ကနေ ရနောင်းကို ပို့ဆောင်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့လပိုင်းက အဲဒီအရေအတွက်အတိုင်းပဲ တင်ဆောင်လာတဲ့ ဘင်္ဂါလီလှေတစင်းကို မြန်မာအာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းတုန်းက ဖမ်းဆီးပြီး နိုင်ငံတကာရေကြောင်းတွင်းကို တွန်းလွှတ်ခဲ့တယ်လို့ ဦးသန်းထွန်းက ပြောပြပါတယ်။

“မြန်မာအာဏာပိုင် ရေတပ်ကနေ ၁၁ လပိုင်း ၁၃ ရက်လောက်က ဖြစ်မယ်။ မြန်မာကော့သောင်းမြို့နယ် အာဏာပိုင်တွေက ထိုင်းရေကြောင်းကို သွားမောင်းထုတ်လိုက်တာ. အဲတုန်းကလည်း ၇၃ ဦးပဲ။”

သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ ၀င်ငွေနည်းပါးမှုကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံကို နယ်စပ်က တရားမ၀င်ဝင်ရောက်ပြီး ရော်ဘာခြံ၊ ဆောက်လုပ်ရေး၊ အိမ်အကူအလုပ်တွေမှာ လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013