DVB Logo
Home
မြန်မာသတင်း
ယန်စီကုမ္ပဏီကို အစိုးရက သတ္တုစမ်းသပ်ခွင့်ပေးသည့်အပေါ် ဒေသခံများ ကန့်ကွက်ဆန္ဒပြ
DVB
·
September 30, 2019
ယန်စီကုမ္ပဏီကို အစိုးရက သတ္တုစမ်းသပ်ခွင့်ပေးသည့်အပေါ် ဒေသခံများ ကန့်ကွက်ဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ယန်စီကုမ္ပဏီက သတ္တုတူးဖော် စမ်းသပ်လုပ်ကွက် လျှောက်ထားမှုကို တိုင်းအစိုးရက သဘောတူလိုက်တဲ့အတွက် မကျေနပ်လို့ ဒေသခံပြည်သူ ၁၀၀၀ လောက်က  ဒီကနေ့ မုံရွာမြို့မှာ လာရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူ ကိုလှမင်းနိုင်က “တိုင်းအစိုးရအဖွဲ့က စည်ပင်ဝန်ကြီး၊ လုံ/နယ်ဝန်ကြီးနဲ့ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒကို သိနိုင်ဖို့ ပြီးခဲ့တဲ့ နှစ်လဝန်းကျင်က တွေ့ဆုံပွဲ လုပ်ခဲ့စဉ်ကလည်း ဒေသခံတွေအနေနဲ့ သဘောမတူဘူးဆိုတာ တသံတည်း ပြောခဲ့ပြီးသား ဖြစ်တယ်။ ဒါကို ဒေသခံတွေရဲ့ ဆန္ဒကို အလေးမထားဘဲ စမ်းသပ်ခွင့်ပြုတာကို လက်မခံနိုင်တဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တိုင်းအစိုးရအနေနဲ့ကတော့ စမ်းသပ်ခွင့်တင်ထားတဲ့ ဧရိယာတွေထဲက ရွာမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ သာသနိကမြေတွေကို စိစစ်ဖယ်ထုတ်ကာ ခွင့်ပြုမိန့် တောင်းခံထားတဲ့ ဧရိယာ ၁၁၀၀၀၀ ကျော်ထဲက ဆားလင်းကြီးမြို့နယ်မှ ၂၉၁ ဧက၊ ယင်းမာပင်မြို့နယ်က ၁၆၂၅၆ ဧက၊ ကနီမြို့နယ်က ၁၁၅၈၉ ဧကကို ကြေးနီနဲ့ ဆက်စပ်သတ္တုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာဖို့ ကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ်ချက်ကို သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို စက်တင်ဘာ ၁၃ ရက် ရက်စွဲနဲ့ အကြောင်းပြန်ကြားထားတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို လာရောက်ဝန်းရံခဲ့သူ ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက “အခုလို အစိုးရရဲ့ ဆောင်ရွက်ချက်က ဒေသခံတွေရဲ့သဘောထားကို လျစ်လျုရှုရာ ရောက်သလို ကိုယ်စားလှယ်တွေကိုလည်း ခေါ်ယူညှိနှိုင်းတာ မရှိတဲ့အတွက် ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာ ဌာနအားလုံးကို ကန့်ကွက်ကြောင်း စာတွေ ပေးပို့တင်ပြသွားမယ်”လို့ ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့ တတိယ ၁ နှစ်တာကာလ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာတုန်းကလည်း သတင်းထောက်တွေရဲ့ မေးမြန်းချက်အပေါ်မှာ ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ စည်ပင်ဝန်ကြီးက ပြောဆိုထားပါတယ်။ 

လတ်တလောမှာ ယန်စီကုမ္ပဏီက ဆောင်ရွက်နေတဲ့ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းက ဒေသခံတွေနဲ့ မြေယာပြဿနာတွေနဲ့ အခြားပြဿနာတွေမှာ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ 

အခုစမ်းသပ်ခွင့်ပြုတဲ့အပေါ်မှာတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့  အဖွဲ့အစည်း ၁၈ ဖွဲ့က ကန့်ကွက်တဲ့ သဘောထားကြေညာထားပါတယ်။ 

ဆန္ဒပြပွဲမှာတော့ ဒေသခံပြည်သူတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဒေသခံပြည်သူတွေရဲ့ဘဝ လုံခြုံရေးကို အလေးမထားတဲ့ ကုမ္ပဏီ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြရာ လမ်းတလျှောက် ဟစ်အော်ခဲ့ကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ယန္စီကုမၸဏီကို အစိုးရက သတၱဳစမ္းသပ္ခြင့္ေပးသည့္အေပၚ ေဒသခံမ်ား ကန႔္ကြက္ဆႏၵျပ

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္အတြင္း ယန္စီကုမၸဏီက သတၱဳတူးေဖာ္ စမ္းသပ္လုပ္ကြက္ ေလွ်ာက္ထားမႈကို တိုင္းအစိုးရက သေဘာတူလိုက္တဲ့အတြက္ မေက်နပ္လို႔ ေဒသခံျပည္သူ ၁၀၀၀ ေလာက္က  ဒီကေန႔ မုံ႐ြာၿမိဳ႕မွာ လာေရာက္ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပပြဲ ဦးေဆာင္သူ ကိုလွမင္းႏိုင္က “တိုင္းအစိုးရအဖြဲ႕က စည္ပင္ဝန္ႀကီး၊ လုံ/နယ္ဝန္ႀကီးနဲ႔ ခ်င္းတိုင္းရင္းသားေရးရာ ဝန္ႀကီးတို႔ ေဒသခံျပည္သူေတြရဲ႕ သေဘာဆႏၵကို သိႏိုင္ဖို႔ ၿပီးခဲ့တဲ့ ႏွစ္လဝန္းက်င္က ေတြ႕ဆုံပြဲ လုပ္ခဲ့စဥ္ကလည္း ေဒသခံေတြအေနနဲ႔ သေဘာမတူဘူးဆိုတာ တသံတည္း ေျပာခဲ့ၿပီးသား ျဖစ္တယ္။ ဒါကို ေဒသခံေတြရဲ႕ ဆႏၵကို အေလးမထားဘဲ စမ္းသပ္ခြင့္ျပဳတာကို လက္မခံႏိုင္တဲ့အတြက္ ဆႏၵျပတာ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

တိုင္းအစိုးရအေနနဲ႔ကေတာ့ စမ္းသပ္ခြင့္တင္ထားတဲ့ ဧရိယာေတြထဲက ႐ြာေျမ၊ လယ္ယာေျမ၊ သစ္ေတာေျမ၊ သာသနိကေျမေတြကို စိစစ္ဖယ္ထုတ္ကာ ခြင့္ျပဳမိန႔္ ေတာင္းခံထားတဲ့ ဧရိယာ ၁၁၀၀၀၀ ေက်ာ္ထဲက ဆားလင္းႀကီးၿမိဳ႕နယ္မွ ၂၉၁ ဧက၊ ယင္းမာပင္ၿမိဳ႕နယ္က ၁၆၂၅၆ ဧက၊ ကနီၿမိဳ႕နယ္က ၁၁၅၈၉ ဧကကို ေၾကးနီနဲ႔ ဆက္စပ္သတၱဳရွာေဖြေရး၊ စမ္းသပ္တိုင္းတာေရးႏွင့္ ျဖစ္ေျမာက္ႏိုင္စြမ္း ေလ့လာဖို႔ ကန႔္ကြက္ရန္မရွိေၾကာင္း သေဘာထားမွတ္ခ်က္ကို သယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနကို စက္တင္ဘာ ၁၃ ရက္ ရက္စြဲနဲ႔ အေၾကာင္းျပန္ၾကားထားတာ ျဖစ္ပါတယ္။

ဆႏၵျပပြဲကို လာေရာက္ဝန္းရံခဲ့သူ ယင္းမာပင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္စိုးက “အခုလို အစိုးရရဲ႕ ေဆာင္႐ြက္ခ်က္က ေဒသခံေတြရဲ႕သေဘာထားကို လ်စ္လ်ဳရႈရာ ေရာက္သလို ကိုယ္စားလွယ္ေတြကိုလည္း ေခၚယူညႇိႏႈိင္းတာ မရွိတဲ့အတြက္ ကိုယ္စားလွယ္ေတြအေနနဲ႔ ႏိုင္ငံေတာ္သမၼတ၊ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ သက္ဆိုင္ရာ ဌာနအားလုံးကို ကန႔္ကြက္ေၾကာင္း စာေတြ ေပးပို႔တင္ျပသြားမယ္”လို႔ ေျပာပါတယ္။

တိုင္းအစိုးရအဖြဲ႕ရဲ႕ တတိယ ၁ ႏွစ္တာကာလ ေဆာင္႐ြက္ခ်က္ သတင္းစာရွင္းလင္းပြဲမွာတုန္းကလည္း သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္အေပၚမွာ ျပည္သူေတြရဲ႕ ဆႏၵမပါဘဲ လုပ္ေဆာင္မွာ မဟုတ္ဘူးလို႔ စည္ပင္ဝန္ႀကီးက ေျပာဆိုထားပါတယ္။

လတ္တေလာမွာ ယန္စီကုမၸဏီက ေဆာင္႐ြက္ေနတဲ့ စံပယ္ေတာင္၊ ေၾကးစင္ေတာင္ ေၾကးနီစီမံကိန္းက ေဒသခံေတြနဲ႔ ေျမယာျပႆနာေတြနဲ႔ အျခားျပႆနာေတြမွာ ေျပလည္ေအာင္ ေျဖရွင္းႏိုင္ျခင္း မရွိေသးပါဘူး။

အခုစမ္းသပ္ခြင့္ျပဳတဲ့အေပၚမွာေတာ့ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီနဲ႔  အဖြဲ႕အစည္း ၁၈ ဖြဲ႕က ကန႔္ကြက္တဲ့ သေဘာထားေၾကညာထားပါတယ္။

ဆႏၵျပပြဲမွာေတာ့ ေဒသခံျပည္သူေတြက သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေရး၊ ေဒသခံျပည္သူေတြရဲ႕ဘဝ လုံၿခဳံေရးကို အေလးမထားတဲ့ ကုမၸဏီ အလိုမရွိ စတဲ့ ေႂကြးေၾကာ္သံေတြကို ဆႏၵျပရာ လမ္းတေလွ်ာက္ ဟစ္ေအာ္ခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013