DVB Logo
Home
သတင်းတို
လွတ်လပ်ရေးယူစဉ်ကလို ညီညွတ်မှုမျိုးနှင့်စိန်ခေါ်မှုများကို လက်တွဲကျော်လွှားရန် သမ္မတပြော
DVB
·
January 1, 2013
လွတ်လပ်ရေးယူစဉ်ကလို ညီညွတ်မှုမျိုးနှင့်စိန်ခေါ်မှုများကို လက်တွဲကျော်လွှားရန် သမ္မတပြော
Donate to DVB

တိုင်းပြည်လွတ်လပ်ရေးရယူစဉ်ကလို ညီညွတ်မှုမျိုးနဲ့ စိန်ခေါ်မှုတွေကို လက်တွဲ ကျော်လွှားသွားကြဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ မြန်မာပြည်သူ တရပ်လုံးကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့ မနက်မှာ  သမ္မတ ဦးသိန်းစိန်က  ရေဒီယိုအစီအစဉ်တွေကနေ တဆင့် ပြည်သူကို ပထမဆုံး တိုက်ရိုက် ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားတာပါ။

သမ္မတ ဦးသိန်းစိန်က ကျနော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူခဲ့စဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှုအင်အားအတိုင်း နိုင်ငံသားတဦးချင်း၊ တယောက်ချင်းစီက လက်တွဲလုပ်ဆောင်နိုင်မယ်ဆိုရင် အခုကြုံတွေ့နေရတဲ့ အပြောင်းအလဲနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အတူလက်တွဲဆောက်ရွက်ကြဖို့ တိုက်တွန်းသွားတာပါ။

ဒါ့အပြင် အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက်ဆက်ဆံရေး လမ်းကြောင်းသစ်စတဲ့အနေနဲ့ ရေဒီယိုမိန့်ခွန်းတွေ စတင်ပြောကြားဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သမ္မတက ပြောကြားသွား ပါတယ်။

သမ္မတ နှစ်သစ်ကူးမိန့်ခွန်း အပြည့်အစုံ ဖတ်ရှုရန်

http://www.president-office.gov.mm/briefing-room/news/2012/12/31/id-2267

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013