DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းမှတ်ပုံတင်လုပ်ငန်း အောင်မြင်ရေး ပူးပေါင်းကူညီရန် ကရင်ဝန်ကြီးတိုက်တွန်း
DVB
·
September 30, 2019
မသန်စွမ်းမှတ်ပုံတင်လုပ်ငန်း အောင်မြင်ရေး ပူးပေါင်းကူညီရန် ကရင်ဝန်ကြီးတိုက်တွန်း
Donate to DVB

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်း အောင်မြင်အောင် ဌာနဆိုင်ရာ၊ လူမှုရေးအဖွဲ့အစည်းတွေသာမက ပြည်သူလူထုကပါ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က တိုက်တွန်းလိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်မှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းကနဦး ၃ မြို့နယ် အကောင်အထည် ဖော်ခြင်းလုပ်ငန်းစဉ် တင်ပြခြင်းအအလုပ်ရုံဆွေးနွေးပွဲမှာ တိုက်တွန်းပြောဆိုလိုက်တာပါ။

လူမှုရေးဝန်ကြီးဦးစောဘိုဘိုဝေမောင်က “မသန်စွမ်းသူတွေ အတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာတွေ၊ လူမှုရေးအဖွဲ့အစည်းတွေသာမက ပြည်သူလူထုကပါ ဝိုင်းဝန်းဆောင်ရွက်ပေးမှသာ အောင်မြင်နိုင်မှာဖြစ်တာကြောင့် မသန်စွမ်းသူတွေ အားလုံးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါ” လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ ဖားစည်းမြေကိုယ့်အားကိုယ်ကိုးမသန်စွမ်းအဖွဲ့၊ ဥက္ကဋ္ဌ စောရွှေအိုးက “လုံး၀ အလုပ်မလုပ်နိုင်တဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့လိုအပ်တာပေါ့။ သူတို့တွေက လုပ်ချင်ပေမယ့်လည်း လုံးဝလုပ်လို့မရတဲ့ အနေအထားအများကြီးရှိတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းက “အကျိုးခံစားခွင့်ရှိတဲ့သူတွေကို နိုင်ငံတော်ကနေပြီး ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေကောက်ခံပြီးမှ ချီးမြှင့်တာဖြစ်တဲ့အတွက် သူတို့ကို တိတိကျကျပေး ပေးဖို့အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ကြီးက လမ်းညွှန်ထားတယ်” လို့ ပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တင်ပြခြင်း၊ တိုင်း၊ ပြည်နယ်၊ သက်ဆိုင်ရာမြို့နယ်တွေမှာ လုပ်ငန်းအဆင့် ၁ မှာ တာဝန်ယူဆောင်ရွက်မယ့် မှတ်ပုံတင်ကြီးကြပ်ရေးမှူးတွေရဲ့ကဏ္ဍနဲ့ လက်တွေ့ အကောင်အထည်ဖော်မှုအတွက် ဆွေးနွေးခြင်း၊ သက်ဆိုင်ရာမြို့နယ်မှာ လုပ်ဆောင်သွားရမယ့် ရှေ့လုပ်ငန်းအစီအစဉ်တွေကို ဆွေးနွေးသဘောတူညီမှု ရယူတာတွေကို တက်ရောက်လာသူတွေနဲ့ မေးမြန်းဆွေးနွေး ခဲ့ကြပါတယ်။

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကိ အစပျိုးစီမံချက် အနေနဲ့ ကနဦး ၃ မြို့နယ်အနေနဲ့ လှိုင်သာယာမြို့နယ်၊ ညောင်လေးပင်မြို့နယ်နဲ့ ဘားအံမြို့နယ်တွေမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။

ဒုတိယအကြိမ်ထောက်ပံ့ကြေးပေးအပ်ရာမှာ တစ်ကြိမ်မှမရရှိသေးတဲ့ မသန်စွမ်းတဦးကို ၃၀၀၀၀ကျပ်နဲ့ လူဦး ၅၇၉၀ ကျော်အတွက် ကျပ်သိန်း ၁၇၃၀ ကျော်ကို သက်ဆိုင်ရာမြို့နယ်အလိုက် ပေးအပ်သွားမှာပါ။

သတင်း-ရဲမင်းခေါင်

===================

မသန္စြမ္းမွတ္ပုံတင္လုပ္ငန္း ေအာင္ျမင္ေရး ပူးေပါင္းကူညီရန္ ကရင္ဝန္ႀကီးတိုက္တြန္း

DVB

မသန္စြမ္းမႈအဆင့္သတ္မွတ္ျခင္းနဲ႔ မွတ္ပုံတင္ျခင္းလုပ္ငန္း ေအာင္ျမင္ေအာင္ ဌာနဆိုင္ရာ၊ လူမႈေရးအဖြဲ႕အစည္းေတြသာမက ျပည္သူလူထုကပါ ဝိုင္းဝန္း ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕၊ လူမႈေရးဝန္ႀကီး ဦးေစာဘိုဘိုေဝေမာင္က တိုက္တြန္းလိုက္ပါတယ္။

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ေတာ္ဝင္ရတနာဟိုတယ္မွာ စက္တင္ဘာ ၂၉ ရက္ မနက္ပိုင္းက မသန္စြမ္းအဆင့္သတ္မွတ္ျခင္းနဲ႔ မွတ္ပုံတင္ျခင္းကနဦး ၃ ၿမိဳ႕နယ္ အေကာင္အထည္ ေဖာ္ျခင္းလုပ္ငန္းစဥ္ တင္ျပျခင္းအအလုပ္႐ုံေဆြးေႏြးပြဲမွာ တိုက္တြန္းေျပာဆိုလိုက္တာပါ။

လူမႈေရးဝန္ႀကီးဦးေစာဘိုဘိုေဝေမာင္က “မသန္စြမ္းသူေတြ အတြက္ မွတ္ပုံတင္ျခင္းလုပ္ငန္းကို ဌာနဆိုင္ရာေတြ၊ လူမႈေရးအဖြဲ႕အစည္းေတြသာမက ျပည္သူလူထုကပါ ဝိုင္းဝန္းေဆာင္႐ြက္ေပးမွသာ ေအာင္ျမင္ႏိုင္မွာျဖစ္တာေၾကာင့္ မသန္စြမ္းသူေတြ အားလုံးအတြက္ ပူးေပါင္းေဆာင္႐ြက္ေပးၾကပါ” လို႔ ေျပာပါတယ္။

ဘားအံၿမိဳ႕နယ္၊ ဖားစည္းေျမကိုယ့္အားကိုယ္ကိုးမသန္စြမ္းအဖြဲ႕၊ ဥကၠ႒ ေစာေ႐ႊအိုးက “လုံး၀ အလုပ္မလုပ္ႏိုင္တဲ့ မသန္စြမ္းေတြကို ေထာက္ပံ့ေၾကးေပးဖို႔လိုအပ္တာေပါ့။ သူတို႔ေတြက လုပ္ခ်င္ေပမယ့္လည္း လုံးဝလုပ္လို႔မရတဲ့ အေနအထားအမ်ားႀကီးရွိတယ္” လို႔ ေျပာပါတယ္။

ကရင္ျပည္နယ္လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေဇာ္မင္းက “အက်ိဳးခံစားခြင့္ရွိတဲ့သူေတြကို ႏိုင္ငံေတာ္ကေနၿပီး ျပည္သူလူထုရဲ႕ ဘ႑ာေငြေတြေကာက္ခံၿပီးမွ ခ်ီးျမႇင့္တာျဖစ္တဲ့အတြက္ သူတို႔ကို တိတိက်က်ေပး ေပးဖို႔အတြက္ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႀကီးက လမ္းၫႊန္ထားတယ္” လို႔ ေျပာပါတယ္။

အလုပ္႐ုံေဆြးေႏြးပြဲမွာ မသန္စြမ္းမႈ အဆင့္သတ္မွတ္ျခင္းနဲ႔ မွတ္ပုံတင္ျခင္း လုပ္ငန္းစဥ္တင္ျပျခင္း၊ တိုင္း၊ ျပည္နယ္၊ သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ လုပ္ငန္းအဆင့္ ၁ မွာ တာဝန္ယူေဆာင္႐ြက္မယ့္ မွတ္ပုံတင္ႀကီးၾကပ္ေရးမႉးေတြရဲ႕က႑နဲ႔ လက္ေတြ႕ အေကာင္အထည္ေဖာ္မႈအတြက္ ေဆြးေႏြးျခင္း၊ သက္ဆိုင္ရာၿမိဳ႕နယ္မွာ လုပ္ေဆာင္သြားရမယ့္ ေရွ႕လုပ္ငန္းအစီအစဥ္ေတြကို ေဆြးေႏြးသေဘာတူညီမႈ ရယူတာေတြကို တက္ေရာက္လာသူေတြနဲ႔ ေမးျမန္းေဆြးေႏြး ခဲ့ၾကပါတယ္။

မသန္စြမ္းမႈအဆင့္သတ္မွတ္ျခင္းနဲ႔ မွတ္ပုံတင္ျခင္းလုပ္ငန္းေတြကိ အစပ်ိဳးစီမံခ်က္ အေနနဲ႔ ကနဦး ၃ ၿမိဳ႕နယ္အေနနဲ႔ လႈိင္သာယာၿမိဳ႕နယ္၊ ေညာင္ေလးပင္ၿမိဳ႕နယ္နဲ႔ ဘားအံၿမိဳ႕နယ္ေတြမွာ စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမွာပါ။

ဒုတိယအႀကိမ္ေထာက္ပံ့ေၾကးေပးအပ္ရာမွာ တစ္ႀကိမ္မွမရရွိေသးတဲ့ မသန္စြမ္းတဦးကို ၃၀၀၀၀က်ပ္နဲ႔ လူဦး ၅၇၉၀ ေက်ာ္အတြက္ က်ပ္သိန္း ၁၇၃၀ ေက်ာ္ကို သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ေပးအပ္သြားမွာပါ။

သတင္း-ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013