DVB Logo
Home
Lead Story
ရော့ခ်သီချင်းဟောင်းတပုဒ်ကို တီးခတ်သီဆိုပြခဲ့သည့် တဇောင်းမေ တဖြစ်လဲ တင်ဇာမော်(ရုပ်သံ)
DVB
·
October 1, 2019
ရော့ခ်သီချင်းဟောင်းတပုဒ်ကို တီးခတ်သီဆိုပြခဲ့သည့် တဇောင်းမေ တဖြစ်လဲ တင်ဇာမော်(ရုပ်သံ)
Donate to DVB

လက်ရှိကျင်းပနေတဲ့ Myanmar Idol Seaon 4 ရဲ့ ဒိုင်တွေထဲက တဦးဖြစ်တဲ့ အ ဆိုတော် တင်ဇာမော်ဟာ တကယ့်ကို အဆိုပညာပါရမီရှင်တဦးဖြစ်တယ်ဆိုတာ ပရိ သတ်တွေက လက်ခံကြပြီး ဖြစ်ပါတယ်။

မနေ့ကညပိုင်းမှာတော့ သူဟာ ၁၉၉၀ ပြည်လွန်ကာလတွေက နာမည်ကျော် ရော့ခ်သီချင်းတပုဒ်ကို ကိုယ်တိုင်သီဆိုတီးခတ်ကာ အစွမ်းပြပြီး ပရိသတ်တွေကို ဖမ်း စားနိုင်ခဲ့ပြန်ပါပြီ။

အသက် ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တင်ဇာမော်ဟာ ၁၉၉၂ ခုနှစ်က တကယ့် ကို ရေပန်းစားကျော်ကြားခဲ့တဲ့ What’s Up? သီချင်းကို သီဆိုပြခဲ့တာပါ။

ဒီသီချင်းဟာ ဆန်ဖရန်စစ္စကို အခြေစိုက် 4 Non Blondes ရော့ခ်တေးဂီတအဖွဲ့ ရဲ့ သီချင်းတပုဒ်ဖြစ်ပြီး လင်ဒါပယ်ရီကတော့ သူတို့အဖွဲ့ရဲ့ ပင်တိုင်အဆိုရှင်ဖြစ်ပါတယ်။

ခုလတ်တလော တင်ဇာမော်ရဲ့ သီဆိုဖျော်ဖြေမှုမှာတော့ ဒိုင် ၂ ဦးဖြစ်တဲ့ အောင် ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ အရွှန်းဖောက် စကားတွေပြော၊ အမေးအဖြေတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ နာမည်အတိုကောက် တီဇက်အမ်အစား ပြိုင်ပွဲဝင် တ ဇောင်းမေလို့ မိတ်ဆက်ပြောပြခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ What’s Up? သီချင်းကို စည်းချက်ကျကျ သီဆိုသွားခဲ့ကာ အောင်ကိုလတ်နဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ ပံ့ပိုးတီးခတ် ဟာမိုနီသီဆိုမှုတွေနဲ့အတူ မြိုင် ဆိုင်နေခဲ့တာကို တွေ့ရပါတယ်။

ဒီသီချင်းကို Myanmar Idol ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ပြီး လတ်တလောမှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်က ဦးစောနုသီချင်းဆိုပြိုင်ပွဲကနေတဆင့် ဆုရရှိခဲ့ပြီး ဂီတလောကထဲ ကို ရောက်ရှိလာခဲ့တဲ့ တင်ဇာမော်ရဲ့ ပထမဆုံးတေးအယ်လ်ဘမ် စွဲလမ်းမှုပြဿနာကို တော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့တာပါ။

အဲဒီနောက် ဒုတိယမြောက်တကိုယ်တော် တေးအယ်လ်ဘမ် ကြင်နာသူနှစ်ဦးဆုံ နိုင်ရင်ကတော့ ပရိသတ်လက်ခံအားပေးမှု ရရှိခဲ့တဲ့ တေးအယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ အချစ်ကျောင်းသူ၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲ ခွေအဖြစ် ထွက်ရှိခဲ့တဲ့ သုံးယောက်စကား၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ မျက်စိမှိတ်ပြီး ချစ်လိုက်ပါစတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။

အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ တင်ဇာမော်ရဲ့ တင်ဇာမော်၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကြယ်စင်လိုအချစ်များ၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ တင်ဇာ မော်ရဲ့ တင်ဇာမော် ၂ စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောက ကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ကိုယ့်မွေးနေ့အမည်နဲ့ တကိုယ်တော်တေးဂီတဖျော် ဖြေပွဲနဲ့အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြု ကြရတဲ့ Seven ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါ တယ်။

၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ လက် ရှိ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။




ေရာ့ခ္သီခ်င္းေဟာင္းတပုဒ္ကို တီးခတ္သီဆိုျပခဲ့သည့္ တေဇာင္းေမ တျဖစ္လဲ တင္ဇာေမာ္(႐ုပ္သံ)
DVB

လက္ရွိက်င္းပေနတဲ့ Myanmar Idol Seaon 4 ရဲ႕ ဒိုင္ေတြထဲက တဦးျဖစ္တဲ့ အ ဆိုေတာ္ တင္ဇာေမာ္ဟာ တကယ့္ကို အဆိုပညာပါရမီရွင္တဦးျဖစ္တယ္ဆိုတာ ပရိ သတ္ေတြက လက္ခံၾကၿပီး ျဖစ္ပါတယ္။

မေန႔ကညပိုင္းမွာေတာ့ သူဟာ ၁၉၉၀ ျပည္လြန္ကာလေတြက နာမည္ေက်ာ္ ေရာ့ခ္သီခ်င္းတပုဒ္ကို ကိုယ္တိုင္သီဆိုတီးခတ္ကာ အစြမ္းျပၿပီး ပရိသတ္ေတြကို ဖမ္း စားႏိုင္ခဲ့ျပန္ပါၿပီ။

အသက္ ၄၃ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ တင္ဇာေမာ္ဟာ ၁၉၉၂ ခုႏွစ္က တကယ့္ ကို ေရပန္းစားေက်ာ္ၾကားခဲ့တဲ့ What’s Up? သီခ်င္းကို သီဆိုျပခဲ့တာပါ။

ဒီသီခ်င္းဟာ ဆန္ဖရန္စစၥကို အေျခစိုက္ 4 Non Blondes ေရာ့ခ္ေတးဂီတအဖြဲ႕ ရဲ႕ သီခ်င္းတပုဒ္ျဖစ္ၿပီး လင္ဒါပယ္ရီကေတာ့ သူတို႔အဖြဲ႕ရဲ႕ ပင္တိုင္အဆိုရွင္ျဖစ္ပါတယ္။

ခုလတ္တေလာ တင္ဇာေမာ္ရဲ႕ သီဆိုေဖ်ာ္ေျဖမႈမွာေတာ့ ဒိုင္ ၂ ဦးျဖစ္တဲ့ ေအာင္ ကိုလတ္၊ ျဖဴျဖဴေက်ာ္သိန္းတို႔နဲ႔အတူ အ႐ႊန္းေဖာက္ စကားေတြေျပာ၊ အေမးအေျဖေတြ ျပဳလုပ္ေနခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ နာမည္အတိုေကာက္ တီဇက္အမ္အစား ၿပိဳင္ပြဲဝင္ တ ေဇာင္းေမလို႔ မိတ္ဆက္ေျပာျပခဲ့တာကို ေတြ႕ရပါတယ္။

အဲဒီေနာက္မွာေတာ့ What’s Up? သီခ်င္းကို စည္းခ်က္က်က် သီဆိုသြားခဲ့ကာ ေအာင္ကိုလတ္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔ရဲ႕ ပံ့ပိုးတီးခတ္ ဟာမိုနီသီဆိုမႈေတြနဲ႔အတူ ၿမိဳင္ ဆိုင္ေနခဲ့တာကို ေတြ႕ရပါတယ္။

ဒီသီခ်င္းကို Myanmar Idol ရဲ႕ တရားဝင္ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွတဆင့္ မွ်ေဝထားခဲ့ၿပီး လတ္တေလာမွာေတာ့ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ တသန္းေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

၁၉၉၃ ခုႏွစ္က ဦးေစာႏုသီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ဆုရရွိခဲ့ၿပီး ဂီတေလာကထဲ ကို ေရာက္ရွိလာခဲ့တဲ့ တင္ဇာေမာ္ရဲ႕ ပထမဆုံးေတးအယ္လ္ဘမ္ စြဲလမ္းမႈျပႆနာကို ေတာ့ ၁၉၉၅ ခုႏွစ္မွာ ထြက္ရွိႏိုင္ခဲ့တာပါ။

အဲဒီေနာက္ ဒုတိယေျမာက္တကိုယ္ေတာ္ ေတးအယ္လ္ဘမ္ ၾကင္နာသူႏွစ္ဦးဆုံ ႏိုင္ရင္ကေတာ့ ပရိသတ္လက္ခံအားေပးမႈ ရရွိခဲ့တဲ့ ေတးအယ္လ္ဘမ္ျဖစ္ခဲ့ပါတယ္။
အဲဒီေနာက္ ၁၉၉၉ ခုႏွစ္မွာေတာ့ အခ်စ္ေက်ာင္းသူ၊ ထြန္းအိျႏၵာဗို၊ မဒီတို႔နဲ႔ အတြဲ ေခြအျဖစ္ ထြက္ရွိခဲ့တဲ့ သုံးေယာက္စကား၊ ထြန္းအိျႏၵာဗိုနဲ႔ ၂ ေယာက္တြဲ ထြက္ရွိခဲ့တဲ့ မ်က္စိမွိတ္ၿပီး ခ်စ္လိုက္ပါစတဲ့ ေတးအယ္လ္ဘမ္ေတြဟာလည္း ထင္ရွားပါတယ္။

အဲဒီေနာက္မွာေတာ့ ၂၀၀၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ တင္ဇာေမာ္ရဲ႕ တင္ဇာေမာ္၊ ၂၀၀၃ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ၾကယ္စင္လိုအခ်စ္မ်ား၊ ၂၀၀၅ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ တင္ဇာ ေမာ္ရဲ႕ တင္ဇာေမာ္ ၂ စတဲ့ ေတးအယ္လ္ဘမ္ေတြ ထြက္ရွိခဲ့ၿပီးေနာက္မွာ ဂီတေလာက ကေန ႏွစ္အတန္ၾကာ ေပ်ာက္ေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္မွာေတာ့ ကိုယ့္ေမြးေန႔အမည္နဲ႔ တကိုယ္ေတာ္ေတးဂီတေဖ်ာ္ ေျဖပြဲနဲ႔အတူ တေက်ာ့ျပန္ဝင္ေရာက္လာခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္မွာေတာ့ တေက်ာ့ျပန္တင္ဇာေမာ္ကို ပရိသတ္ေတြ အသိအမွတ္ျပဳ ၾကရတဲ့ Seven ဆိုတဲ့ တကိုယ္ေတာ္ေတးအယ္လ္ဘမ္နဲ႔အတူ ေတးဂီတဆုေတြ ရရွိခဲ့ပါ တယ္။

၂၀၁၇ ခုႏွစ္မွာပဲ Myanmar Idol Season 2 ရဲ႕ ဒိုင္တဦးအျဖစ္ပါဝင္ခဲ့ကာ လက္ ရွိ Season 4 မွာလည္း ေအာင္ကိုလတ္၊ ျဖဴျဖဴေက်ာ္သိန္းတို႔နဲ႔အတူ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013