DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ဂျပန်သတင်းထောက်၏ညီမ မြန်မာပြည် လာမည်
DVB
·
September 29, 2019
ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ဂျပန်သတင်းထောက်၏ညီမ မြန်မာပြည် လာမည်
Donate to DVB

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ရန်ကုန်မြို့၊ ဆူးလေအနီးမှာ တပ်မတော်သား တဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဂျပန်သတင်းထောက် ကန်ဂျီ နာဂအိရဲ့ ညီမ ဖြစ်သူဟာ မြန်မာနိုင်ငံလာရောက်မယ်လို့ ပြောပါတယ်။

ညီမဖြစ်သူ အိုဂဝ နိုရီစံဟာ နာဂါအိရဲ့ ၁၂ နှစ်မြောက် နှစ်လည်ကန်တော့ပွဲကို ဇာတိ အယ်ဟီမယ်ခရိုင် အိမဘရှီမြို့မှာ စက်တင်ဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး သတင်းဌာနတွေကို ပြောကြားခဲ့တာပါ။

အစ်ကိုဖြစ်သူ အမှုနဲ့ ကင်မရာ ပြန်ရရေးအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အဲဒီအချိန်က မြန်မာအစိုးရထံ တောက်လျှောက် ဆက်သွယ်ခဲ့သလို ၂၀၁၇ ခုနှစ်ကလည်း ရင်းနှီးတဲ့ မိတ်ဆွေကတဆင့် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့ထားပေမယ့် အခုအချိန်ထိ ပြန်လည်ဆက်သွယ်အကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို လာရောက်ပြီး အစ်ကိုဖြစ်သူ သေဆုံးခဲ့တဲ့ အခင်းဖြစ်ပွားရာ နေရာကို လာရောက်ကြည့်ရှုဖို့ ဆန္ဒပြင်းပြနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မိမိအနေနဲ့ အစ်ကိုဖြစ်သူ သေဆုံးချိန်မှာ နိုင်ငံတကာကို ပြသချင်တဲ့ ရိုက်ကူးထားတဲ့ ကင်မရာ၊ တိပ်ခွေနဲ့ သေဆုံးခဲ့မှု အဖြစ်အပျက်မှန်ကို ထုတ်ပြန်ပေးစေလို့တဲ့ ဆန္ဒသာ ရှိကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါသေးတယ်။

မစ္စတာနာဂအိဟာ ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီး တိုကျိုအခြေစိုက် APF သတင်းဌာနမှာ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ပါလက်စတိုင်း အပါအဝင် နိုင်ငံတကာကစစ်ပွဲ သတင်းတွေနဲ့ ဒုက္ခရောက်နေတဲ့ နိုင်ငံတကာက ကလေးသူငယ်တွေရဲ့ သတင်းတွေကို အဓိက သတင်းယူခဲ့တဲ့ ထင်ရှားတဲ့ ဂျပန်စစ်သတင်းထောက်တယောက် ဖြစ်ပါတယ်။

ပစ်သတ်ခံရမှုကို ဗွီဒီယိုမှတ်တမ်းတွေ ဓာတ်ပုံတွေ သက်သေခိုင်ခိုင်မာမာ ရှိနေပေမယ့် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ အဆိုပါ ပစ်ခတ်နှိမ်နင်းမှုတွေမှာ ပစ်မိန့်ပေးခဲ့သူနဲ့ ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ်ခဲ့သူတွေကို အခုထိတိုင်အောင် တရားဥပဒေအရ အရေးယူတာ မရှိသေးပေမယ့် မစ္စတာနာဂအိ နေထိုင်ရာ တိုကျို၊ နခနော့မြို့ ရဲစခန်းမှာ ဆက်လက် အမှုဖွင့်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပစ္ခတ္ခံရၿပီး ေသဆုံးခဲ့သည့္ ဂ်ပန္သတင္းေထာက္၏ညီမ ျမန္မာျပည္ လာမည္

၂၀၀၇ ေ႐ႊဝါေရာင္ေတာ္လွန္ေရးအတြင္း ရန္ကုန္ၿမိဳ႕၊ ဆူးေလအနီးမွာ တပ္မေတာ္သား တဦးရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားခဲ့တဲ့ ဂ်ပန္သတင္းေထာက္ ကန္ဂ်ီ နာဂအိရဲ႕ ညီမ ျဖစ္သူဟာ ျမန္မာႏိုင္ငံလာေရာက္မယ္လို႔ ေျပာပါတယ္။

ညီမျဖစ္သူ အိုဂဝ ႏိုရီစံဟာ နာဂါအိရဲ႕ ၁၂ ႏွစ္ေျမာက္ ႏွစ္လည္ကန္ေတာ့ပြဲကို ဇာတိ အယ္ဟီမယ္ခ႐ိုင္ အိမဘရွီၿမိဳ႕မွာ စက္တင္ဘာ ၂၇ ရက္ေန႔က ျပဳလုပ္ခဲ့ၿပီး သတင္းဌာနေတြကို ေျပာၾကားခဲ့တာပါ။

အစ္ကိုျဖစ္သူ အမႈနဲ႔ ကင္မရာ ျပန္ရေရးအတြက္ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကတဆင့္ အဲဒီအခ်ိန္က ျမန္မာအစိုးရထံ ေတာက္ေလွ်ာက္ ဆက္သြယ္ခဲ့သလို ၂၀၁၇ ခုႏွစ္ကလည္း ရင္းႏွီးတဲ့ မိတ္ေဆြကတဆင့္ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ စာေပးပို႔ထားေပမယ့္ အခုအခ်ိန္ထိ ျပန္လည္ဆက္သြယ္အေၾကာင္းျပန္တာ မရွိေသးဘူးလို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံကို လာေရာက္ၿပီး အစ္ကိုျဖစ္သူ ေသဆုံးခဲ့တဲ့ အခင္းျဖစ္ပြားရာ ေနရာကို လာေရာက္ၾကည့္ရႈဖို႔ ဆႏၵျပင္းျပေနေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

မိမိအေနနဲ႔ အစ္ကိုျဖစ္သူ ေသဆုံးခ်ိန္မွာ ႏိုင္ငံတကာကို ျပသခ်င္တဲ့ ႐ိုက္ကူးထားတဲ့ ကင္မရာ၊ တိပ္ေခြနဲ႔ ေသဆုံးခဲ့မႈ အျဖစ္အပ်က္မွန္ကို ထုတ္ျပန္ေပးေစလို႔တဲ့ ဆႏၵသာ ရွိေၾကာင္းလည္း ထပ္မံေျပာဆိုခဲ့ပါေသးတယ္။

မစၥတာနာဂအိဟာ ကြယ္လြန္ခ်ိန္မွာ အသက္ ၅၀ ရွိၿပီး တိုက်ိဳအေျခစိုက္ APF သတင္းဌာနမွာ အာဖဂန္နစၥတန္၊ အီရတ္နဲ႔ ပါလက္စတိုင္း အပါအဝင္ ႏိုင္ငံတကာကစစ္ပြဲ သတင္းေတြနဲ႔ ဒုကၡေရာက္ေနတဲ့ ႏိုင္ငံတကာက ကေလးသူငယ္ေတြရဲ႕ သတင္းေတြကို အဓိက သတင္းယူခဲ့တဲ့ ထင္ရွားတဲ့ ဂ်ပန္စစ္သတင္းေထာက္တေယာက္ ျဖစ္ပါတယ္။

ပစ္သတ္ခံရမႈကို ဗြီဒီယိုမွတ္တမ္းေတြ ဓာတ္ပုံေတြ သက္ေသခိုင္ခိုင္မာမာ ရွိေနေပမယ့္ ေသဆုံးခဲ့ရမႈနဲ႔ ပတ္သက္လို႔ အဆိုပါ ပစ္ခတ္ႏွိမ္နင္းမႈေတြမွာ ပစ္မိန႔္ေပးခဲ့သူနဲ႔ ကိုယ္တိုင္ကိုယ္က် ပစ္ခတ္ခဲ့သူေတြကို အခုထိတိုင္ေအာင္ တရားဥပေဒအရ အေရးယူတာ မရွိေသးေပမယ့္ မစၥတာနာဂအိ ေနထိုင္ရာ တိုက်ိဳ၊ နခေနာ့ၿမိဳ႕ ရဲစခန္းမွာ ဆက္လက္ အမႈဖြင့္ထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013