Home
မြန်မာသတင်း
မောင်းမကန်ကမ်းခြေတွင် ပင်လယ်ကဗွီးပင်များ ပြန်လည်စိုက်ပျိုးမည်
DVB
·
October 3, 2019
71966770_10219765404315924_5011788073457942528_o
71935882_10219765404675933_2161466309169119232_o
71763434_10219765405515954_975016395769118720_o
71586075_10219765405275948_463470380472860672_o
70488943_10219765404515929_8527303879946141696_o
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မောင်းမကန်ကမ်းခြေမှာရှိတဲ့ ပင်လယ်ကဗွီးပင်တွေကို လူတွေက စီးပွားရေးအတွက် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့ တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ပြောပါတယ်။ မောင်မကန်ပင်လယ်ကမ်းခြေက ပင်လယ်ကဗွီးပင်တွေကို ထိန်းသိမ်းဖို့နဲ့ စနစ်တကျ ပြန်လည်စိုက်ပျိုးဖို့ အစီအစဉ်ရှိမရှိကို  အောက်တိုဘာ ၁ ရက် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မှာ မေးမြန်းရာမှာ ပြောကြားသွားတာပါ။ ̏ခရီးသွားဧည့်သည်တွေကို ပိုမိုဆွဲဆောင်ဖို့နဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ဖို့အတွက်  မူလပင်လယ်ကဗွီးပင်တွေကို စီမံချက်နဲ့ ထိန်းသိမ်းခြင်း၊ စနစ် တကျထပ်မံစိုက်ပျိုးခြင်း၊ တဦးတယောက်၊ တစုတဖွဲ့ရဲ့ စီးပွားရေးအတွက် ဖျက်ဆီးနေမှုတွေကို တားဆီးခြင်းတို့ ဆောင်ရွက် သင့်ပါတယ်”လို့ လောင်းလုံးမဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုဦးဗိုလ်ထွေးက ပြောပါတယ်။ လက်ရှိအချိန်မှာ ပင်လင်ကဗွီးပင်တွေက သက်တမ်းအရ အိုမင်းပျက်စီးသလို လူတွေက ရည်ရွယ်ချက်နဲ့ကားတွေ ဝင်ထွက်ရလွယ်အောင်လို့ မြေဖို့ဖျက်ဆီးပြီး အလေ့ကျ ပေါက်ခွင့် မပေးတော့တာကြောင့် သဘာဝအလှတွေပျက်စီး ရုံသာမက ပတ်ဝန်းကျင်ညစ်ညမ်းမှုပါ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။  ဒီမေးမြန်းချက်နဲ့ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် မိုးရာသီမှာ စိမ်းလန်းစိုပြေရေးလုပ်ငန်း အတွက် ပျိုးပင် ၂၅၀၀၀ ကျော်လျာထားပြီး အဲဒီထဲမှာ ပင်လယ် ကဗွီးပင်တွေလည်းပါတယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ နည်းပညာတွေ ကူညီပံ့ပိုးပေးပြီး သက်ဆိုင်ရာဌာန ကျေးရွာအစီအစဉ်နဲ့ စိုက်ပျိုးနိုင်ဖို့  ပျိုးပင်တွေ ဖြန့်ဝေဆောင်ရွက်ပေးသွားမယ်လို့လည်း ဝန်ကြီးကပြောသွားပါတယ်။ လွှတ်တော်အမတ် ဦးဗိုလ်ထွေးကတော့ အစိုးရက ပျိုးပင်ပေးရုံနဲ့မရကြောင်း  မောင်းမကန်ကမ်းခြေမှာ ပိုင်ရှင်မဟုတ်သူတွေနဲ့ ရှုပ်ထွေးနေပြီး အရပ်ဖက်အဖွဲ့အစည်းတခုခုက  သွားရောက်စိုက်ပျိုးပါက မလိုလားအပ်တဲ့ ပြဿနာတက်သွားနိုင်လို့ အစိုးရအနေနဲ့ စနစ်တကျ ဆောင်ရွက်ပေးစေလိုတယ်လို့ လွှတ်တော်အမတ် ဦးဗိုလ်ထွေးက ပြောပါတယ်။ ထားဝယ်မြို့ကနေ ၁၀ မိုင်အကွာမှာရှိတဲ့ မောင်းမကန်ကမ်းခြေဟာ  ဖြူဖွေးတဲ့ သဲသောင်ပြင်နဲ့ ညီညာစွာပေါက်ရောက်နေတဲ့ ပင်လယ်ကဗွီးပင်တန်းတွေတည်ရှိပြီး  လူတွေက စက်ယန္တယားတွေနဲ့ တွန်းလှဲတာ၊ မီးရှို့တာ၊ ရေတိုက်စားခံရတာနဲ့ သက်ကြီးရင့်တာ တွေကြောင့် ပင်လယ်ကဗွီးပင်တွေ သေဆုံးနေရတာဖြစ်ပါတယ်။ လောင်းလုံးမြို့နယ်အတွင်းက ကမ်းခြေတွေထဲကမှ မောင်းမကန်ကမ်းခြေမှာပဲ ပင်လယ်ကဗွီးပင်တွေ ပေါက်ရောက်ရှင်သန်တာဖြစ်တယ်လို့လည်း သိရပါတယ်။   သတင်း - တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024