DVB Logo
Home
မြန်မာသတင်း
ဆီးကျိတ်ကင်ဆာရောဂါသတိပြုမိစေရန် ပြင်ဦးလွင်၌ DGR ဆိုင်ကယ်စီးပွဲကျင်းပ 
DVB
·
September 30, 2019
ဆီးကျိတ်ကင်ဆာရောဂါသတိပြုမိစေရန် ပြင်ဦးလွင်၌ DGR ဆိုင်ကယ်စီးပွဲကျင်းပ 
1 / 6
Donate to DVB

အမျိုးသားတွေမှာ အဖြစ်များဆုံးရောဂါဖြစ်တဲ့ ဆီးကျိတ်ကင်ဆာရောဂါကို သတိပြုမိစေဖို့ရည်ရည်ချက်နဲ့ ၂၀၁၉ DGR(Distinguished Gentlemans Ride) ဆိုင်ကယ်စီးပွဲကို စက်တင်ဘာ ၂၉ရက်က ပြင်ဦးလွင်မြို့မှာ ပြုလုပ်ရာမှာ မြန်မာနိုင်ငံအနှံ့က ဆိုင်ကယ်စီးသူ ၆၀၀ ကျော်  လာရောက်စီးနင်းခဲ့ကြပါတယ်။

ကမ္ဘာ့အသိအမှတ်ပြု ဆိုင်ကယ်စုပေါင်းစီးနင်းတဲ့ပွဲတခုဖြစ်တဲ့ DGR ပွဲတွေကို ၂၀၁၂ ခုနှစ်မှာ သြစတေးလျနိုင်ငံကနေ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ အခုနှစ် ပြင်ဦးလွင်မှာ ကျင်းပတဲ့ ပွဲကိုတော့ ဆီးကြိတ်ကင်ဆာရောဂါကို သတိပြုမိစေဖို့အတွက် ပရဟိတပွဲအနေနဲ့ ကျင်းပတာဖြစ်တယ်လို့ ပွဲစီစဉ်သူ ကိုပြည့်စုံဦးက ပြောပါတယ်။ 

ဒီပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ တေးသံရှင်     ဆီးကြိတ်ရောဂါခံစားနေရတဲ့ အမျိုးသားတွေ၊ဝေဒနာရှင်တွေအတွက် ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပတာဖြစ်တယ်လို့လည်း တေးသံရှင် R ဇာနည်က ပြောပါတယ်။

ဒီပွဲမှာ လာရောက်ဆိုင်ကယ်စီးသူတွေထံကနေ အလှူငွေကောက်ခံပြီး ရရှိလာတဲ့အလှူငွေကို သြစတြေးလျနိုင်ငံမှာရှိတဲ့ Movember Foundation ကို ထောက်ပံ့ကူညီမယ်လို့ သိရပါတယ်။

DGR ပွဲကို ကမ္ဘာ့နိုင်ငံတွေမှာရှိတဲ့ မြို့ကြီးပေါင်း ၁၇၀ နီးပါးမှာ စက်တင်ဘာလ နောက်ဆုံးရက်သတ္တပတ်ရဲ့ တနင်္ဂနွေနေ့မှာ တပြိုင်နက်တည်းဆင်နွှဲကြတယ်လို့လည်း သိရပါတယ်

မြန်မာနိုင်ငံမှာတော့ အခုလိုကျင်းပတာဟာ သုံးကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် တောင်ကြီးမြို့မှာ ဆိုင်ကယ်စီးရေ ၁၂၀ကျော် ဒုတိယအကြိမ် ပုဂံမှာ ဆိုင်ကယ် ၂၈၀ကျော် စီးနင်းခဲ့ကြတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မှာ ဆိုင်ကယ်စီးသူတွေဟာ ကန်တော်ကြီးအနောက်ဘက် ကန်ပတ်လမ်းကနေ စတင်ထွက်ခွာပြီး မြို့ရှောင်လမ်းကနေ မြို့တွင်းတစ်လျှောက် အချိန်တစ်နာရီကျော်ကြာ စီးနင်းခဲ့ပါတယ်။

သတင်း- ထိန်ထိန်လင်း

========================

ဆီးက်ိတ္ကင္ဆာေရာဂါသတိျပဳမိေစရန္ ျပင္ဦးလြင္၌ DGR ဆိုင္ကယ္စီးပြဲက်င္းပ

DVB

အမ်ိဳးသားေတြမွာ အျဖစ္မ်ားဆုံးေရာဂါျဖစ္တဲ့ ဆီးက်ိတ္ကင္ဆာေရာဂါကို သတိျပဳမိေစဖို႔ရည္ရည္ခ်က္နဲ႔ ၂၀၁၉ DGR(Distinguished Gentlemans Ride) ဆိုင္ကယ္စီးပြဲကို စက္တင္ဘာ ၂၉ရက္က ျပင္ဦးလြင္ၿမိဳ႕မွာ ျပဳလုပ္ရာမွာ ျမန္မာႏိုင္ငံအႏွံ႔က ဆိုင္ကယ္စီးသူ ၆၀၀ ေက်ာ္  လာေရာက္စီးနင္းခဲ့ၾကပါတယ္။

ကမာၻ႔အသိအမွတ္ျပဳ ဆိုင္ကယ္စုေပါင္းစီးနင္းတဲ့ပြဲတခုျဖစ္တဲ့ DGR ပြဲေတြကို ၂၀၁၂ ခုႏွစ္မွာ ၾသစေတးလ်ႏိုင္ငံကေန စတင္က်င္းပခဲ့တာျဖစ္ပါတယ္။ အခုႏွစ္ ျပင္ဦးလြင္မွာ က်င္းပတဲ့ ပြဲကိုေတာ့ ဆီးႀကိတ္ကင္ဆာေရာဂါကို သတိျပဳမိေစဖို႔အတြက္ ပရဟိတပြဲအေနနဲ႔ က်င္းပတာျဖစ္တယ္လို႔ ပြဲစီစဥ္သူ ကိုျပည့္စုံဦးက ေျပာပါတယ္။

ဒီပြဲမွာ ပါဝင္ဆင္ႏႊဲခဲ့တဲ့ ေတးသံရွင္     ဆီးႀကိတ္ေရာဂါခံစားေနရတဲ့ အမ်ိဳးသားေတြ၊ေဝဒနာရွင္ေတြအတြက္ ရည္႐ြယ္ၿပီး ဒီပြဲကို က်င္းပတာျဖစ္တယ္လို႔လည္း ေတးသံရွင္ R ဇာနည္က ေျပာပါတယ္။

ဒီပြဲမွာ လာေရာက္ဆိုင္ကယ္စီးသူေတြထံကေန အလႉေငြေကာက္ခံၿပီး ရရွိလာတဲ့အလႉေငြကို ၾသစေၾတးလ်ႏိုင္ငံမွာရွိတဲ့ Movember Foundation ကို ေထာက္ပံ့ကူညီမယ္လို႔ သိရပါတယ္။

DGR ပြဲကို ကမာၻ႔ႏိုင္ငံေတြမွာရွိတဲ့ ၿမိဳ႕ႀကီးေပါင္း ၁၇၀ နီးပါးမွာ စက္တင္ဘာလ ေနာက္ဆုံးရက္သတၱပတ္ရဲ႕ တနဂၤေႏြေန႔မွာ တၿပိဳင္နက္တည္းဆင္ႏႊဲၾကတယ္လို႔လည္း သိရပါတယ္

ျမန္မာႏိုင္ငံမွာေတာ့ အခုလိုက်င္းပတာဟာ သုံးႀကိမ္ေျမာက္ျဖစ္ၿပီး ပထမအႀကိမ္အျဖစ္ ေတာင္ႀကီးၿမိဳ႕မွာ ဆိုင္ကယ္စီးေရ ၁၂၀ေက်ာ္ ဒုတိယအႀကိမ္ ပုဂံမွာ ဆိုင္ကယ္ ၂၈၀ေက်ာ္ စီးနင္းခဲ့ၾကတယ္လို႔ သိရပါတယ္။

ျပင္ဦးလြင္မွာ ဆိုင္ကယ္စီးသူေတြဟာ ကန္ေတာ္ႀကီးအေနာက္ဘက္ ကန္ပတ္လမ္းကေန စတင္ထြက္ခြာၿပီး ၿမိဳ႕ေရွာင္လမ္းကေန ၿမိဳ႕တြင္းတစ္ေလွ်ာက္ အခ်ိန္တစ္နာရီေက်ာ္ၾကာ စီးနင္းခဲ့ပါတယ္။

သတင္း- ထိန္ထိန္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013