DVB Logo
Home
သတင်းတို
ရခိုင်ပဋိပက္ခ အစီရင်ခံစာ အပြီးတင်ရန် ရခိုင်ကို ထပ်သွားမည်
DVB
·
January 1, 2013
ရခိုင်ပဋိပက္ခ အစီရင်ခံစာ အပြီးတင်ရန် ရခိုင်ကို ထပ်သွားမည်
Donate to DVB

၂၀၁၃ မတ်လကုန်မှာ ရခိုင်ပဋိပက္ခ အစီရင်ခံစာ အပြီး တင်ပြနိုင်ဖို့ လာမယ့် ဇန်န၀ါရီ ဒုတိယအပတ်မှာ မင်းပြားနဲ့ မြေပုံဘက်ကို သွားဖို့ရှိတယ်လို့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

အဲဒီ မြို့တွေရောက်ရင် ဒုတိယအကြိမ် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အချက်အလက် ရှာဖွေတာ၊ ရခိုင်တိုင်းရင်းသား ဒေသခံတွေ၊ အစ္စလာမ်ဘာသာဝင် ဒေသခံတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှု စတာတွေကို မေးမြန်းစုံစမ်းမှာ ဖြစ်ပါတယ်။

သမ္မတက ဖွဲ့ထားပေးတဲ့ ဒီကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ စက်တင်ဘာလကုန်ကတည်းက အစီရင်ခံစာတင်ပြဖို့ ရှိပေမယ့် စုံစမ်းဖို့အချိန် မလုံလောက်တာကြောင့် ကနဦး အစီရင်ခံစာကိုပဲ တင်လိုက်နိုင်ကြောင်း သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013