DVB Logo
Home
မြန်မာသတင်း
အမေရိကန်သန်းကြွယ်သူဌေးကြီး ဒုတိယအကြိမ် လာရောက်
DVB
·
January 2, 2013
အမေရိကန်သန်းကြွယ်သူဌေးကြီး ဒုတိယအကြိမ် လာရောက်
Donate to DVB

မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး၊ လူအခွင့်အရေးနဲ့ ပညာရေးကိစ္စတွေမှာ ထောက်ပံ့ကူညီနေတဲ့ အမေရိကန်သန်းကြွယ်သူဌေး မစ္စတာ ဂျော့ဆိုးရော့စ်ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာပြည်ခရီးစဉ်မှာ  ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေကို တွေ့ဆုံဖို့ ရှိပါတယ်။

အမေရိကန်သန်းကြွယ်သူဌေးကြီး မစ္စတာ ဂျော့ဆိုးရော့စ်ဟာ အခုလာမယ့် ခရီးစဉ်မှာ  တိုင်းရင်းသားခေါင်းဆောင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ပညာရေးအဖွဲ့အစည်းတွေနဲ့ ပါ တွေ့ဆုံဖို့ရှိသလို ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအကြီးအကဲတွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

[caption id="attachment_19258" align="alignleft" width="150" caption=" ဂျော့ဆိုးရော့စ်"][/caption]

မစ္စတာ ဂျော့ဆိုးရော့စ်ဟာ အမေရိကန်အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်း Open Society Foundation ကို ၁၉၇၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး  မြန်မာနိုင်ငံကိုတော့  ဒီမိုကရေစီရေး လှုပ်ရှားမှုဖြစ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းကစပြီး ပညာရေးကိစ္စ၊ အမျိုးသမီးနဲ့ လူငယ်လှုပ်ရှားမှုတွေ၊ စည်းရုံးလှုံ့ဆော်ရေး၊ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ ဖြစ်မြောက်ဖို့ ထောက်ပံ့ခဲ့ပါတယ်။

ဇန်န၀ါရီ ၈ ရက်နေ့မှာ တွေ့ဖို့ ဖိတ်ကြားခံထားရတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သူဌေးကြီးနဲ့ တွေ့တဲ့အခါ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အစစ်အမှန်ရဖို့နဲ့ တိုင်းရင်းသားဒေသက ပြည်သူတွေအတွက် တည်မြဲတဲ့ အလုပ်အကိုင် အခွင့်အလမ်းရှိရေး ကိစ္စတွေ ဆွေးနွေးမယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတာတွေကို သူသိချင်တယ်။ အဲအခြေအနေတွေကို သူသိပြီးတော့ အဲဒီ ဒေသတွေမှာ ရင်းနှီးမြှုပ်နှံဖို့ မေးတယ်လို့ ကြားရတယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း လူတန်းစေ့ခံစားနိုင်တာမျိုး နည်းပညာပိုင်းတို့ပေါ့။ အဲလို စီးပွားရေးစနစ်မျိုး၊ ကုန်သွယ်မှုမျိုး သူတို့ကို တိုက်တွန်းပါမယ်။”

မစ္စတာ ဂျော့ဆိုးရော့စ်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇန်န၀ါရီ ၂ ရက်နေ့မှာ တွေ့မယ်လို့  ပြည်တွင်းသတင်းဂျာနယ်တခုမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်ဖို့နဲ့ ရန်ကုန်တက္ကသိုလ် ပြုပြင်ရေးကိစ္စတွေ ဆောင်ရွက်ခဲ့သလို ပညာရေးကွန်ရက်ရန်ပုံငွေ ရှာဖွေပွဲကိုပါ ကျင်းပခဲ့တာကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ အကူညီပေးရေးကိစ္စတွေကို  အလေးထားဆွေးနွေးဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်၊။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့လည်း ဇန်န၀ါရီ ၈ ရက်နေ့ မနက် ၁၁ နာရီကျရင် ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဖို့အကြောင်းကြားထားပြီး ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဌေးကြွယ်၊ ဦးပြုံးချိုနဲ့ ဦးမြအေးတို့ သွားရောက်တွေ့ဆုံဖို့ အမည်စာရင်းပေးပို့ထားတယ်လို့ ရုံးအဖွဲ့မှူး ဦးဇော်မင်းက ပြောပါတယ်။

“သူနဲ့တွေ့တဲ့အခါ သူလုပ်နေတဲ့လုပ်ငန်းတွေ၊ ကျနော်တို့လုပ်နေတဲ့ လုပ်ငန်းစဉ်တွေ အပြန်အလှန်အသိအမြင် ဖလှယ်တဲ့ အဆင့်ပေါ့၊ အဲလို ပထမအဆင့် သွားဖြစ်မှာပါ။ ”

ဒါ့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားပညာရေးအတွက် ဆောင်ရွက်နေတဲ့ Thinking Class Room  က ဒါရိုက်တာ ဒေါက်တာသိန်းလွင်နဲ့ ဇန်န၀ါရီ ၇ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့မယ်လို့ သိရပါတယ်။

သူဌေးကြီးဟာ သူတို့သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီခဲ့တာ ကြာပြီဖြစ်ပေမယ့် ဒါပထမဆုံး အကြိမ် တွေ့ဆုံတာလို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲရေးကူညီတဲ့အခါ ဒီမိုကရေစီနည်းကျ ပညာရေးပြုပြင်ပြောင်းလဲမှုဖြစ်အောင် ကူညီဖို့၊ အထူးသဖြင့် လူထုအတွက်လုပ်တဲ့ ပညာရေးလုပ်ငန်းတွေမှာ ကူညီဖို့၊ ပြည်နယ်တွေက ပညာရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ လူတွေ၊ ဒေသခံအဖွဲ့အစည်းတွေကို ကူညီဖို့ ပြောဖို့ ပြင်ဆင်ထားပါတယ်။”

မစ္စတာ ဂျော့ဆိုးရော့စ်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၁ ဒီဇင်ဘာ ၂၆ ရက်ကနေ ၂၀၁၂ ဇန်န၀ါရီ ၃ ရက်နေ့ထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊   ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော လူမှုအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013