DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှ လူသတ်တရားခံပြေးအား ပဲခူးရဲ ပစ်ခတ်ဖမ်းဆီး
DVB
·
September 28, 2019
ရန်ကုန်မှ လူသတ်တရားခံပြေးအား ပဲခူးရဲ ပစ်ခတ်ဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့မရဲစခန်း၊ သောင်ကြီးနယ်မြေရဲစခန်းတို့မှာ လူသတ်မှုနဲ့ အမှုဖွင့်ခံထားရပြီး တရားခံပြေးဖြစ်နေသူကို ဒီနေ့ နေ့လယ်ပိုင်းက ပဲခူးရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်နေ အသက် ၄၀ အရွယ် တရားခံပြေး အေးမြင့်(ခ) သားချို(ခ) ပိုးဟပ်ဖြူ ရောက်နေတယ်ဆိုတဲ့ သတင်းအရ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ပဲခူးမြို့ အမှတ် ၃ နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ သတင်းရတဲ့ ဆံသဆိုင်ကို သွားခဲ့ပါတယ်။

အဲဒီမှာ သားချို(ခ)ပိုးဟပ်ဖြူကို တွေ့ရပြီး အသာတကြည်အဖမ်းခံဖို့ ပြောဆိုနေတုန်း သားချိုက ဆံသဆိုင်ထဲမှာ ကတ်ကြေးထည့်တဲ့ခြင်းကို လှမ်းဆွဲပြီး ပြန်လည်ခုခံဖို့ ကြံရွယ်တာကြောင့် ရဲတပ်ဖွဲ့ဝင်တယောက်က အသင့်ကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ တချက် ပစ်ခတ်ခဲ့တယ်လို့ ပဲခူးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တရားခံပြေး သားချို(ခ)ပိုးဟပ်ဖြူက ကပ်ကြေးထည့်ထားတာတဲ့ခြင်းကို ထပ်ပြီးတော့ ပြေးဆွဲတာကြောင့် နောက်တကြိမ်ပစ်တာမှာတော့ ဘယ်ဘက်တင်ပါးဆုံကို ထိမှန်ပြီး အဲဒီနေရာမှာပဲ လဲကျလို့ ဖမ်းဆီးမိခဲ့ပါတယ်။

သေနတ် ၂ ချက် ထိမှန်ခဲ့တာကြောင့် သားချို(ခ) ပိုးဟပ်ဖြူမှာ ဘယ်ဘက်ခြေသလုံး ဖောက်ထွက်ဒဏ်ရာ၊ ဘယ်ဘက်တင်ပါးဆုံဖောက်ဝင်ဒဏ်ရာတွေရပြီး မစိုးရိမ်ရတဲ့ အတွင်းလူနာအဖြစ်  ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့အပ်ထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီဆံသဆိုင်ထဲက သားချို (ခ) ပိုးဟပ်ဖြူရဲ့ လွယ်အိတ်ထဲကနေ အရိုး/အသွား ၈ လက်မလောက် ဓားဦးချွန်ခေါက်ဓားတချောင်း သိမ်းဆည်းရမိပြီး သူ့ကို လှိုင်သာယာမြို့မရဲစခန်းကို လွှဲပြောင်းနိုင်ရေး စီစဉ်နေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရန္ကုန္မွ လူသတ္တရားခံေျပးအား ပဲခူးရဲ ပစ္ခတ္ဖမ္းဆီး

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕မရဲစခန္း၊ ေသာင္ႀကီးနယ္ေျမရဲစခန္းတို႔မွာ လူသတ္မႈနဲ႔ အမႈဖြင့္ခံထားရၿပီး တရားခံေျပးျဖစ္ေနသူကို ဒီေန႔ ေန႔လယ္ပိုင္းက ပဲခူးရဲတပ္ဖြဲ႕ဝင္ေတြက ပစ္ခတ္ဖမ္းဆီးခဲ့ပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ေန အသက္ ၄၀ အ႐ြယ္ တရားခံေျပး ေအးျမင့္(ခ) သားခ်ိဳ(ခ) ပိုးဟပ္ျဖဴ ေရာက္ေနတယ္ဆိုတဲ့ သတင္းအရ ဒီေန႔ ေန႔လယ္ ၁၂ နာရီေလာက္မွာ ပဲခူးၿမိဳ႕ အမွတ္ ၃ နယ္ေျမရဲစခန္းက တပ္ဖြဲ႕ဝင္ေတြဟာ သတင္းရတဲ့ ဆံသဆိုင္ကို သြားခဲ့ပါတယ္။

အဲဒီမွာ သားခ်ိဳ(ခ)ပိုးဟပ္ျဖဴကို ေတြ႕ရၿပီး အသာတၾကည္အဖမ္းခံဖို႔ ေျပာဆိုေနတုန္း သားခ်ိဳက ဆံသဆိုင္ထဲမွာ ကတ္ေၾကးထည့္တဲ့ျခင္းကို လွမ္းဆြဲၿပီး ျပန္လည္ခုခံဖို႔ ႀကံ႐ြယ္တာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တေယာက္က အသင့္ကိုင္ေဆာင္ထားတဲ့ ေသနတ္နဲ႔ တခ်က္ ပစ္ခတ္ခဲ့တယ္လို႔ ပဲခူးတိုင္းရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

တရားခံေျပး သားခ်ိဳ(ခ)ပိုးဟပ္ျဖဴက ကပ္ေၾကးထည့္ထားတာတဲ့ျခင္းကို ထပ္ၿပီးေတာ့ ေျပးဆြဲတာေၾကာင့္ ေနာက္တႀကိမ္ပစ္တာမွာေတာ့ ဘယ္ဘက္တင္ပါးဆုံကို ထိမွန္ၿပီး အဲဒီေနရာမွာပဲ လဲက်လို႔ ဖမ္းဆီးမိခဲ့ပါတယ္။

ေသနတ္ ၂ ခ်က္ ထိမွန္ခဲ့တာေၾကာင့္ သားခ်ိဳ(ခ) ပိုးဟပ္ျဖဴမွာ ဘယ္ဘက္ေျခသလုံး ေဖာက္ထြက္ဒဏ္ရာ၊ ဘယ္ဘက္တင္ပါးဆုံေဖာက္ဝင္ဒဏ္ရာေတြရၿပီး မစိုးရိမ္ရတဲ့ အတြင္းလူနာအျဖစ္  ပဲခူးျပည္သူ႔ေဆး႐ုံႀကီးကို ပို႔အပ္ထားတယ္လို႔လည္း ဆိုပါတယ္။

အဲဒီဆံသဆိုင္ထဲက သားခ်ိဳ (ခ) ပိုးဟပ္ျဖဴရဲ႕ လြယ္အိတ္ထဲကေန အ႐ိုး/အသြား ၈ လက္မေလာက္ ဓားဦးခြၽန္ေခါက္ဓားတေခ်ာင္း သိမ္းဆည္းရမိၿပီး သူ႔ကို လႈိင္သာယာၿမိဳ႕မရဲစခန္းကို လႊဲေျပာင္းႏိုင္ေရး စီစဥ္ေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013