DVB Logo
Home
Lead Story
နာမည်ကြီးနေသည့် စပွန်ဆာရုပ်ရှင် ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်ရှု သူ ၄ သန်းကျော်ရှိ(နမူနာ)
DVB
·
October 1, 2019
နာမည်ကြီးနေသည့် စပွန်ဆာရုပ်ရှင် ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်ရှု သူ ၄ သန်းကျော်ရှိ(နမူနာ)
Donate to DVB

ရုံမတင်ကတည်းက နာမည်ကြီးနေတဲ့ ဘဝသရုပ်ဖော်ဒရာမာရုပ်ရှင်-စပွန်ဆာကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

လုံမရဲ့ ဝတ္ထုကို သက်ဦးမောင်က ဇာတ်ညွှန်းခွဲပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ အောင်ဇော် လင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် နာမည်ကြီး သရုပ်ဆောင်မင်းသား နေ တိုး၊ ပိုင်ဖြိုးသုတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရဲလေး၊ ကျော်ကျော်၊ မြတ် ကေသီအောင်စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။

မိသားစုဘဝသရုပ်ဖော်ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားထဲမှာတော့ ကိုယ့်ရဲ့ မိ သားစုအပေါ် ကိုယ့်ရဲ့ အသွေးအသားတွေအပေါ် ပေးဆပ်ပြီးချစ်တဲ့ အစ်ကိုအကြီးဆုံး တယောက်ရဲ့ မေတ္တာတရားတွေနဲ့ ဘယ်လိုဇာတ်လမ်း၊ ဇာတ်ကွက်တွေ၊ အလှည့်အ ပြောင်းတွေနဲ့ ဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှု ကြရတော့မှာ ဖြစ်ပါတယ်။

နေတိုးနဲ့ ပိုင်ဖြိုးသုတို့ဟာ မီရုပ်ရှင်ကားထဲမှာလည်း အတူဆုံဖူးပြီး အကယ်ဒမီထူး ချွန်ဆုရ သရုပ်ဆောင်ကောင်းတွေ ဖြစ်ကြတာမို့ ဒီကားကိုလည်း ပရိသတ်တွေက စိတ် ဝင်စားနေကြတာပါ။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဇာတ်ဝင်ခန်း Dialog တွေနဲ့အတူ ရေပန်းစားနေပြီး ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။




နာမည္ႀကီးေနသည့္ စပြန္ဆာ႐ုပ္ရွင္ ေဖ့စ္ဘြတ္ခ္ေပၚ ၾကည့္ရႈ သူ ၄ သန္းေက်ာ္ရွိ(နမူနာ)
DVB
႐ုံမတင္ကတည္းက နာမည္ႀကီးေနတဲ့ ဘဝသ႐ုပ္ေဖာ္ဒရာမာ႐ုပ္ရွင္-စပြန္ဆာကို လာမယ့္ ေအာက္တိုဘာလ ၃ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

လုံမရဲ႕ ဝတၳဳကို သက္ဦးေမာင္က ဇာတ္ၫႊန္းခြဲေပးထားတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ နယူးဖိုးဝ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ဒါ႐ိုက္တာ ေအာင္ေဇာ္ လင္းက ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ ပရိသတ္အခ်စ္ေတာ္ နာမည္ႀကီး သ႐ုပ္ေဆာင္မင္းသား ေန တိုး၊ ပိုင္ၿဖိဳးသုတို႔နဲ႔အတူ တျခားသ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ ရဲေလး၊ ေက်ာ္ေက်ာ္၊ ျမတ္ ေကသီေအာင္စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာပါ။

မိသားစုဘဝသ႐ုပ္ေဖာ္႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီကားထဲမွာေတာ့ ကိုယ့္ရဲ႕ မိ သားစုအေပၚ ကိုယ့္ရဲ႕ အေသြးအသားေတြအေပၚ ေပးဆပ္ၿပီးခ်စ္တဲ့ အစ္ကိုအႀကီးဆုံး တေယာက္ရဲ႕ ေမတၱာတရားေတြနဲ႔ ဘယ္လိုဇာတ္လမ္း၊ ဇာတ္ကြက္ေတြ၊ အလွည့္အ ေျပာင္းေတြနဲ႔ ဖန္တီးပုံေဖာ္ထားမလဲဆိုတာကိုေတာ့ မၾကာခင္မွာပဲ ေစာင့္ေမွ်ာ္ၾကည့္ရႈ ၾကရေတာ့မွာ ျဖစ္ပါတယ္။

ေနတိုးနဲ႔ ပိုင္ၿဖိဳးသုတို႔ဟာ မီ႐ုပ္ရွင္ကားထဲမွာလည္း အတူဆုံဖူးၿပီး အကယ္ဒမီထူး ခြၽန္ဆုရ သ႐ုပ္ေဆာင္ေကာင္းေတြ ျဖစ္ၾကတာမို႔ ဒီကားကိုလည္း ပရိသတ္ေတြက စိတ္ ဝင္စားေနၾကတာပါ။

လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈ ကြန္ရက္စာမ်က္ႏွာေပၚမွာ ဇာတ္ဝင္ခန္း Dialog ေတြနဲ႔အတူ ေရပန္းစားေနၿပီး ဝင္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၄ သန္းေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013