DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနိုင်ရန် နေပြည်တော်ကို စံပြနေရာ သတ်မှတ် လုပ်ဆောင်မည်
DVB
·
September 30, 2019
မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနိုင်ရန် နေပြည်တော်ကို စံပြနေရာ သတ်မှတ် လုပ်ဆောင်မည်
Donate to DVB

မသန်စွမ်းသူတွေလည်း အများနည်းတူ သွားလာ အပန်းဖြေနိုင်စေဖို့အတွက် နေပြည်တော်မှာရှိတဲ့ နေရာတချို့ကို စံပြအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနက သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်ရေးဆိုင်ရာ ကွန်ဗင်းရှင်းအား အကောင်ထည်ဖော်မှုဆိုင်ရာ သုံးသပ်ဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက “မြို့မဈေးမှာ မသန်စွမ်းသူတွေအတွက် ဝင်ထွက်သွားလာပြီးတော့ အများနည်းတူ ဆောင်ရွက်နိုင်ဖို့ နောက်တခါ အပန်းဖြေဖို့အတွက်လည်း နေပြည်တော် ရေပန်းဥယျာဉ်မှာပေါ့နော်။ အများပြည်သူတွေအတွက် အဲ့အတွက်ကို ကျနော်တို့က ကနဦးစီမံကိန်းတခု နိုင်ငံတော်အစိုးရရဲ့ အစီအစဉ်အဖြစ် စံပြအနေနဲ့ ဆောင်ရွက်သွားမယ် " လို့ ပြောပါတယ်။

စတင်အကောင်အထည်ဖော်ဆောင်ရွက်မယ့် အချိန်အတိအကျမပြောဆိုနိုင်သေးပေမယ့် အခုနှစ်အတွင်းမဖြစ်နိုင်ပါက လာမယ့်နှစ်မှာ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီစီမံကိန်းကို နေပြည်တော်မှာ စံပြအနေနဲ့ အရင်ဆောင်ရွက်တာဖြစ်ပြီးတော့ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း တွန်းအားပေးဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

မသန်စွမ်းသူတွေလည်း အများပြည်သူတွေ သွားလာနေတဲ့ နေရာတွေကို သွားလာဆောင်ရွက်ခွင့် ရှိရမယ်ဆိုပြီးတော့ စတုတ္ထအကြိမ်မြောက် မသန်စွမ်းသူများ အခွင့်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ပြခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မသန္စြမ္းသူမ်ား လြယ္ကူစြာ သြားလာႏိုင္ရန္ ေနျပည္ေတာ္ကို စံျပေနရာ သတ္မွတ္ လုပ္ေဆာင္မည္

မသန္စြမ္းသူေတြလည္း အမ်ားနည္းတူ သြားလာ အပန္းေျဖႏိုင္ေစဖို႔အတြက္ ေနျပည္ေတာ္မွာရွိတဲ့ ေနရာတခ်ိဳ႕ကို စံျပအေနနဲ႔ ေဆာင္႐ြက္သြားမယ္လို႔ ျပန္လည္ထူေထာင္ေရးဦးစီးဌာနက သိရပါတယ္။

စက္တင္ဘာ ၃၀ ရက္က ေနျပည္ေတာ္ရွိ Horizon Lake View ဟိုတယ္မွာ က်င္းပတဲ့ ကုလသမဂၢ မသန္စြမ္းသူမ်ား၏ အခြင့္ေရးဆိုင္ရာ ကြန္ဗင္းရွင္းအား အေကာင္ထည္ေဖာ္မႈဆိုင္ရာ သုံးသပ္ေဆြးေႏြးတဲ့ အလုပ္႐ုံေဆြးေႏြးပြဲမွာ ေျပာဆိုခဲ့တာပါ။

ျပန္လည္ထူေထာင္ေရး ဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ဦးစြမ္းရည္ရက “ၿမိဳ႕မေဈးမွာ မသန္စြမ္းသူေတြအတြက္ ဝင္ထြက္သြားလာၿပီးေတာ့ အမ်ားနည္းတူ ေဆာင္႐ြက္ႏိုင္ဖို႔ ေနာက္တခါ အပန္းေျဖဖို႔အတြက္လည္း ေနျပည္ေတာ္ ေရပန္းဥယ်ာဥ္မွာေပါ့ေနာ္။ အမ်ားျပည္သူေတြအတြက္ အဲ့အတြက္ကို က်ေနာ္တို႔က ကနဦးစီမံကိန္းတခု ႏိုင္ငံေတာ္အစိုးရရဲ႕ အစီအစဥ္အျဖစ္ စံျပအေနနဲ႔ ေဆာင္႐ြက္သြားမယ္ " လို႔ ေျပာပါတယ္။

စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္မယ့္ အခ်ိန္အတိအက်မေျပာဆိုႏိုင္ေသးေပမယ့္ အခုႏွစ္အတြင္းမျဖစ္ႏိုင္ပါက လာမယ့္ႏွစ္မွာ လုပ္ေဆာင္သြားမယ္လို႔လည္း ဆိုပါတယ္။

ဒီစီမံကိန္းကို ေနျပည္ေတာ္မွာ စံျပအေနနဲ႔ အရင္ေဆာင္႐ြက္တာျဖစ္ၿပီးေတာ့ အျခား တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာလည္း တြန္းအားေပးေဆာင္႐ြက္ သြားမယ္လို႔ သိရပါတယ္။

မသန္စြမ္းသူေတြလည္း အမ်ားျပည္သူေတြ သြားလာေနတဲ့ ေနရာေတြကို သြားလာေဆာင္႐ြက္ခြင့္ ရွိရမယ္ဆိုၿပီးေတာ့ စတုတၳအႀကိမ္ေျမာက္ မသန္စြမ္းသူမ်ား အခြင့္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီအစည္းအေဝးမွာ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက တင္ျပခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013