လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံပြပွဲ
DVB
·
January 2, 2013

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံပြပွဲကို မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ဇန်န၀ါရီလ ၂ ရက်နေ့က စပြီး ပြသနေပါတယ်။ ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ထိ ပြသသွားမှာဖြစ်ပြီး ပြပွဲဖွင့်ချိန်ကတော့ မနက် ၉ နာရီက ညနေ ၄ နာရီထိပါ။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြပွဲမှာ ကာတွန်း ၂၅ ကား၊ ပန်းချီ ၂၇၃ ကားနဲ့ ဓာတ်ပုံ ၁၂၅ ပုံ ပြသထားပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီ ၂ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှ၊ ကာတွန်း လေရှုး၊ ပန်းချီညိုပြာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပါတယ်။
(ဓာတ်ပုံ - ချစ်ကို၊ ငြိမ်းမိုးနောင်) Read more