DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း မွေးမြူရေးလုပ်ကိုင်သူများ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေထုတ်နိုင်
DVB
·
September 29, 2019
စစ်ကိုင်းတိုင်းအတွင်း မွေးမြူရေးလုပ်ကိုင်သူများ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေထုတ်နိုင်
Donate to DVB

စစ်ကိုင်းတိုင်းအတွင်းက မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအမျိုးအစား၊ ပမာဏ၊ အာမခံနိုင်မှုအပေါ်မူတည်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ချေးငွေထုတ်ချေးနိုင်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ကြက်၊ ငုံး၊ ဝက်၊ ဘဲ၊ နွား၊ သိုး၊ ဆိတ်၊ ငါး စတဲ့သတ္တဝါတွေကို စီးပွားဖြစ်မွေးမြူသူ အများကြီးရှိနေပါတယ်။ 

ဒါပေမဲ့ ငွေကြေးအရင်းအနှီး နည်းပါးတဲ့အတွက် ကြုံသလို၊ အဆင်ပြေသလို မွေးမြူနေကြရတဲ့အပြင် မွေးမြူရေးအတွက် လိုအပ်တဲ့အစာနဲ့ ဆေးဝါးတွေကိုလည်း ငွေတိုးပေးလုပ်ကိုင်နေကြရတာကြောင့် အစိုးရအနေနဲ့ မြေနေရာ သတ်မှတ်တာ၊ ချေးငွေ ထုတ်ချေးတာတွေ ကူညီပေးဖို့ကို ကိုယ်စားလှယ်တဦးက စက်တင်ဘာ ၂၇ ရက်က ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

“ကျနော်တို့မြို့နယ်မှာ ကြက်မွေးတာကို တွင်တွင်ကျယ်ကျယ် မွေးလာတယ်။ မွေးစရိတ်ကို တခြားငွေရှိသူတွေဆီကနေ ၅ ကျပ်တိုးယူပြီး မွေးကြရတယ်။ နောက်ပြီး မွေးတာကလည်း တချို့က သီးသန့်နေရာမရှိဘူး။ လူနေရပ်ကွက်မှာ မွေးကြတာ။ အဲဒီတော့ နောက်ဆက်တွဲ တိုင်တာတောတာတွေ ဖြစ်လာတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြေနေရာ သတ်မှတ်ပေးဖို့ရယ် နောက်တချက်က မွေးမြူရေးစရိတ် ထုတ်ချေးပေးဖို့ရယ်ကို မေးမြန်းရတာ ဖြစ်ပါတယ်” လို့ ဘုတလင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ကျော်က ပြောပါတယ်။

မွေးမြူရေးလုပ်ငန်းတွေအတွက် တချို့မြို့နယ်တွေမှာ ဇုန်တွေ သတ်မှတ်ပေးတာရှိပြီး တချို့မြို့နယ်တွေမှာတော့ ၂၀၁၂ လယ်ယာမြေဥပဒေနဲ့အညီ လျှောက်ထားရမှာဖြစ်ပါတယ်။

မွေးမြူရေးချေးငွေကိုတော့ မွေးမြူတဲ့အခြေအနေပေါ်မူတည်ကာ MEB (two step loan) ခေါင်းစဉ်အောက်ကနေ စိုက်ပျိုးစရိတ်ချေးသလို သက်ဆိုင်ရာ ထောက်ခံချက်တွေနဲ့ ချေးယူနိုင်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လယ်/ဆည်ဝန်ကြီး ဦးကမ်ဇာမုံက ပြောဆိုခဲ့ပါတယ်။ 

မွေးမြူရေးလုပ်ငန်းကို အများသောအားဖြင့် ကျေးရွာတွေမှာ လုပ်ကိုင်ကြတာပါ။ လူနေအိမ်တွေနဲ့ နီးစပ်ရာနေရာတွေမှာ မွေးမြူတဲ့အတွက်လည်း အနံ့အသက်ဆိုးနဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် မွေးမြူသူနှင့်ပတ်ဝန်းကျင်ကြားမှာ ပြဿနာဖြစ်တာတွေလည်း ရှိနေပါတယ်။ 

တိုင်းအစိုးရရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ငါးမွေးသူ ၁၉၂၈ ဦး၊ ကျွဲကောင်ရေ ၅ သိန်းကျော်၊ နွား၂၈ သိန်းကျော်၊ သိုး/ဆိတ် ၈ သိန်းကျော်၊ ဝက် ၁၇ သိန်းကျော်၊ ကြက် ၂၇၉ သိန်းကျော်၊ ဘဲ ၅ သိန်းကျော်၊ ငုံး ၁၀ သိန်းကျော် မွေးမြူနေကြတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

စစ္ကိုင္းတိုင္းအတြင္း ေမြးျမဴေရးလုပ္ကိုင္သူမ်ား လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္တြင္ ေခ်းေငြထုတ္ႏိုင္

စစ္ကိုင္းတိုင္းအတြင္းက ေမြးျမဴေရး လုပ္ငန္းလုပ္ကိုင္ၾကတဲ့ ေတာင္သူေတြ၊ လုပ္ငန္းရွင္ေတြအေနနဲ႔ လုပ္ငန္းအမ်ိဳးအစား၊ ပမာဏ၊ အာမခံႏိုင္မႈအေပၚမူတည္ကာ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွာ ေခ်းေငြထုတ္ေခ်းႏိုင္တယ္လို႔ သိရပါတယ္။

စစ္ကိုင္းတိုင္းအတြင္းမွာ ၾကက္၊ ငုံး၊ ဝက္၊ ဘဲ၊ ႏြား၊ သိုး၊ ဆိတ္၊ ငါး စတဲ့သတၱဝါေတြကို စီးပြားျဖစ္ေမြးျမဴသူ အမ်ားႀကီးရွိေနပါတယ္။

ဒါေပမဲ့ ေငြေၾကးအရင္းအႏွီး နည္းပါးတဲ့အတြက္ ႀကဳံသလို၊ အဆင္ေျပသလို ေမြးျမဴေနၾကရတဲ့အျပင္ ေမြးျမဴေရးအတြက္ လိုအပ္တဲ့အစာနဲ႔ ေဆးဝါးေတြကိုလည္း ေငြတိုးေပးလုပ္ကိုင္ေနၾကရတာေၾကာင့္ အစိုးရအေနနဲ႔ ေျမေနရာ သတ္မွတ္တာ၊ ေခ်းေငြ ထုတ္ေခ်းတာေတြ ကူညီေပးဖို႔ကို ကိုယ္စားလွယ္တဦးက စက္တင္ဘာ ၂၇ ရက္က က်င္းပတဲ့ စစ္ကိုင္းတိုင္းလႊတ္ေတာ္မွာ ေမးျမန္းခဲ့တာပါ။

“က်ေနာ္တို႔ၿမိဳ႕နယ္မွာ ၾကက္ေမြးတာကို တြင္တြင္က်ယ္က်ယ္ ေမြးလာတယ္။ ေမြးစရိတ္ကို တျခားေငြရွိသူေတြဆီကေန ၅ က်ပ္တိုးယူၿပီး ေမြးၾကရတယ္။ ေနာက္ၿပီး ေမြးတာကလည္း တခ်ိဳ႕က သီးသန႔္ေနရာမရွိဘူး။ လူေနရပ္ကြက္မွာ ေမြးၾကတာ။ အဲဒီေတာ့ ေနာက္ဆက္တြဲ တိုင္တာေတာတာေတြ ျဖစ္လာတယ္။ ဒါေၾကာင့္ အစိုးရအေနနဲ႔ ေျမေနရာ သတ္မွတ္ေပးဖို႔ရယ္ ေနာက္တခ်က္က ေမြးျမဴေရးစရိတ္ ထုတ္ေခ်းေပးဖို႔ရယ္ကို ေမးျမန္းရတာ ျဖစ္ပါတယ္” လို႔ ဘုတလင္ၿမိဳ႕နယ္ တိုင္းေဒသႀကီးကိုယ္စားလွယ္ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

ေမြးျမဴေရးလုပ္ငန္းေတြအတြက္ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ဇုန္ေတြ သတ္မွတ္ေပးတာရွိၿပီး တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာေတာ့ ၂၀၁၂ လယ္ယာေျမဥပေဒနဲ႔အညီ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ေမြးျမဴေရးေခ်းေငြကိုေတာ့ ေမြးျမဴတဲ့အေျခအေနေပၚမူတည္ကာ MEB (two step loan) ေခါင္းစဥ္ေအာက္ကေန စိုက္ပ်ိဳးစရိတ္ေခ်းသလို သက္ဆိုင္ရာ ေထာက္ခံခ်က္ေတြနဲ႔ ေခ်းယူႏိုင္တယ္လို႔ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ဝင္ လယ္/ဆည္ဝန္ႀကီး ဦးကမ္ဇာမုံက ေျပာဆိုခဲ့ပါတယ္။

ေမြးျမဴေရးလုပ္ငန္းကို အမ်ားေသာအားျဖင့္ ေက်း႐ြာေတြမွာ လုပ္ကိုင္ၾကတာပါ။ လူေနအိမ္ေတြနဲ႔ နီးစပ္ရာေနရာေတြမွာ ေမြးျမဴတဲ့အတြက္လည္း အနံ႔အသက္ဆိုးနဲ႔ စြန႔္ပစ္ပစၥည္းေတြေၾကာင့္ ေမြးျမဴသူႏွင့္ပတ္ဝန္းက်င္ၾကားမွာ ျပႆနာျဖစ္တာေတြလည္း ရွိေနပါတယ္။

တိုင္းအစိုးရရဲ႕ စာရင္းေတြအရ စစ္ကိုင္းတိုင္းမွာ ငါးေမြးသူ ၁၉၂၈ ဦး၊ ကြၽဲေကာင္ေရ ၅ သိန္းေက်ာ္၊ ႏြား၂၈ သိန္းေက်ာ္၊ သိုး/ဆိတ္ ၈ သိန္းေက်ာ္၊ ဝက္ ၁၇ သိန္းေက်ာ္၊ ၾကက္ ၂၇၉ သိန္းေက်ာ္၊ ဘဲ ၅ သိန္းေက်ာ္၊ ငုံး ၁၀ သိန္းေက်ာ္ ေမြးျမဴေနၾကတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013