DVB Logo
Home
မြန်မာသတင်း
ကာလုံအစည်းအဝေး စစ်ဖြစ်မှ လုပ်ရမည့်ကိစ္စမျိုးမဟုတ်ဟု တပ်မတော်ပြော
DVB
·
September 29, 2019
ကာလုံအစည်းအဝေး စစ်ဖြစ်မှ လုပ်ရမည့်ကိစ္စမျိုးမဟုတ်ဟု တပ်မတော်ပြော
Donate to DVB

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပတာဟာ စစ်ဖြစ်တော့မှ လုပ်ရမယ့် ကိစ္စမျိုးမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

"ကျနော်တို့ အခြေခံဥပဒေမှာ ဖော်ပြထားပြီးသား၊ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ၊ သူတို့က ဒီ ကာလုံခေါ်တဲ့ ဒီအဖွဲ့အစည်းက စစ်ဖြစ်တော့မှ လုပ်မှာလား၊ အကြောင်းအရာတခုခု ဖြစ်ပေါ်မှ လုပ်မှာလား၊ မဟုတ်ဘူးဗျ၊ အမြဲတမ်း သုံးသပ်နေရမယ်။" 

ကောင်စီအနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာပါက အထက်ကနေ အောက်ကို ညွန်ကြားတဲ့စနစ်နဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်၊

လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကိစ္စရပ်တွေမှာ တဖွဲ့ကောင်း၊ တဦးကောင်း လုပ်ဆောင်လို့မရဘဲ တနိုင်ငံလုံးရဲ့ အကျိုးစီးပွားရှေးရှုပြီး ညှိနှိုင်းလုပ်ဆောင်သွားရမယ်လို့ ပြောပါတယ်။

အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ သမ္မတ၊ ဒုသမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ နိုင်ငံခြားရေးဝန်ကြီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယကာကွယ်ရေး ဦးစီးချုပ် စတဲ့သူတွေ ပါဝင်ပါတယ်။

လက်ရှိ အခြေခံဥပဒေအရ ကာလုံအစည်းအဝေး ခေါ်၊ မခေါ်ကို သမ္မတကပဲ ဆုံးဖြတ်နိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အာဏာရယူခဲ့ပြီးတဲ့ နောက်ပိုင်း ကာလုံအစည်းအဝေး ခေါ်ယူခဲ့တာ မရှိသေးပါဘူး။

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကာလုံအစည္းအေဝး စစ္ျဖစ္မွ လုပ္ရမည့္ကိစၥမ်ိဳးမဟုတ္ဟု တပ္မေတာ္ေျပာ

အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ အစည္းအေဝး ေခၚယူက်င္းပတာဟာ စစ္ျဖစ္ေတာ့မွ လုပ္ရမယ့္ ကိစၥမ်ိဳးမဟုတ္ဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေျပာၾကားလိုက္ပါတယ္။

စက္တင္ဘာ ၂၈ ရက္ေန႔က ေနျပည္ေတာ္ရွိ တပ္မေတာ္ စစ္သမိုင္းျပတိုက္မွာ ျပဳလုပ္တဲ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ လစဥ္ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက အခုလို ထုတ္ေဖာ္ေျပာဆိုလိုက္တာပါ။

"က်ေနာ္တို႔ အေျခခံဥပေဒမွာ ေဖာ္ျပထားၿပီးသား၊ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ကာကြယ္ေရးေကာင္စီ၊ သူတို႔က ဒီ ကာလုံေခၚတဲ့ ဒီအဖြဲ႕အစည္းက စစ္ျဖစ္ေတာ့မွ လုပ္မွာလား၊ အေၾကာင္းအရာတခုခု ျဖစ္ေပၚမွ လုပ္မွာလား၊ မဟုတ္ဘူးဗ် အၿမဲတမ္း သုံးသပ္ေနရမယ္။"

ေကာင္စီအေနနဲ႔ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ သက္ဆိုင္တဲ့ ကိစၥရပ္ေတြ ေပၚေပါက္လာပါက အထက္ကေန ေအာက္ကို ၫြန္ၾကားတဲ့စနစ္နဲ႔ ေဆာင္႐ြက္ဖို႔ လိုအပ္တယ္လို႔လည္း ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ေျပာပါတယ္၊

လုံၿခဳံေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေျပာင္းလဲေရးကိစၥရပ္ေတြမွာ တဖြဲ႕ေကာင္း၊ တဦးေကာင္း လုပ္ေဆာင္လို႔မရဘဲ တႏိုင္ငံလုံးရဲ႕ အက်ိဳးစီးပြားေရွးရႈၿပီး ညႇိႏႈိင္းလုပ္ေဆာင္သြားရမယ္လို႔ ေျပာပါတယ္။

အဖြဲ႕ဝင္ ၁၁ ဦးပါဝင္တဲ့ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီမွာ သမၼတ၊ ဒုသမၼတ ႏွစ္ဦး၊ လႊတ္ေတာ္ ဥကၠ႒ေတြ၊ ႏိုင္ငံျခားေရးဝန္ႀကီး၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ဒုတိယကာကြယ္ေရး ဦးစီးခ်ဳပ္ စတဲ့သူေတြ ပါဝင္ပါတယ္။

လက္ရွိ အေျခခံဥပေဒအရ ကာလုံအစည္းအေဝး ေခၚ၊ မေခၚကို သမၼတကပဲ ဆုံးျဖတ္ႏိုင္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (အန္အယ္လ္ဒီ) အာဏာရယူခဲ့ၿပီးတဲ့ ေနာက္ပိုင္း ကာလုံအစည္းအေဝး ေခၚယူခဲ့တာ မရွိေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013