DVB Logo
Home
သတင်းတို
မြန်မာ့ရုပ်ရှင်လောက ဒီဂျစ်တယ်စနစ် ပြောင်းမည်
DVB
·
January 3, 2013
မြန်မာ့ရုပ်ရှင်လောက ဒီဂျစ်တယ်စနစ် ပြောင်းမည်
Donate to DVB

နိုင်ငံတကာမှာ ခေတ်နောက်ကျနေပြီဖြစ်တဲ့ ဖလင်နဲ့ ရိုက်ကူးပြသတဲ့ စနစ်အစား ဒီဂျစ်တယ်စနစ်နဲ့ ရိုက်ကူးပြသနိုင်ရေး စတင်ဆောင်ရွက်တော့မယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_30021" align="alignright" width="150" caption="မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း"][/caption]

လက်ရှိ မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့အခါ အဆင့်မြင့်ဗွီဒီယို ကင်မရာနဲ့ ရိုက်ကူးပြီး နိုင်ငံခြားမှာ ဖလင်ပေါ် ပြောင်းတင်ရပါတယ်။ ရုံတွေမှာရှိတဲ့ ဖလင်ပြစက်တွေနဲ့ ပြသနိုင်ရေးအတွက် နောက်ထပ် ရုပ်ရှင်ဇာတ်ကား ဖလင်ကော်ပီတွေ ၈ ထုတ်ကနေ ၁၀ ထုတ်အကြား ထပ်ကူးရပါတယ်။

ဒီအတွက် ဇာတ်ကားတကားချင်းစီအတွက် ကုန်ကျစရိတ် အလွန်များပြီး အရည်အသွေးကလည်း မကောင်းတဲ့အတွက် နိုင်ငံတကာနည်းတူ ဒီဂျစ်တယ် ရုပ်ရှင်ရိုက်ကူးရေးစက်တွေနဲ့ ရိုက်ကူးပြီး ရုံတွေမှာ ဒီဂျစ်တယ်ရုပ်ရှင်ပြစက်တွေနဲ့ ပြသမှုပုံစံ ကူးပြောင်းဖို့ ဆောင်ရွက်ရတာလို့လည်း ရှင်းပြပါတယ်။

ဒီလို ကူးပြောင်းနိုင်ဖို့ ဒေါ်လာသိန်းချီတန် ရိုက်ကူးရေးစက်တွေ ၀ယ်ရမှာ ဖြစ်သလို ရုံတွေမှာလည်း ဒီဂျစ်တယ်ပြစက်တွေ ပြောင်းလဲတပ်ဆင်ရမှာဖြစ်တဲ့အတွက် ငွေကုန်ကြေးကျလည်း များမှာကြောင့် နောက် ၁ နှစ်၊ ၁ နှစ်ခွဲလောက်ကြာမှသာ အကောင်အထည်ပေါ်လာမယ်လို့ သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013