DVB Logo
Home
Lead Story
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
October 3, 2019
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
Donate to DVB

အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။   

မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ဝုဒ်နာမည်ကြီးရုပ်ရှင်ကားတကားဖြစ်တဲ့ Joker !

       Psychological Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကို တော့ Warner Bros. Pictures က ဖြန့်ချိလိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Todd Phillips က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       Joker ဆိုတာကတော့ နာမည်ကျော် DC Comics အခြေခံရိုက်ကူးထားတဲ့ Batman ရုပ်ရှင်ကားထဲက ဗီလိန်ဇာတ်ကောင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ၁၉၈၁ ခုနှစ်ကာလမှာ လူ့အသိုင်းအဝိုင်းက လျစ်လျူရှုခံခဲ့ရတဲ့ မအောင်မြင်တဲ့ ဟာသ သရုပ်ဆောင် Arthur Fleck တယောက် ဂိုသမ်မြို့မှာ ပရမ်းပတာအခြေအနေ ဖြစ် အောင် လုပ်ဆောင်ခဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတဦး ဖြစ်လာခဲ့ပြီးတဲ့နောက် စိတ်ပိုင်း ဆိုင်ရာ အပြောင်းအလဲတွေနဲ့အတူ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လိုပုံဖော်ဖန်တီး ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

       ဒီကားထဲမှာ အဓိကသရုပ်ဆောင် Joker အနေနဲ့ ရွှေကမ္ဘာလုံးဆုအပါအဝင် သ ရုပ်ဆောင်အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားတဲ့ အမေရိကန်သရုပ်ဆောင်မင်းသား Joaquin Phoenix က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Robert De Niro ၊ Zazie Beetz ၊ Frances Conroy စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထား ကြတာပါ။

       ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြု ချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

       IMDb မှာ Rating 9.4 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ Venice International Film Festival မှာ ကနဦးပြသခဲ့ပြီး အမြင့်ဆုံး ဆုဖြစ်တဲ့ Golden Lion ဆုကို ရရှိထားပါတယ်။

       ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၅၅ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ် ရှင်ကားကို Box Office မှာတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အ မေရိကန်ဒေါ်လာ ၈၅ သန်းနဲ့ ၁၀၅ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

       ကြာမြင့်ချိန် ၁၂၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အောက်တိုဘာလ ၄ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

       နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင် မင်းသမီး  Natalie Portman ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်- Lucy in the Sky !

       Sci-Fi Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ Fox Searchlight Pictures ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Noah Hawley က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Natalie Portman ကို အာကာသယာဉ်မှူး Lucy အနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါ တယ်။ ဒီကားဟာ နာဆာမှ အမေရိကန်အမျိုးသမီး အာကာသယာဉ်မှူး Lisa Nowak ရဲ့ အကြောင်းကို အခြေတည်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ အာကာသထဲ တာဝန်ထမ်းဆောင်နေချိန်မှာ လုပ်ဖော်ကိုင်ဖက်အာကာသယာဉ်မှူး William Oefelein နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြဖူးပါတယ်။ အဲဒီနောက် သူတို့ ကွဲသွားခဲ့ကြပြီး အာကာသထဲ ကနေကမ္ဘာမြေဆီ ပြန်လာခဲ့ချိန်မှာ Oefelein ရဲ့ ချစ်သူက ဒီအကြောင်းကို အစဖော် ပြောခဲ့တဲ့အတွက် Lisa က အဲဒီအမျိုးသမီးကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအမှုကြောင့် Lisa ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ဒီအကြောင်းဟာ သတင်းစာတွေပေါ်မှာ ဟိုးလေး တကြော်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းအရာတွေကို ဒီရုပ်ရှင်ကားထဲမှာ ဘယ်လိုပုံဖော်ဖန် တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါ တယ်။

       ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသမီး Natalie Portman နဲ့အတူ တခြား ဟောလိဝုဒ်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jon Hamm ၊ Zazie Beetz ၊ Dan Stevens ၊ Colman Domingo စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ပါ။

       ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

       ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ပြသခဲ့တာဖြစ်ပြီး ချီးကျူးမှု တွေလည်း ရရှိထားပါတယ်။

       ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၂၇ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကား Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

       ကြာမြင့်ချိန် ၁၂၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အောက်တိုဘာလ ၄ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

       မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရုံမတင်က တည်းက နာမည်ကြီးနေတဲ့ ဘဝသရုပ်ဖော် ဒရာမာရုပ်ရှင်-စပွန် ဆာ !

       လုံမရဲ့ ဝတ္ထုကို သက်ဦးမောင်က ဇာတ်ညွှန်းခွဲပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ အောင်ဇော် လင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် နာမည်ကြီး သရုပ်ဆောင်မင်းသား နေ တိုး၊ ပိုင်ဖြိုးသုတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရဲလေး၊ ကျော်ကျော်၊ မြတ် ကေသီအောင်စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။

       မိသားစုဘဝသရုပ်ဖော်ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားထဲမှာတော့ ကိုယ့်ရဲ့ မိ သားစုအပေါ် ကိုယ့်ရဲ့ အသွေးအသားတွေအပေါ် ပေးဆပ်ပြီးချစ်တဲ့ အစ်ကိုအကြီးဆုံး တယောက်ရဲ့ မေတ္တာတရားတွေနဲ့ ဘယ်လိုဇာတ်လမ်း၊ ဇာတ်ကွက်တွေ၊ အလှည့်အ ပြောင်းတွေနဲ့ ဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှု ကြရတော့မှာ ဖြစ်ပါတယ်။

       နေတိုးနဲ့ ပိုင်ဖြိုးသုတို့ဟာ မီရုပ်ရှင်ကားထဲမှာလည်း အတူဆုံဖူးပြီး အကယ်ဒမီထူး ချွန်ဆုရ သရုပ်ဆောင်ကောင်းတွေ ဖြစ်ကြတာမို့ ဒီကားကိုလည်း ပရိသတ်တွေက စိတ် ဝင်စားနေကြတာပါ။

စပွန်ဆာရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက် နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဇာတ်ဝင်ခန်း Dialog တွေနဲ့အတူ ရေပန်းစားနေပြီး ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

       ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

       မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ရာဇဝတ်ပြစ်မှုဆိုင်ရာ အချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ First Love !

ဒီရုပ်ရှင်ကားကိုတော့ ဝါရင့်ဂျပန်လူမျိုး ရုပ်ရှင်ဒါရိုက်တာ Takashi Miike က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး OLM, Inc. ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက တင် ဆက်လိုက်တာ ဖြစ်ပါတယ်။

       လူငယ် လက်ဝှေ့သမားတယောက်ဖြစ်တဲ့ Leo ဟာ မမျှော်လင့်ပဲ Monica ဆိုတဲ့ အပျော်မယ်ကောင်မလေးတယောက်နဲ့ ဆုံပြီး ချစ်ကြိုက်မိသွားခဲ့ပါတယ်။ အဲဒီနောက် သူတို့ ၂ ယောက်ဟာ မူးယစ်ဆေးဝါးမှောင်ခိုအမှုတခုထဲမှာ ပါဝင်ပတ်သက်မိသွားခဲ့ အချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။ တညမှာတော့ သူတို့နောက်ကို အကျင့် ပျက်ရဲတယောက်၊ ယာကူဇာဂိုဏ်းသားတယောက်နဲ့ ကြေးစားလူသတ်သမားတ ယောက်တို့က လိုက်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီကား ထဲမှာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ ဂျပန်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Becky၊ Sakurako Konishi   ၊ Masataka Kubota၊ Jun Murakami နဲ့ Nao Ohmori စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

       ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 7.3 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မေလက နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival ရဲ့ Directors' Fortnight section မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ကားကိုတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က တည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

       မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ ရုပ်ရှင်ကားတကားပါ။ အမျှ အမျှလို့ အမည်ရပါတယ်။

       ဒီကားကိုတော့ R Square ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဘရဏီကျော်ရဲ့ ဇာတ်လမ်းကို မောင်မြတ်ဆွေက ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ကားထဲမှာတော့ ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ လင်းဇာနည်ဇော်တို့နဲ့အတူ ကလေးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ယွန်းမေနဲ့ ချစ်စနိုးတို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

       သမီးလေးတယောက်နဲ့ မိခင်တယောက်ကြားက ရိုးရှင်းတဲ့ ဘဝထဲ အတိတ်က ဖြစ်ရပ်တွေ ဝင်ရောက်လာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုခြောက်ခြားစရာ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရမလဲ၊ ဒါတွေကို ဘယ်လိုပုံဖော်ဖန်တီးထား မလဲဆိုတာ ကိုတော့ ဒီရုပ်ရှင်ကားထဲမှာ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

       ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ 

Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013