DVB Logo
Home
မြန်မာသတင်း
သာယာဝတီမြို့တွင် တောင်သူ ၁၀၀၀ ကျော်ဆန္ဒပြ
DVB
·
October 1, 2019
သာယာဝတီမြို့တွင် တောင်သူ ၁၀၀၀ ကျော်ဆန္ဒပြ
1 / 7
Donate to DVB
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့နယ်မှာ အောက်တိုဘာ ၁ ရက်နေ့မနက်က  တောင်သူဘ၀ မြှင့်တင်ပေးရေးအတွက် ဒေသခံ တောင်သူ ၁၀၀၀ ကျော်ဆန္ဒပြခဲ့ကြပါတယ်။
နိမ့်ကျနေတဲ့ တောင်သူတွေဘဝမြှင့်တင်ပေးရေး အပါအဝင်အချက် ၆ ချက်နဲ့ ကျေးရွာအုပ်စု ၆၉ အုပ်စု၊ ကျေးရွာပေါင်း ၂၇၀ ကျော်က တောင်သူ ၁၀၀၀ ကျော် ဆန္ဒပြ ခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တဲ့ တောင်သူ ဦးဝင်းဇော်ဦးက "ကျနော်တို့တောင်သူတွေ လက်ရှိမှာ ရာသီဥတုဘေး၊ ပိုးမွှားတွေကျရောက်တဲ့ဘေး၊ စပါးအထွက်နှုန်းကျတဲ့အချိန်မှာ စပါးစျေးက လမ်းပေါ်အရောက်ပို့မှာ သုံးသိန်းခွဲစျေးပဲရတယ်။ တောင်သူတွေကုန်ကျထားတဲ့ ကုန်ကျစရိတ်နဲ့ စပါးစျေးက မကိုက်ညီဘူး၊ အရှုံးပေါ်နေတယ်။ တောင်သူတွေက လုပ်အားခရှုံးတာ အပြင်ရင်းနှီး မြှုပ်နှံမှု ငွေကြေးပါရှုံးနေတဲ့အတွက် အိတ်ထဲက စိုက်ထုတ်နေရတယ်။ ဒါကိုလည်း ကယ်မယ့်သူ မရှိဘူး။ ဒါတွေကို နိုင်ငံတော် အစိုးရသိအောင်နဲ့ အစိုးရအနေနဲ့ တောင်သူတွေ ဘဝကို ကာကွယ်ပေးနိုင်အောင်  လူထုအင်အားနဲ့တောင်းဆိုတာပါ"လို့ ပြောပါတယ်။
ဆန္ဒပြရာမှာ ထုတ်လုပ်မှုထက်ပိုမိုတဲ့စပါးစျေး အမြန်ဆုံးသတ်မှတ်ပေးရေး၊ စပါးတတင်း ၄၆ ပေါင်စံနှုန်းနဲ့ ဝယ်ယူပေးရေး၊ စပါးအတိုင်း နိုင်ငံခြားသို့ တိုက်ရိုက် တင်ပို့ရောင်းချနိုင်ရေး၊ သတ်မှတ်စျေးနှုန်းနဲ့ သီးနှံပေါ်ချိန်အမှီ ရောင်းချခွင့်ရရေး၊ တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အမြန်ဆုံးဖွဲ့စည်းပေးရေးနဲ့ နိမ့်ကျနေတဲ့ တောင်သူတွေဘဝမြှင့်တင်ပေးရေးဆိုတဲ့ အချက်တွေကို အဓိကတောင်းဆိုခဲ့တာပါ။
လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ပြောင်းလဲခဲ့ပေမယ့် ကုန်ကျမှုစရိတ်မြင့်တက်မှုနဲ့ စပါးစျေးကျဆင်းမှုတွေကြောင့် တောင်သူတွေရဲ့သားသမီးတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေ ရတယ်လို့  ဆန္ဒပြတောင်သူတွေက ပြောပါတယ်။
တောင်သူ မအိအိကျော်က "လက်မှုလယ်ယာကနေ စက်မှုလယ်ယာကိုပြောင်းခဲ့ချိန်မှာ စက်တွေနဲ့ အလုပ်လုပ်ရတော့ စပါးပေါ်ချိန်စောတယ်။ အဲ့မှာ အဆင်ပြေတာတွေရှိသလို မပြေတာတွေလည်း ရှိတယ်။ စပါးစျေးက ကျတယ်၊ ရိတ်ချွေခက မကျဘူး။ ရတဲ့စပါးစျေးနဲ့ လယ်တစ်ဧကထွက်နှုန်း၊ အလုပ်သမားခတွေ၊ စက်ယန္တရားခတွေ ပေးရတာတွေ မကာမိဘူး။ စက်တွေနဲ့အလုပ်လုပ်လို မြန်မြန်ဆန်ဆန်ပြီးပေမယ့် ငွေကြေးပမာဏက အရမ်းကွာတဲ့အတွက် တောင်သူတွေ အခက်အခဲတွေဖြစ်နေတယ်"လို့ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကလည်း သာယာဝတီမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၈ အုပ်စုကတောင်သူ ၁၀၀၀ ကျော်က အခြေခံစပါးစျေး တတင်းကို ကျပ် ၇၀၀၀ သတ်မှတ်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 
ဒီကနေ့ ဆန္ဒပြပွဲကို မနက် ၈ နာရီကျော်အချိန်မှာ သာယာဝတီမြို့ ဘောလုံးကွင်းရှေ့မှာ ဦးဆောင်သူတွေက ဟောပြောခဲ့ပြီး သာယာဝတီမြို့နဲ့ သုံးဆယ်မြို့ ရန်ကုန်-ပြည်လမ်းအတိုင်း ပိုစတာတွေ ကိုင်ဆောင် ကြွေးကျော်ကာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။
သတင်း - မေသွယ်
DVB
ဆန္ဒပြရာမှာ ထုတ်လုပ်မှုထက်ပိုမိုတဲ့စပါးဈေး အမြန်ဆုံးသတ်မှတ်ပေးရေး၊ စပါးတတင်း ၄၆ ပေါင်စံနှုန်းနဲ့ ဝယ်ယူပေးရေး၊ စပါးအတိုင်း နိုင်ငံခြားသို့ တိုက်ရိုက် တင်ပို့ရောင်းချနိုင်ရေး၊ သတ်မှတ်ဈေးနှုန်းနဲ့ သီးနှံပေါ်ချိန်အမှီ ရောင်းချခွင့်ရရေး၊ တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အမြန်ဆုံးဖွဲ့စည်းပေးရေးနဲ့ နိမ့်ကျနေတဲ့ တောင်သူတွေဘဝမြှင့်တင်ပေးရေးဆိုတဲ့ အချက်တွေကို အဓိကတောင်းဆိုခဲ့တာပါ။
လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ပြောင်းလဲခဲ့ပေမယ့် ကုန်ကျမှုစရိတ်မြင့်တက်မှုနဲ့ စပါးဈေးကျဆင်းမှုတွေကြောင့် တောင်သူတွေရဲ့သားသမီးတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေ ရတယ်လို့ ဆန္ဒပြတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကလည်း သာယာဝတီမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၈ အုပ်စုကတောင်သူ ၁၀၀၀ ကျော်က အခြေခံစပါးဈေး တတင်းကို ကျပ် ၇၀၀၀ သတ်မှတ်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သတင်း - မေသွယ်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013