DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့တွင် ၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၁၀၀၀၀ ကျော်တိုးလာ
DVB
·
October 2, 2019
ညောင်လေးပင်မြို့တွင် ၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၁၀၀၀၀ ကျော်တိုးလာ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့် ဦးရေ ၁၀,၀၀၀ ကျော်လောက်တိုးလာတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က‌ ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ဦးရေ ၁၄၃,၆၃၆ ရှိပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ၁၄၃,၂၀၀ ရှိခဲ့တာ‌ကြောင့် မဲပေးပိုင်ခွင့်ဦးရေ အနည်းငယ်ကျဆင်းသွား ခဲ့ပေမယ့် ၂၀၂၀ ရွေး‌ကောက်ပွဲမှာတော့ ၁၈ နှစ်ပြည့်ပြီးသားလူငယ် ၁၀,၀၀၀  ကျော်‌လောက်တိုးလာ တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ငုဝါမြင့်က ပြောပါတယ်။

"အခု ၉၀ ရာခိုင်နှုန်းပြီတဲ့အချိန်မှာ လူဦးရေ တသိန်း နှစ်သောင်းကျော်တော့ စာရင်းသွင်း ထားပြီးပြီ"

ညောင်လေးပင်မြို့နယ်မှာ ကျေးရွာအုပ်စု ၆၁ အုပ်စုရှိပြီး မဲစာရင်း‌ကောက်ယူစဉ် အချိန်က‌‌ ရေကြီးခဲ့လို့ စာရင်းကောက်ယူသူ‌တွေ အခက်အခဲရှိခဲ့ပေမယ့် စက်တင်ဘာလကုန် အထိ မဲရုံ ၁၅၀ မှာ ၁၄၅ ရုံက လူဦးရေ ၁၂၀၀၀၀ ကျော်ကို စာရင်းသွင်းထားတာ ဖြစ်ပါတယ်။

ညောင်လေးပင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်းဦးရေစာရင်းကို မသိရှိရသေးပေမယ့် မသန်စွမ်းတဲ့သူတွေမဲပေးရာမှာ လွယ်ကူစေဖို့ မဲရုံတွေကိုပြင်ဆင်ပေးထားမယ်လို့ သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ လူငယ် ၅ သန်းလောက်ထိ တိုးလာနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013