Home
မြန်မာသတင်း
မြိုင်ဟေဝန်ဆင်စခန်းက ဆင်တကောင် တောဆင်ရိုင်းတိုက်ခိုက်ခံရပြီး သေဆုံး
DVB
·
October 2, 2019
71216698_899057640493946_4275867232837304320_n
72279240_899057720493938_6751707646081892352_n
72258914_899057670493943_4029014580205191168_n
71578790_899057750493935_238293457121050624_n
71216698_899057640493946_4275867232837304320_n
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မြိုင်ဟေဝန်ဆင်စခန်းက ပျောက်ဆုံးနေတဲ့ ဆင်တကောင်ဟာ တောဆင် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့က ဆင်စခန်းမှာရှိတဲ့ ဆင်တကောင်ကို လွှတ်ကျောင်းထားရာကနေ ပျောက်ဆုံးသွားပြီး အောက်တိုဘာ ၁ ရက်နေ့က မာဂရီသစ်တောကြိုးဝိုင်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ ဆင်ပြန်ကောက်ချိန်မှာ မတွေ့တာကြောင့် လိုက်ရှာနေခဲ့ပြီး မနေ့ နေ့လယ်ပိုင်းမှာတော့ မာဂရီ သစ်တောကြိုးဝိုင်း (ဒေသအခေါ်) နန်းတော်ကျွန်းလျှိုထဲမှာ ဗိုက်ပေါက်ပြီး သေဆုံးနေတာ တွေ့တာကြောင့် ဆင်ရိုင်းတိုက်ခိုက်ခံခဲ့ရတာလို့ ယူဆကြောင်းတာလို့ယူဆတယ်လို့ ဖလုံရဲကင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ သေဆုံးခဲ့တဲ့ဆင်ဟာ စွယ်စုံဆင်ထီးဖြစ်ပြီး အမြင့် ၇ ပေကျော်၊ လုံးပတ် ၁၀ ပေကျော်၊ အစွယ် ၁ ပေကျော်ရှိပြီး အသက် ၂၂ နှစ်အရွယ်ဖြစ်ပါတယ်။ တိုက်ကြီးမြို့နယ်ထဲမှာ တောဆင်ရိုင်းတွေက ရွာတွေနားကို ဝင်ရောက်ဖျက်ဆီးတာ၊ စိုက်ခင်းသီးနှံတွေကို ဝင်ရောက်ဖျက်ဆီးတာ၊ လူကိုပါနင်းသတ်တာတွေ ရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ၁၀ ကောင်နဲ့ အထက်ရှိတဲ့ တောဆင်အုပ်ကို သစ်တောဆင်တွေနဲ့ ရွာနဲ့ဝေးရာတောထဲကို မောင်းထုတ်ခဲ့ရပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024