DVB Logo
Home
Lead Story
မြန်မာတော်လှန်ရေးတပ်ဖွဲ့များအား စစ်သင်တန်းပေးသူဟု သံသယရှိသည့် ယူကရိန်း ၆ ဦးနှင့် အမေရိကန် ၁ ဦးကို အိန္ဒိယ ဖမ်းဆီး 
DVB
·
March 18, 2026
Photo: India's National Investigation Agency. Photo credits: indianexpress.com
Photo: India's National Investigation Agency. Photo credits: indianexpress.com
Donate to DVB

မြန်မာနိုင်ငံက တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်သင်တန်းပေးနေတ​ယ်လို့ သံသယရှိတဲ့ ယူကရိန်းနိုင်ငံသား ၆ ယောက်နဲ့ အမေရိကန်နိုင်ငံသား ၁ ယောက်တို့ အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရတဲ့အကြောင်း ယူကရိန်းနဲ့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

သူတို့ကို ဒေလီ၊ ကာလကတ္တားနဲ့ လတ်ခနောင်းလေဆိပ်တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လာမဲ့ မတ် ၂၇ ရက်အထိ ချုပ်ရက်ရမန်ပေးထားကြောင်း ဒေလီတရားရုံးကို ကိုးကားပြီး The Indian Express သတင်းမှာ ဖော်ပြပါတယ်။

ဒီဖမ်းဆီးမှုကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လုပ်ဆောင်ခဲ့ကာ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သူတို့ အားလုံးဟာ ဗီဇာအစစ်အမှန်တွေနဲ့ အိန္ဒိယနိုင်ငံတွင်းဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ဆီ သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အေဂျင်စီကတော့ ဥရောပက ဒရုန်းအမြောက်အမြားကို အိန္ဒိယနိုင်ငံကနေတဆင့် မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ တရားမဝင်တင်ပို့မှုတွေမှာ သူတို့ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားသလို သူတို့ဟာ မီဇိုရမ်ကနေတဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရှိထားရတယ်လို့ ပြောထားပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ကောင်စစ်ဝန်နဲ့ တွေ့ဆုံခွင့်ပေးဖို့ အိန္ဒိယကို တောင်းဆိုထားတာပါ။

ကနဦးအချက်အလက်တွေအရ သူတို့ဟာ သွားရောက်ဖို့ ခွင့်ပြုချက်လိုတဲ့ မီဇိုရမ်ပြည်နယ်ထဲကို ခွင့်ပြုချက်မရှိဘဲ သွားရောက်မှုနဲ့ နယ်စပ်ဖြတ်ကျော်မှုတို့နဲ့ စွပ်စွဲခံထားရပါတယ်။

ယူကရိန်းဘက်ကတော့ သူတို့ဟာ တရားမဝင်လှုပ်ရှားမှုတွေမှာ ပါဝင်နေတယ်ဆိုတဲ့ အချက်က အထောက်အထားမရှိသေးဘဲ တချို့သောမီဒီယာတွေက လုပ်ကြံဖော်ပြနေတာလို့ ပြောထားပါတယ်။

လက်ရှိမှာတော့ ယူကရိန်းသံအမတ်က အိန္ဒိယဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံကာ ကန့်ကွက်လွှာတင်သွင်းခဲ့သလို သူတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့  တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြင်းထန်တဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေ ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေမှာ သံချပ်ကာယာဉ်နဲ့ ဒရုန်းတွေကို အသုံးပြုနေတဲ့အထိ အရှိန်မြင့်တက်လာနေပါတယ်။

Souce:The Indian Express 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013