DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်က ဆယ်တန်းဖြေဆိုမည့် မြန်မာရွေ့ပြောင်းကျောင်းသားအချို့ အခက်အခဲရှိနေ 
DVB
·
October 2, 2019
ဘန်ကောက်က ဆယ်တန်းဖြေဆိုမည့် မြန်မာရွေ့ပြောင်းကျောင်းသားအချို့ အခက်အခဲရှိနေ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာနိုင်ငံစာစစ်ဌာနမှာ အခုပညာသင်နှစ် ဆယ်တန်းစာမေးပွဲကို ဖြေဆိုမယ့် မြန်မာကျောင်းသားတချို့မှာ အခက်အခဲတွေရှိနေတယ်လို့ ဘန်ကောက်ရောက် ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ဖွင့်လှစ်ထားတဲ့ Dear Burma Academy ကျောင်းက သိရပါတယ်။ 

အလုပ်သမားတချို့ဟာ ဘဝပေးအခြေအနေအရ ပညာတပိုင်းတစနဲ့ ထိုင်းနိုင်ငံမှာ အလုပ် လာလုပ်နေကြပေမယ့် တဘက်က ပညာဆက်သင်ကြားလိုတာကြောင့် ဆယ်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ ကြိုးစားနေကြတာပါ။

ဒါပေမယ့်လည်း သူတို့မှာ စာမေးပွဲဖြေဆိုခွင့်ရဖို့  စာရွက်စာတမ်းအထောက်အထား မပြည့်စုံတဲ့အခက်အခဲတွေရှိနေတယ်လို့  Dear Burma Academy ကျောင်းက ကျောင်းအုပ် ဆရာကြီး ဦးမြင့်ဝေက ဒီဗွီဘီကို ပြောပါတယ်။ 

“စာမေးပွဲဖြေဖို့ ကလေးတွေအမည်စာရင်းကို မြန်မာသံရုံးဆီတင်ပေးတဲ့အခါမှာ အစိမ်းရောင် စီအိုင်ကတ်ပဲရှိတဲ့ ကလေးတွေကို သံရုံးကလက်မခံဘူး။ ဘန်ကောက်သံရုံးက ပညာရေး ဘက်ဆိုင်ရာ လက်ခံတဲ့အရာရှိတွေက နိုင်ငံသားအပြည့် မဟုတ်သေးတဲ့ ဒီကလေးတွေကို လက်ခံဖို့ အထက်ကညွှန်ကြားချက်မရှိ သေးဘူးလို့ ဆိုပါတယ်။ အစိမ်းရောင်ကတ် ကိုင်တဲ့ ကလေး ၂ ယောက်က အနီရောင်စာအုပ်ကြီးပြောင်းဖို့ အထောက်အထားမစုံလို့ ပြောင်းလို့မရသေးဘူး။ သူတို့ မြန်မာပြည်မှာ နေခဲ့တဲ့ကျောင်းက ထောက်ခံစာတွေလှမ်းတောင်းထားတော့လည်း မရဘူးလို့ ပြောပါတယ်ခင်ဗျ။ ဘာကြောင့် ထုတ်မပေးနိုင်တာကိုလည်း နားမလည်နိုင်ဘူး။ ကလေးတွေ စာမေးပွဲဖြေလို့ရအောင် ကူညီဆောင်ရွက်ပေးဖို့ သံရုံးကို ထပ်ပြောထားပါတယ်။ သံရုံးက နိုင်ငံခြားရေးဌာနအမိန့်ကို စောင့်နေတုန်းဘဲလို့ပြောတယ်။ ဘယ်ချိန်ထိစောင့်ရမှန်း မသိဘဲ မတင်မကျဖြစ်နေတာပေါ့။”

အစိမ်းရောင်စီအိုင်ကတ်ကသာရှိပြီး ပတ်စပို့စာအုပ်ကြီးမရှိသေးတဲ့ ကလေးတွေဟာ ဘန်ကောက်ကနေဖြေလို့မရရင် တာ့ခ်ခရိုင် မဲဆောက်ရှိ ရွှေ့ပြောင်းလုပ်သား စာသင်ကျောင်း စာရင်းထဲသွင်းပြီး မြန်မာပြည်ထဲမှာ သွားရောက် စာမေးပွဲ ဖြေဆိုခွင့်ရရှိနိုင်ပါတယ်။

ဒါပေမယ့် မဲဆောက်ကနေ မြန်မာနို်ငငံဘက် မြဝတီမှာ စာမေးပွဲသွားဖြေဖို့အတွက် နောက်ဆုံးစာရင်း ပေးသွင်းရမယ့် ရက်က အခုအောက်တိုဘာ ၂၀ ရက်ဖြစ်လို့ သူတို့အတွက် သွားလာခရီးစရိတ်တွေ၊ အလုပ်ကနေ ခွင့်ယူဖို့ မလွယ်တဲ့အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ 

မနှစ်ကတော့ စီအိုင်အစိမ်းရောင်ကတ်ရှိတဲ့ ကျောင်းသား ၉ ယောက်ကို မဲဆောက်မှာ သွားဖြေဖို့ စာရင်းတင်သွင်းပြီးတဲ့ အခါကျမှ ပညာရေးဌာနက စီအိုင်ကတ်သာရှိတဲ့ ကလေးတွေလည်း လက်ခံတယ်လို့ ထုတ်ပြန်ခဲ့ကြောင်း၊ ဒီနှစ်မှာတော့ သံရုံးကမရဘူးဆိုလို့ မြန်မာပြည်ရဲ့ တနှစ်နဲ့တစ်နှစ်မတူတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အံ့သြမိတယ်လို့ ကျောင်း အုပ်ကြီး ဦးမြင့်ဝေက ပြောပါတယ်။ 

ဒီနှစ်ထဲမှာ ဘန်ကောက်ကနေ ဆယ်တန်းစာမေးပွဲဝင်ဖြေလိုတဲ့ကျောင်းသား စုစုပေါင်း ၁၅ ဦးရှိပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆရာဆရာမတွေက သင်ကြားပေးနေပါတယ်။ 

ဘန်ကောက်ရောက် မြန်မာပြည်က ရွှေ့ပြောင်းလုပ်သားနဲ့ သူတို့ရဲ့ ရင်သွေးတွေ ပညာသင်ကြားနိုင်ဖို့အတွက် Dear Burma Academy ကျောင်းကို လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းမှာတရားဝင်မှတ်ပုံတင်ထားတဲ့ ဖောင်ဒေးရှင်းရဲ့စာသင်ကျောင်းဖြစ်ကာ ဘန်ကောက် ရာ့ချ်ထေဝီနယ်မြေ ဖယားထိုင်းလမ်း ဖယားနတ်လမ်းသွယ်မှာ တည်ရှိပါတယ်။ 

ထိုင်းစာ၊ အင်္ဂလိပ်စာ၊ ကွန်ပြူတာနဲ့ မြန်မာစာတွေပါ အချိန်ပိုင်းအနေနဲ့ရော အချိန်ပြည့်အနေနဲ့ပါ သင်ကြားပေးနေပြီး လာရောက်လေ့လာသင်ကြားသူ ကျောင်းသူကျောင်းသား ပေါင်း ၈၀၀ ခန့်ရှိကြောင်း၊ ဆရာဆရာမတွေမှာ ထိုင်းရော မြန်မာပါ စုစုပေါင်း ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013