DVB Logo
Home
မြန်မာသတင်း
ဟောလိဝုဒ်စတား ဝီလ်စမစ်သ်ပါဝင်သည့် Gemini Man ရုပ်ရှင် မကြာမီရုံတင်မည်(ရုပ်ရှင်နမူနာ)
DVB
·
October 3, 2019
ဟောလိဝုဒ်စတား ဝီလ်စမစ်သ်ပါဝင်သည့် Gemini Man ရုပ်ရှင် မကြာမီရုံတင်မည်(ရုပ်ရှင်နမူနာ)
Donate to DVB

ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသား ဝီလ်စမစ်သ် ခေါင်းဆောင်ပါဝင်ထားတဲ့ Gemini Man ရုပ်ရှင်ကို လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

Sci-Fi Action Thriller Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင် ကားကိုတော့ Paramount Pictures က ဖြန့်ချိမှာဖြစ်ပြီး Crouching Tiger, Hidden Dragon ၊ Brokeback Mountain ၊ Life of Pi စတဲ့ ရုပ်ရှင်ကားတွေရဲ့ ပဲ့ကိုင်ရှင် ထိုင် ဝမ်ရုပ်ရှင်ဒါရိုက်တာ Ang Lee က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဝီလ်စမစ်သ်ကို ပရိသတ်တွေက ကြေးစားနာမည်ကြီးလုပ်ကြံ သတ်ဖြတ်ရေးသမား Henry Brogan အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အတွေးတွေ၊ အကြံအစည်တွေ၊ တိုက်ခိုက်မှုတွေဟာ ဘယ်သူနဲ့မှ မတူအောင်၊ လိုက်မမီအောင်ကို ထူးခြားတဲ့သူတယောက်လည်း ဖြစ်ပါတယ်။ တနေ့မှာတော့ သူငယ်ငယ်က ပုံနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ ငယ်လည်းငယ်၊ မြန်လည်း မြန်ဆန်တဲ့၊ သူ့ရဲ့ လှုပ်ရှားမှုတွေကို ကြိုသိနေတဲ့ ကိုယ်ပွား Clone တယောက်ပေါ်လာခဲ့ပြီး သူ့ကိုလိုက်သတ်ဖို့ လုပ်လာတဲ့အချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဒီပုံတူကိုယ်ပွားကရော ဘယ်လို ပေါ်လာခဲ့တာလဲ၊ ဒီနောက်ကွယ်မှာ ကြိုးကိုင်ထားသူကရော ဘယ်သူဖြစ်မလဲဆိုတာတွေကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာပါ။

ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား ဝီလ်စမစ်သ်နဲ့အတူ တခြားသရုပ် ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Mary Elizabeth Winstead ၊ Clive Owen နဲ့ Benedict Wong စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။

ဒီရုပ်ရှင်ကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

ကြာမြင့်ချိန် ၁၁၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Zurich Film Festival မှာ ကနဦးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကားရဲ့ အဓိက ဇာတ်ဆောင်မင်းသား ဝီလ်စမစ်သ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက ရုံတင်ပြသခဲ့တဲ့ Aladdin ဇာတ်မြူးရုပ်ရှင်ကားထဲမှာ မီးခွက်စောင့်ဘီလူး Gennie အဖြစ် အစွမ်းပြခဲ့တာမို့ ခုအသစ်ထွက်လာတဲ့ Gemini Man ထဲမှာရော ဘယ်လိုကွဲပြားတဲ့ ပုံစံနဲ့ ရှုစားကြရမလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013