DVB Logo
Home
Lead Story
ကျိုးပျက်နေတဲ့ ယုံကြည်မှုများ
DVB
·
October 1, 2019
ကျိုးပျက်နေတဲ့ ယုံကြည်မှုများ
Donate to DVB

ဇာတ်လမ်းရဲ့အစ မြဝတီခရီးစဉ်က အပြန်မှာ အောင်မင်္ဂလာကားဝင်းထဲ ရောက်တော့ မနက် ၂ နာရီထိုးနေပြီ။ အဝေးပြေးကားပေါ်က ဆင်းဆင်းချင်းမှာပဲ ယောကျ်ားသား လေး ငါးယောက်လောက်က အလုအယက်ပဲ၊ ပါလာတဲ့ အိတ်တွေကို ဝိုင်းဆွဲပြီး ဘယ်သွားမလဲ၊ ကာငှားဦးမလား မေးကြတယ်။ 

ပထမတော့ သူငယ်ချင်းနှစ်ယောက် မငှားသေးဘူးလို့ ပြောကြသေးတယ်။ ဒါပေမဲ့ အချိန်ကလည်း လင့်နေတော့၊ မထူးပါဘူးဆိုပြီး ငှားမယ်လို့ ဆိုလိုက်တယ်။ 

ဒါနဲ့ မြောက်ဒဂုံနဲ့ ဒေါပုံ နှစ်နေရာကို ပေါင်းပြီးသွားမယ်၊ ဈေးမေး‌တော့ ပုံမှန်ဈေးထက် အဆမတန် များနေတယ်။ နောက်ဆုံး ကြားထဲက ဈေးတခုနဲ့ အဲဒီအုပ်စုထဲက တယောက်က လိုက်မယ်ပြောလို့ အဆင်ပြေသွားတယ်။

အငှားကားပေါ် ရောက်ပြီး ၅ မိနစ်လောက်အထိ ကားက မထွက်သေးဘူး၊ ပြီးတော့မှ ခေါင်းဆောင်လို့ ယူဆရတဲ့သူက ကားသမားဆီက လူခေါ်ကြေး လာယူပြီး ဘယ်အချိန် ဘယ်နေရာ လာခဲ့လို့ သူတို့ချင်း ပြောသံကို ကြားလိုက်ရတယ်။ 

ဒီလိုနဲ့ ကားထွက်လာပြီး အရင်ဆုံး နီးရာ မြောက်ဒဂုံကို အရင်သွားကြတယ်။ မြောက်ဒဂုံမှာ သူငယ်ချင်းက ဆင်းပြီးလို့  ကျနော် တယောက်တည်း ဆက်ကျန်ခဲ့တယ်။ ဒါနဲ့ ကားက မြောက်ဒဂုံဘက်က ဆက်ထွက်လာတော့ သွားနေကျ နေရာလည်း မဟုတ်၊ ညဘက်လည်း ဖြစ်နေတော့ စိတ်ထဲ စိုးရိမ်စိတ် ထိတ်ခနဲ ဖြစ်သွားတယ်။

ချက်ချင်း ခေါင်းထဲမှာ တလောက အောင်မင်္ဂလာကားဝင်းအတွင်းက ခရီးသည် အလုအယက် ခေါ်တာနဲ့ပတ်သက်ပြီး လူခေါ်ပွဲစားအချင်းချင်း ပြဿနာတက်၊ လူသတ်မှု ဖြစ်တာကို ချက်ချင်း သတိရသွားမိတယ်။ ပတ်ဝန်းကျင်ဘေးကို ကြည့်တော့လည်း မြို့ပြင် မသိတဲ့နေရာ ဆိုတော့ ကြောက်စိတ်က ချက်ချင်း ဝင်လာတယ်။ ခုချိန်မှာ သူ ငါ့ကို တနေရာ ခေါ်ပြီး အကြမ်းဖက်ရင် ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။

အစောက သူတို့ချင်း ဘယ်နေရာကို ဘယ်အချိန် ပြန်လာခဲ့၊ အချိန်းအဆက် လုပ်နေတာကို သတိရပြီး ကြောက်စိတ်က ဝင်လာမိတယ်။ အဲဒါနဲ့ အိမ်ရောက်သွားပြီဖြစ်တဲ့ သူငယ်ချင်းဆီ ဖုန်းတွေဆက်၊ ဖုန်းကို ဟန်ပြအနေနဲ့ ဟိုလူ့ဆက်၊ ဒီလူ့ဆက် ပုံစံနဲ့ ဘယ်နေရာ ရောက်နေပြီး ဆိုပြီး ပြောဆိုနေမိတယ်။ စိုးရိမ်ကြောက်စိတ်နဲ့ တပြိုင်နက် စိတ်မကောင်းတွေးမိတာက ကားသမားကိုပဲ။ အသက်အရွယ်ချင်း မတိမ်းမယိမ်းပေမယ့် တဖက်သားအပေါ် ယုံကြည်မှု ပျက်နေတဲ့ ကိုယ့်စိတ်အခြေအနေကိုလည်း ပြန်စဉ်းစားမိတယ်။ 

တဆက်တည်း ကားတစီးထဲမှာ ကျနော် တွေးသလို သူရော ဒီလို ပြန်တွေးနေမိသလားလို့လည်း စဉ်းစားမိတယ်။ တပြိုင်နက် ခေါင်းထဲမှာ အတွေးပေါင်းစုံ ဝင်မိတယ်။ ပြီးတော့ ကျနော့်အလုပ်အကိုင် အခြေအနေအရ စစ်ဖြစ်တဲ့ဒေသတွေနဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေတောင် သွားနေရပြီး ရန်ကုန် အိမ်အပြန်ခရီးကျမှ စိုးရိမ်နေတဲ့ ကိုယ့်အခြေအနေကိုလည်း ပြန်အံ့သြမိနေတယ်။ ဒါပေမဲ့ အခြေအနေအရတော့ ကျနော် ဘာမှ မတတ်နိုင်ခဲ့ဘူး။ 

ရန်ကုန်မြို့မှာ မကြာခဏဆိုသလို အငှားတက္ကစီ ယာဉ်မောင်းသမားတွေကို ကားငှားစီးသူတွေက ရိုက်နှက်ပြီး ကားလုပြေးကြသလို ကားသမားတွေကလည်း ကားငှားစီးသူတွေအပေါ အကြမ်းဖက် လုပ်ရပ်တွေ ပြုလုပ်တဲ့ သတင်းတွေ မကြာခဏ မြင်တွေ့ကြားနေရယတယ်။

အထူးသဖြင့် ကားမောင်းသူတွေက ကားငှားစီးတဲ့ အမျိုးသမီးတွေကို ကားပေါ်မှာ လိင်အသားပေး ဇာတ်ကားတွေပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ မကြာခဏ ဆိုသလို မြင်တွေ့နေရတယ်။ ဒီလိုအခြေအနေတွေကြောင့် ငှားစီးတဲ့ ကားသမား၊ ကားနံပါတ် စတာတွေကို အာမခံချက်ရှိတဲ့ Grab လို ဝန်ဆောင်မှု အငှားကားကုမ္ပဏီတွေနဲ့ ချိတ်ဆက် စီးနင်းလာကြတယ်။

လူဦးရေ ၈ သန်းနီးပါး နေထိုင်တဲ့ ရန်ကုန်မြို့မှာ နေ့စဉ် လူ ၂ သန်းလောက်က သွားလာလှုပ်ရှားနေကြတယ်လို့ မြို့ပြအခြေပြုစာရင်းတွေအရ သိရတယ်။ ရန်ကုန်မှာ အငှားယာဉ် တက္ကစီပေါင်း ၈ သောင်းနီးပါး ရှိတယ်။ ဒါ့ကြောင့် သိန်းဂဏန်း လူဦးရေလောက်က ဒီအငှားယာဉ်တွေကို  အသုံးပြု သွားလာနေကြတယ်။

အငှားယာဉ်တွေရဲ့ သဘောသဘာဝအရ လိုရာခရီး မရောက်မချင်း ကားပေါ်မှာ ကားမောင်းသူနဲ့ ကားငှားစီးသူတာ ရှိကြတာ။ တနည်းအားဖြင့် ရောင်းသူ ဝယ်သူစကားနဲ့ ပြောရရင် တဖက်နဲ့ တဖက် ယုံကြည်မှုနဲ့ တခရီးတည်း သွားနေကြတာ ဖြစ်တယ်။

ကာငှားစီးသူဘက်က အုပ်စုလိုက် ကားသမားကို အကြမ်းဖက် လုယက်မှုတွေ ပြုလုပ်နေကြသလို ကားသမားတွေဘက်က ကားငှားစီးသူတွေကို အကြမ်းဖက် လုယက်မှုတွေ အပြန်အလှန် လုပ်နေမှုတွေက လူ့အဖွဲ့အစည်းအတွင်းမှာ တဖက်နဲ့တဖက်ကိုကို ယုံကြည်မှုတွေ ကျိုးပျက်စေတဲ့ အခြေအနေတခုကို   တွန်းပို့စေခဲ့တယ်။ 

အချုပ်အားဖြင့် ဆိုရသော် လူ့အဖွဲ့အစည်းအတွင်းမှာ ကျိုးပျက်နေတဲ့ ဒီယုံကြည်မှုတွေ အတွက် မည်သူ့မှာ တာဝန် ရှိနေပါသလဲ၊ ဘယ်သူဘယ်ဝါတွေကြောင့် ဒီလို အကျိုးဆက်တွေ ဖြစ်လာသလဲ ဆိုတာကိုတော့ နေ့စဉ်နဲ့အမျှ ကားငှားစီးရင်းနဲ့သာ  တွေးနေမိ‌တော့တယ်။

ပြည့်ဘုန်းအောင်(ဘူကင်း)

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

က်ိဳးပ်က္ေနတဲ့ ယုံၾကည္မႈမ်ား

ဇာတ္လမ္းရဲ႕အစ ျမဝတီခရီးစဥ္က အျပန္မွာ ေအာင္မဂၤလာကားဝင္းထဲ ေရာက္ေတာ့ မနက္ ၂ နာရီထိုးေနၿပီ။ အေဝးေျပးကားေပၚက ဆင္းဆင္းခ်င္းမွာပဲ ေယာက်္ားသား ေလး ငါးေယာက္ေလာက္က အလုအယက္ပဲ၊ ပါလာတဲ့ အိတ္ေတြကို ဝိုင္းဆြဲၿပီး ဘယ္သြားမလဲ၊ ကာငွားဦးမလား ေမးၾကတယ္။

ပထမေတာ့ သူငယ္ခ်င္းႏွစ္ေယာက္ မငွားေသးဘူးလို႔ ေျပာၾကေသးတယ္။ ဒါေပမဲ့ အခ်ိန္ကလည္း လင့္ေနေတာ့၊ မထူးပါဘူးဆိုၿပီး ငွားမယ္လို႔ ဆိုလိုက္တယ္။

ဒါနဲ႔ ေျမာက္ဒဂုံနဲ႔ ေဒါပုံ ႏွစ္ေနရာကို ေပါင္းၿပီးသြားမယ္၊ ေဈးေမး‌ေတာ့ ပုံမွန္ေဈးထက္ အဆမတန္ မ်ားေနတယ္။ ေနာက္ဆုံး ၾကားထဲက ေဈးတခုနဲ႔ အဲဒီအုပ္စုထဲက တေယာက္က လိုက္မယ္ေျပာလို႔ အဆင္ေျပသြားတယ္။

အငွားကားေပၚ ေရာက္ၿပီး ၅ မိနစ္ေလာက္အထိ ကားက မထြက္ေသးဘူး၊ ၿပီးေတာ့မွ ေခါင္းေဆာင္လို႔ ယူဆရတဲ့သူက ကားသမားဆီက လူေခၚေၾကး လာယူၿပီး ဘယ္အခ်ိန္ ဘယ္ေနရာ လာခဲ့လို႔ သူတို႔ခ်င္း ေျပာသံကို ၾကားလိုက္ရတယ္။

ဒီလိုနဲ႔ ကားထြက္လာၿပီး အရင္ဆုံး နီးရာ ေျမာက္ဒဂုံကို အရင္သြားၾကတယ္။ ေျမာက္ဒဂုံမွာ သူငယ္ခ်င္းက ဆင္းၿပီးလို႔  က်ေနာ္ တေယာက္တည္း ဆက္က်န္ခဲ့တယ္။ ဒါနဲ႔ ကားက ေျမာက္ဒဂုံဘက္က ဆက္ထြက္လာေတာ့ သြားေနက် ေနရာလည္း မဟုတ္၊ ညဘက္လည္း ျဖစ္ေနေတာ့ စိတ္ထဲ စိုးရိမ္စိတ္ ထိတ္ခနဲ ျဖစ္သြားတယ္။

ခ်က္ခ်င္း ေခါင္းထဲမွာ တေလာက ေအာင္မဂၤလာကားဝင္းအတြင္းက ခရီးသည္ အလုအယက္ ေခၚတာနဲ႔ပတ္သက္ၿပီး လူေခၚပြဲစားအခ်င္းခ်င္း ျပႆနာတက္၊ လူသတ္မႈ ျဖစ္တာကို ခ်က္ခ်င္း သတိရသြားမိတယ္။ ပတ္ဝန္းက်င္ေဘးကို ၾကည့္ေတာ့လည္း ၿမိဳ႕ျပင္ မသိတဲ့ေနရာ ဆိုေတာ့ ေၾကာက္စိတ္က ခ်က္ခ်င္း ဝင္လာတယ္။ ခုခ်ိန္မွာ သူ ငါ့ကို တေနရာ ေခၚၿပီး အၾကမ္းဖက္ရင္ ဘာမွတတ္ႏိုင္မွာ မဟုတ္ဘူး။

အေစာက သူတို႔ခ်င္း ဘယ္ေနရာကို ဘယ္အခ်ိန္ ျပန္လာခဲ့၊ အခ်ိန္းအဆက္ လုပ္ေနတာကို သတိရၿပီး ေၾကာက္စိတ္က ဝင္လာမိတယ္။ အဲဒါနဲ႔ အိမ္ေရာက္သြားၿပီျဖစ္တဲ့ သူငယ္ခ်င္းဆီ ဖုန္းေတြဆက္၊ ဖုန္းကို ဟန္ျပအေနနဲ႔ ဟိုလူ႔ဆက္၊ ဒီလူ႔ဆက္ ပုံစံနဲ႔ ဘယ္ေနရာ ေရာက္ေနၿပီး ဆိုၿပီး ေျပာဆိုေနမိတယ္။ စိုးရိမ္ေၾကာက္စိတ္နဲ႔ တၿပိဳင္နက္ စိတ္မေကာင္းေတြးမိတာက ကားသမားကိုပဲ။ အသက္အ႐ြယ္ခ်င္း မတိမ္းမယိမ္းေပမယ့္ တဖက္သားအေပၚ ယုံၾကည္မႈ ပ်က္ေနတဲ့ ကိုယ့္စိတ္အေျခအေနကိုလည္း ျပန္စဥ္းစားမိတယ္။

တဆက္တည္း ကားတစီးထဲမွာ က်ေနာ္ ေတြးသလို သူေရာ ဒီလို ျပန္ေတြးေနမိသလားလို႔လည္း စဥ္းစားမိတယ္။ တၿပိဳင္နက္ ေခါင္းထဲမွာ အေတြးေပါင္းစုံ ဝင္မိတယ္။ ၿပီးေတာ့ က်ေနာ့္အလုပ္အကိုင္ အေျခအေနအရ စစ္ျဖစ္တဲ့ေဒသေတြနဲ႔ ေဝးလံေခါင္သီတဲ့ ေဒသေတြေတာင္ သြားေနရၿပီး ရန္ကုန္ အိမ္အျပန္ခရီးက်မွ စိုးရိမ္ေနတဲ့ ကိုယ့္အေျခအေနကိုလည္း ျပန္အံ့ၾသမိေနတယ္။ ဒါေပမဲ့ အေျခအေနအရေတာ့ က်ေနာ္ ဘာမွ မတတ္ႏိုင္ခဲ့ဘူး။

ရန္ကုန္ၿမိဳ႕မွာ မၾကာခဏဆိုသလို အငွားတကၠစီ ယာဥ္ေမာင္းသမားေတြကို ကားငွားစီးသူေတြက ႐ိုက္ႏွက္ၿပီး ကားလုေျပးၾကသလို ကားသမားေတြကလည္း ကားငွားစီးသူေတြအေပါ အၾကမ္းဖက္ လုပ္ရပ္ေတြ ျပဳလုပ္တဲ့ သတင္းေတြ မၾကာခဏ ျမင္ေတြ႕ၾကားေနရယတယ္။

အထူးသျဖင့္ ကားေမာင္းသူေတြက ကားငွားစီးတဲ့ အမ်ိဳးသမီးေတြကို ကားေပၚမွာ လိင္အသားေပး ဇာတ္ကားေတြျပတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္ေတြမွာ မၾကာခဏ ဆိုသလို ျမင္ေတြ႕ေနရတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ ငွားစီးတဲ့ ကားသမား၊ ကားနံပါတ္ စတာေတြကို အာမခံခ်က္ရွိတဲ့ Grab လို ဝန္ေဆာင္မႈ အငွားကားကုမၸဏီေတြနဲ႔ ခ်ိတ္ဆက္ စီးနင္းလာၾကတယ္။

လူဦးေရ ၈ သန္းနီးပါး ေနထိုင္တဲ့ ရန္ကုန္ၿမိဳ႕မွာ ေန႔စဥ္ လူ ၂ သန္းေလာက္က သြားလာလႈပ္ရွားေနၾကတယ္လို႔ ၿမိဳ႕ျပအေျချပဳစာရင္းေတြအရ သိရတယ္။ ရန္ကုန္မွာ အငွားယာဥ္ တကၠစီေပါင္း ၈ ေသာင္းနီးပါး ရွိတယ္။ ဒါ့ေၾကာင့္ သိန္းဂဏန္း လူဦးေရေလာက္က ဒီအငွားယာဥ္ေတြကို  အသုံးျပဳ သြားလာေနၾကတယ္။

အငွားယာဥ္ေတြရဲ႕ သေဘာသဘာဝအရ လိုရာခရီး မေရာက္မခ်င္း ကားေပၚမွာ ကားေမာင္းသူနဲ႔ ကားငွားစီးသူတာ ရွိၾကတာ။ တနည္းအားျဖင့္ ေရာင္းသူ ဝယ္သူစကားနဲ႔ ေျပာရရင္ တဖက္နဲ႔ တဖက္ ယုံၾကည္မႈနဲ႔ တခရီးတည္း သြားေနၾကတာ ျဖစ္တယ္။

ကာငွားစီးသူဘက္က အုပ္စုလိုက္ ကားသမားကို အၾကမ္းဖက္ လုယက္မႈေတြ ျပဳလုပ္ေနၾကသလို ကားသမားေတြဘက္က ကားငွားစီးသူေတြကို အၾကမ္းဖက္ လုယက္မႈေတြ အျပန္အလွန္ လုပ္ေနမႈေတြက လူ႔အဖြဲ႕အစည္းအတြင္းမွာ တဖက္နဲ႔တဖက္ကိုကို ယုံၾကည္မႈေတြ က်ိဳးပ်က္ေစတဲ့ အေျခအေနတခုကို   တြန္းပို႔ေစခဲ့တယ္။

အခ်ဳပ္အားျဖင့္ ဆိုရေသာ္ လူ႔အဖြဲ႕အစည္းအတြင္းမွာ က်ိဳးပ်က္ေနတဲ့ ဒီယုံၾကည္မႈေတြ အတြက္ မည္သူ႔မွာ တာဝန္ ရွိေနပါသလဲ၊ ဘယ္သူဘယ္ဝါေတြေၾကာင့္ ဒီလို အက်ိဳးဆက္ေတြ ျဖစ္လာသလဲ ဆိုတာကိုေတာ့ ေန႔စဥ္နဲ႔အမွ် ကားငွားစီးရင္းနဲ႔သာ  ေတြးေနမိ‌ေတာ့တယ္။

ျပည့္ဘုန္းေအာင္(ဘူကင္း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013