DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့ ရတနာပုံတံတားပေါ်မှ ၁၅ နှစ်အရွယ် သီလရှင်လေး တပါး ခုန်ချ
DVB
·
September 30, 2019
စစ်ကိုင်းမြို့ ရတနာပုံတံတားပေါ်မှ ၁၅ နှစ်အရွယ် သီလရှင်လေး တပါး ခုန်ချ
Donate to DVB

စစ်ကိုင်းမြို့ရှိ ရတနာပုံတံတားပေါ်ကနေ စက်တင်ဘာလ ၃၀ ရက်နေ့က ၁၅ နှစ်အရွယ် သီလရှင်လေးတပါး မြစ်ထဲ ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က အင်းဝတံတားပေါ်ကနေ အမျိုးသားတဦး ဧရာဝတီမြစ်အတွင်း ခုန်ချသွားခဲ့လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်မှာ အင်းဝတံတား မြောက်ဘက်ရှိ ရတနာပုံတံတားပေါ်က သီလရှင်လေး ခုန်ချသွားတာကို ကယ်ဆယ်ရေးအဖွဲ့က မြင်တွေ့ခဲ့ကြတာပါ။

ဒါ့ကြောင့် သီလရှင်လေးကို အသက်ရှင်လျက် အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပြီး အခုလို ခုန်ချရတဲ့ အကြောင်းရင်းတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုစိုးနှင်းဦးက “ဘာကြောင့် အခုလို ခုန်ချရသလဲ ဆိုတာတော့ မေးလို့မရဘူး ဖြစ်နေတယ်။ သီလရှင်လေးက IBEC ဘကကျောင်းက ကိုးတန်းကျောင်းသူ ဖြစ်တယ်လို့ သိရတယ်။ အခု လောလောဆယ်တော့ ဆေးရုံပို့ထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ သီလရှင်လေးကို စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ခုန်ချရတဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့ကလည်း အင်းဝတံတားပေါ်ကနေ အမျိုးသားတဦးက ဧရာဝတီမြစ်အတွင်း ခုန်ချသွားရာမှာ ရှာဖွေနေဆဲ ဖြစ်ပြီး ၃၀ ရက်နေ့ ညနေပိုင်းအထိ ရှာမတွေ့သေးပါဘူး။ 

ရန်နိုင်စိုး၊ Photo - အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)

~~~~~~~~~~~~~~~~~
Zawgyi_version

စစ္ကိုင္းၿမိဳ႕ ရတနာပုံတံတားေပၚမွ ၁၅ ႏွစ္အ႐ြယ္ သီလရွင္ေလး တပါး ခုန္ခ်

စစ္ကိုင္းၿမိဳ႕ရွိ ရတနာပုံတံတားေပၚကေန စက္တင္ဘာလ ၃၀ ရက္ေန႔က ၁၅ ႏွစ္အ႐ြယ္ သီလရွင္ေလးတပါး ျမစ္ထဲ ခုန္ခ်မႈ ျဖစ္ပြားခဲ့ပါတယ္။

စက္တင္ဘာ ၂၉ ရက္ေန႔က အင္းဝတံတားေပၚကေန အမ်ိဳးသားတဦး ဧရာဝတီျမစ္အတြင္း ခုန္ခ်သြားခဲ့လို႔ ရွာေဖြကယ္ဆယ္ေရး လုပ္ေဆာင္ေနစဥ္မွာ   အင္းဝတံတား ေျမာက္ဘက္ရွိ ရတနာပုံတံတားေပၚက သီလရွင္ေလး ခုန္ခ်သြားတာကို ကယ္ဆယ္ေရးအဖြဲ႕က ျမင္ေတြ႕ခဲ့ၾကတာပါ။

ဒါ့ေၾကာင့္ သီလရွင္ေလးကို အသက္ရွင္လ်က္ အခ်ိန္မီ ကယ္ဆယ္ႏိုင္ခဲ့ၿပီး အခုလို ခုန္ခ်ရတဲ့ အေၾကာင္းရင္းေတာ့ မသိရေသးဘူးလို႔ ဆိုပါတယ္။

စစ္ကိုင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ အတြင္းေရးမႉး ကိုစိုးႏွင္းဦးက “ဘာေၾကာင့္ အခုလို ခုန္ခ်ရသလဲ ဆိုတာေတာ့ ေမးလို႔မရဘူး ျဖစ္ေနတယ္။ သီလရွင္ေလးက IBEC ဘကေက်ာင္းက ကိုးတန္းေက်ာင္းသူ ျဖစ္တယ္လို႔ သိရတယ္။ အခု ေလာေလာဆယ္ေတာ့ ေဆး႐ုံပို႔ထားပါတယ္” လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ သီလရွင္ေလးကို စစ္ကိုင္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး ခုန္ခ်ရတဲ့ အေၾကာင္းရင္းကိုေတာ့ တာဝန္ရွိသူေတြက ေမးျမန္းေနဆဲ ျဖစ္ပါတယ္။

စက္တင္ဘာ ၂၉ ရက္ေန႔ကလည္း အင္းဝတံတားေပၚကေန အမ်ိဳးသားတဦးက ဧရာဝတီျမစ္အတြင္း ခုန္ခ်သြားရာမွာ ရွာေဖြေနဆဲ ျဖစ္ၿပီး ၃၀ ရက္ေန႔ ညေနပိုင္းအထိ ရွာမေတြ႕ေသးပါဘူး။

ရန္ႏိုင္စိုး၊ Photo - အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ (စစ္ကိုင္း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013