DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၌ လက်နက်ကိုင်အဖွဲ့များ တရားမဝင်ပစ္စည်းသယ်ဆောင်ရောင်းဝယ်မှုရှိနေ
DVB
·
October 1, 2019
ကရင်ပြည်နယ်၌ လက်နက်ကိုင်အဖွဲ့များ တရားမဝင်ပစ္စည်းသယ်ဆောင်ရောင်းဝယ်မှုရှိနေ
1 / 5
Donate to DVB

ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံရှိနေပြီး တရားမဝင်ပစ္စည်းတွေ သယ်ဆောင်ရောင်းဝယ်မှု ရှိနေတဲ့အတွက် ရဲလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတချို့ရှိနေတယ်လို့  ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

“မြို့ပေါ်တက်လာတဲ့အခါ ယာဉ်မဆင်မခြင်မောင်းနှင်တာတွေ တရားမဝင်ပစ္စည်းတချို့ သယ်ဆောင်ရောင်းဝယ်မှုတွေ ကြုံတွေ့ရတာရှိတယ်။ ဒီနေရာမှာ ကျနော်တို့က တဖက်မှာ ပညာပေးလုပ်ငန်းများဆောင်ရွက်ရင်နဲ့ လက်တွဲထိန်းကျောင်းရင် ဥပဒေဘောင်အတွင်း ရောက်ရှိလာဖို့အတွက် ဆောင်ရွက်လျှက်ရှိတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ ၅၅ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ဒီဗွီဘီရဲ့မေးမြန်းမှုကို  ဖြေကြားခဲ့တာပါ။

အမှတ် ၁၀၂၂ နယ်ခြားစောင့်တပ်၊ တပ်မှူး ဗိုလ်မှူး စောမုတ်သုန်က“သူဌာနကတော့ သူလုပ်ထုံးလုပ်နည်းအတိုင်းလုပ်သွားကြတယ်။ ဒါပေမယ့် ရဲကြီးပဲလည်း လုပ်လို့မရဘူး။ နိုင်ငံတစ်ခုကောင်းဖို့အတွက်ဆိုတာ ပြည်သူနဲ့ရော၊ ဌာနဆိုင်ရာရော အကုန်းလုံးပေါင်းစည်းလုပ်မှ တိုးတက်သွားမယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကတော့ “မှုခင်းတွေထပ်မံမဖြစ်ရအောင် ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်။ ရဲလုပ်ငန်းဆောင်တာတွေမှာ ပြည်သူပါမှ အောင်ပွဲရဆိုသလို ပြည်သူလူထုပါဝင်တဲ့ လုပ်ငန်းစနစ်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြပါ။ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေကို ဝန်ဆောင်မှုကောင်းတွေပေးကြပါ”လို့ တိုက်တွန်းလိုက်ပါတယ်။

အခမ်းအနားမှာ ရဲလုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိသူတွေ၊ ရဲတပ်ဖွဲ့နဲ့ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်သူတွေကို ဂုဏ်ပြဆုတွေပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ အထိမ်းအမှတ် ဗွီဒီယိုပြသပကာ တာဝန်ရှိသူတွေက ခန်းမအတွင်းပြသထားတဲ့ ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ ကြပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရဲအမှုထမ်းကောင်းတံဆိပ် ၂၁၄ ဦး၊ နိုင်ငံတော်ရဲအမှုထမ်းတံဆိပ် ၇၇၉ ဦး၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် ၄၁၂၀ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၉ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၄၂ ဦး၊ စုစုပေါင်း ၅၁၆၄ ဦးကို ချီးမြှင့်ပေးအပ်ပြီးဖြစ်ပါတယ်။

သတင်း- ရဲမင်းခေါင်




ကရင္ျပည္နယ္၌ လက္နက္ကိုင္အဖြဲ႕မ်ား တရားမဝင္ပစၥည္းသယ္ေဆာင္ေရာင္းဝယ္မႈရွိေန
DVB

ကရင္ျပည္နယ္အတြင္း အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေပါင္းစုံရွိေနၿပီး တရားမဝင္ပစၥည္းေတြ သယ္ေဆာင္ေရာင္းဝယ္မႈ ရွိေနတဲ့အတြက္ ရဲလုပ္ငန္းေဆာင္႐ြက္တဲ့ေနရာမွာ အခက္အခဲတခ်ိဳ႕ရွိေနတယ္လို႔ ကရင္ျပည္နယ္ရဲတပ္ဖြဲ႕မႉး၊ ရဲမႉးႀကီး ေအာင္ျမတ္မိုးက ေျပာပါတယ္။

“ၿမိဳ႕ေပၚတက္လာတဲ့အခါ ယာဥ္မဆင္မျခင္ေမာင္းႏွင္တာေတြ တရားမဝင္ပစၥည္းတခ်ိဳ႕ သယ္ေဆာင္ေရာင္းဝယ္မႈေတြ ႀကဳံေတြ႕ရတာရွိတယ္။ ဒီေနရာမွာ က်ေနာ္တို႔က တဖက္မွာ ပညာေပးလုပ္ငန္းမ်ားေဆာင္႐ြက္ရင္နဲ႔ လက္တြဲထိန္းေက်ာင္းရင္ ဥပေဒေဘာင္အတြင္း ေရာက္ရွိလာဖို႔အတြက္ ေဆာင္႐ြက္လွ်က္ရွိတယ္”လို႔ ေျပာပါတယ္။

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ဇြဲကပင္ခန္းမမွာ ေအာက္တိုဘာ ၁ ရက္ေန႔ မနက္ပိုင္းက က်င္းပတဲ့ ၅၅ ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔ အခမ္းအနားမွာ ဒီဗြီဘီရဲ႕ေမးျမန္းမႈကို ေျဖၾကားခဲ့တာပါ။

အမွတ္ ၁၀၂၂ နယ္ျခားေစာင့္တပ္၊ တပ္မႉး ဗိုလ္မႉး ေစာမုတ္သုန္က“သူဌာနကေတာ့ သူလုပ္ထုံးလုပ္နည္းအတိုင္းလုပ္သြားၾကတယ္။ ဒါေပမယ့္ ရဲႀကီးပဲလည္း လုပ္လို႔မရဘူး။ ႏိုင္ငံတစ္ခုေကာင္းဖို႔အတြက္ဆိုတာ ျပည္သူနဲ႔ေရာ၊ ဌာနဆိုင္ရာေရာ အကုန္းလုံးေပါင္းစည္းလုပ္မွ တိုးတက္သြားမယ္”လို႔ ေျပာပါတယ္။

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကေတာ့ “မႈခင္းေတြထပ္မံမျဖစ္ရေအာင္ ျပည္သူလူထုနဲ႔ ပူးေပါင္းေဆာင္႐ြက္ရမွာျဖစ္တယ္။ ရဲလုပ္ငန္းေဆာင္တာေတြမွာ ျပည္သူပါမွ ေအာင္ပြဲရဆိုသလို ျပည္သူလူထုပါဝင္တဲ့ လုပ္ငန္းစနစ္ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကပါ။ ကရင္ျပည္နယ္မွာရွိတဲ့ ျပည္သူေတြကို ဝန္ေဆာင္မႈေကာင္းေတြေပးၾကပါ”လို႔ တိုက္တြန္းလိုက္ပါတယ္။

အခမ္းအနားမွာ ရဲလုပ္ငန္းစြမ္းေဆာင္ရည္ဆုရရွိသူေတြ၊ ရဲတပ္ဖြဲ႕နဲ႔ စိတ္အားထက္သန္စြာ ပူးေပါင္းပါဝင္သူေတြကို ဂုဏ္ျပဆုေတြေပးအပ္ခ်ီးျမႇင့္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန အထိမ္းအမွတ္ ဗြီဒီယိုျပသပကာ တာဝန္ရွိသူေတြက ခန္းမအတြင္းျပသထားတဲ့ ျပခန္းေတြကို လွည့္လည္ၾကည့္ရႈခဲ့ ၾကပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ ရဲအမႈထမ္းေကာင္းတံဆိပ္ ၂၁၄ ဦး၊ ႏိုင္ငံေတာ္ရဲအမႈထမ္းတံဆိပ္ ၇၇၉ ဦး၊ ၿငိမ္ဝပ္ပိျပားေရးႏွင့္ တရားဥပေဒစိုးမိုးေရးတံဆိပ္ ၄၁၂၀ ဦး၊ ျပည္သူ႔ဝန္ထမ္းေကာင္း တံဆိပ္ ၉ ဦး၊ ျပည္သူ႔ဝန္ထမ္းတံဆိပ္ ၄၂ ဦး၊ စုစုေပါင္း ၅၁၆၄ ဦးကို ခ်ီးျမႇင့္ေပးအပ္ၿပီးျဖစ္ပါတယ္။
သတင္း- ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013