DVB Logo
Home
နိုင်ငံတကာ
စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရန် ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချေးငွေအာမခံ အိန္ဒိယအစိုးရ အတည်ပြု
DVB
·
May 6, 2026
Photo: REUTERS/Francis Mascarenhas//File Photo
Photo: REUTERS/Francis Mascarenhas//File Photo
Donate to DVB

အိန္ဒိယအစိုးရအဖွဲ့ဟာ  အီရန်စစ်ပွဲကြောင့်ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် အသေးစားကုမ္ပဏီတွေကို ပံ့ပိုးဖို့ ရူပီငွေ ၁၈၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ) တန်ဖိုးရှိတဲ့ အရေးပေါ်ချေးငွေအာမခံ အစီအစဉ်အသစ်ကို အတည်ပြုခဲ့တယ်လို့ သတင်းအချက်အလက်ဝန်ကြီးက အစိုးရအဖွဲ့အစည်းအဝေးအပြီး မေ ၅ ရက်မှာ ပြောပါတယ်။

အရေးပေါ်ချေးငွေလိုင်းအာမခံအစီအစဉ် (ECLGS) ၅.၀ ဟာ အရည်အချင်းပြည့်မီတဲ့ ငွေချေးသူတွေကို အပိုဆောင်းချေးငွေ ပံ့ပိုးမှုကို ပေးအပ်မှာဖြစ်ပြီး အစိုးရက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် ၁၀၀ ရာခိုင်နှုန်း အာမခံလွှမ်းခြုံမှု၊ တခြားကုမ္ပဏီတွေနဲ့ လေကြောင်းလိုင်းကဏ္ဍအတွက် ၉၀ ရာခိုင်နှုန်းလွှမ်းခြုံမှု ပေးဆောင်မယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အာမခံချက်တွေကို အမျိုးသားချေးငွေ အာမခံ အုပ်ထိန်းရေးကုမ္ပဏီလီမိတက်က တဆင့် ပေးမှာဖြစ်ပါတယ်။

အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲအတွင်း အထည်အလိပ်နဲ့ ဖန်ထည်ထုတ်လုပ်သူတွေလို စီးပွားရေးလုပ်ငန်းတွေဟာ အရှေ့အလယ်ပိုင်းက ထောက်ပံ့ရေးပြတ်တောက်မှုတွေကြောင့် ထိခိုက်ခဲ့ရတာပါ။

တချိန်တည်းမှာ ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူ အိန္ဒိယဟာ ငွေကြေးဖောင်းပွမှုမြင့်တာနဲ့ တိုးတက်မှုနှေးကွေးနေတဲ့ အန္တရာယ်တွေနဲ့လည်း  ရင်ဆိုင်နေရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013