DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု ထက်ဝက်ကျဆင်းသွားဟု ကုလသမဂ္ဂညီလာခံတွင် ပြောကြား
DVB
·
September 30, 2019
မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု ထက်ဝက်ကျဆင်းသွားဟု ကုလသမဂ္ဂညီလာခံတွင် ပြောကြား
Donate to DVB

မြန်မာနိုင်ငံရဲ့ ဆင်းရဲမှုဟာ ၂၀၀၅ ခုနှစ်က ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ ထက်ဝက် ကျဆင်းသွားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲမှာ  မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးကျော်တင့်ဆွေက မိန့်ခွန်းပြောကြားခဲ့တာပါ။

“မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲမှုကို ဖြေရှင်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့အားလျော်စွာ တဖက်မှာ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသလို အခြားတဖက်မှာလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည်တည်တံ့ရေးတို့ကို အလေးဂရုပြုပြီး ချိန်ညှိဆောင်ရွက်နေပါတယ်။ စီးပွားရေးတိုးတက်မှု ရရှိစေဖို့သာမက ယင်းထက် ပိုမျှော်မှန်းချက်ထားတဲ့ မဟာဗျူဟာများစွာကိုလည်း ချမှတ်ဖော်ဆောင်လျက် ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမှုဟာ ၂၀၀၅ ခုနှစ်က ၄၈ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ ထက်ဝက် ကျဆင်းခဲ့တဲ့အတွက် ကျနော်တို့ရဲ့ ကြိုးပမ်းမှုများ အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်နေပြီ ဆိုတာကို ပြောကြားလိုပါတယ်”လို့ ဝန်ကြီး ဦးကျော်တင့်ဆွေကပြောပါတယ်။ 

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လျင်မြန်တဲ့ စီးပွားရေးတိုးတက်မှု ရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်များမှာ နှစ်စဉ် စီးပွားရေးတိုးတက်နှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ကာ စီးပွားရေး လျင်မြန်စွာ တိုးတက်မှုအရှိဆုံး ဒေသတွင်းနိုင်ငံတွေထဲ တခုအပါအဝင် ဖြစ်လာခဲ့တယ်လို့လည်း ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပညာရေး၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။

ဓာတ်ပုံ-MOFA

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာႏိုင္ငံ၏ ဆင္းရဲမြဲေတမႈ ထက္ဝက္က်ဆင္းသြားဟု ကုလသမဂၢညီလာခံတြင္ ေျပာၾကား

ျမန္မာႏိုင္ငံရဲ႕ ဆင္းရဲမႈဟာ ၂၀၀၅ ခုႏွစ္က ၄၈ ဒသမ ၂ ရာခိုင္ႏႈန္းရွိခဲ့ရာမွ ၂၀၁၇ ခုႏွစ္မွာ ၂၄ ဒသမ ၈ ရာခိုင္ႏႈန္းသို႔ ထက္ဝက္ က်ဆင္းသြားခဲ့တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ေျပာၾကားလိုက္ပါတယ္။

စက္တင္ဘာ ၂၈ ရက္က နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ အေထြေထြမူဝါဒေရးရာ ေဆြးေႏြးပြဲမွာ  ျမန္မာကိုယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက မိန႔္ခြန္းေျပာၾကားခဲ့တာပါ။

“ျမန္မာႏိုင္ငံအေနနဲ႔ ဆင္းရဲမႈကို ေျဖရွင္းဖို႔ အခိုင္အမာ ဆုံးျဖတ္ထားတဲ့အားေလ်ာ္စြာ တဖက္မွာ စီးပြားေရးနဲ႔ လူမႈေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္ေနသလို အျခားတဖက္မွာလည္း ပတ္ဝန္းက်င္ ထိန္းသိမ္းေရးနဲ႔ ေရရွည္တည္တံ့ေရးတို႔ကို အေလးဂ႐ုျပဳၿပီး ခ်ိန္ညႇိေဆာင္႐ြက္ေနပါတယ္။ စီးပြားေရးတိုးတက္မႈ ရရွိေစဖို႔သာမက ယင္းထက္ ပိုေမွ်ာ္မွန္းခ်က္ထားတဲ့ မဟာဗ်ဴဟာမ်ားစြာကိုလည္း ခ်မွတ္ေဖာ္ေဆာင္လ်က္ ရွိပါတယ္။ ဒါ့ေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ဆင္းရဲမႈဟာ ၂၀၀၅ ခုႏွစ္က ၄၈ ဒသမ ၂ ရာခိုင္ႏႈန္း ရွိခဲ့ရာမွ ၂၀၁၇ ခုႏွစ္မွာ ၂၄ ဒသမ ၈ ရာခိုင္ႏႈန္းသို႔ ထက္ဝက္ က်ဆင္းခဲ့တဲ့အတြက္ က်ေနာ္တို႔ရဲ႕ ႀကိဳးပမ္းမႈမ်ား အက်ိဳးရလဒ္ေကာင္းေတြ ထြက္ေပၚေနၿပီ ဆိုတာကို ေျပာၾကားလိုပါတယ္”လို႔ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြကေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာ လ်င္ျမန္တဲ့ စီးပြားေရးတိုးတက္မႈ ရွိခဲ့ၿပီး ၂၀၁၈-၂၀၁၉ ခုႏွစ္မ်ားမွာ ႏွစ္စဥ္ စီးပြားေရးတိုးတက္ႏႈန္း ၆ ဒသမ ၅ ရာခိုင္ႏႈန္း ရွိခဲ့ကာ စီးပြားေရး လ်င္ျမန္စြာ တိုးတက္မႈအရွိဆုံး ေဒသတြင္းႏိုင္ငံေတြထဲ တခုအပါအဝင္ ျဖစ္လာခဲ့တယ္လို႔လည္း ေျပာသြားပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕ ပညာေရး၊ ရာသီဥတုေျပာင္းလဲမႈ တိုက္ဖ်က္ေရး၊ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ရခိုင္ျပည္နယ္ အေရးကိစၥေတြနဲ႔ ပတ္သက္ၿပီးလည္း ျပည္ေထာင္စုဝန္ႀကီးက မိန႔္ခြန္းမွာ ထည့္သြင္းေျပာသြားပါတယ္။

ဓာတ္ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013